ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကျွန်းစုတွင် စစ်ရေးတင်းမာနေပြီး ဒေသခံများ စတင်စစ်ဘေးရှောင်

Dawei Watch

November 13, 2023

မြိတ်ခရိုင်၊ကျွန်းစုမြို့နယ်တွင် နှစ်ဖက်စစ်ရေးတင်းမာနေပြီး ကျေးရွာနှစ်ရွာမှ ဒေသခံများ မြိတ်မြို့ပေါ်သို့ တိမ်းရှောင်နေကြပြီဖြစ်ကြောင်း ဒေသခံများ ထံမှသိရသည်။ စစ်ကောင်စီစစ်ကြောင်းမှာ နိုဝင်ဘာလ ၁၁ ရက်နေ့ညက မြိတ်မြို့နယ်၊ မင်းသန်းကျေးရွာမှတစ်ဆင့် ကျွန်းစုမြို့နယ်၊ မင်းဂုတ်ကျေးရွာသို့ ဝင်ရောက်လာခြင်းဖြစ်ပြီး မင်းဂုတ်ကျေးရွာအပါအဝင် ပြင်ဝန်းကျေးရွာမှ ဒေသခံများ မြိတ်မြို့ပေါ်သို့ စစ်ဘေးရှောင် ထွက်ပြေးလာကြကြောင်း ဒေသခံများနှင့် မြိတ်မြို့ပေါ်နေထိုင်သူများ ထံမှသိရသည်။ “မြို့ပေါ်စစ်ရှောင်လာကြတာကတော့ ရွာလုံးကျွတ်နီးနီးပဲ။ရွာမှာ ပြေးနိုင်လွှားနိုင်သူအနည်းအကျဥ်းပဲ ကျန်ရစ်တယ်လို့ပြောတယ်”ဟု မြိတ်အမြန်ရေယာဥ်ဂိတ်တွင် တက္ကစီမောင်းသူ အမျိုးသားကပြောသည်။ နိုဝင်ဘာ ၁၂ ရက်နေ့က မင်းဂုတ်ရွာရောက်နေသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မှ ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ပြီး ပျူစောထီးတစ်ဦး သေဆုံးသွားကြောင်း သတင်းများ ကြားရသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်နှင့်နီးစပ်သည့် ဒေသခံအမျိုးသား ကပြောသည်။ “မနေ့က သူတို့(စစ်ကောင်စီတပ်)ထိတော့ လက်နက်ကြီးတွေနဲ့ ပြန်ပစ်တယ်။ ဒီနေ့ မနက် ၁၀ နာရီလောက်ကလည်း […]

ရခိုင်တွင် ရေလမ်း၊ ကုန်လမ်းအားလုံးကို စစ်ကောင်စီက သွားလာခွင့် ပိတ်ဆို့ထား

Dawei Watch

November 13, 2023

စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲစတင်ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်ရှိ မြို့နယ်များ၏ ကုန်းလမ်း၊ ရေလမ်း အားလုံးကို စစ်ကောင်စီက ပိတ်ဆို့ထားလိုက်ပြီဖြစ်ကြောင်း ခရီးသွားလာနေသူများကိုးကားကာ Western News သတင်းဌာနတွင် ဖော်ပြထားသည်။ လက်ရှိပိတ်ဆို့ထားသည့်အခြေနေမှာ မြို့အနှံ့ကုန်းလမ်းရေလမ်းအားလုံးအပြင် ရန်ကုန်၊ စစ်တွေအဝေးပြေးကား လမ်းတစ်လျှောက်သွားလာခွင့်များကို ခွင့်မပြုဘဲ အားလုံးနီးပါးကို စစ်ကောင်စီဘက်မှ ပိတ်ဆို့လိုက်ခြင်း ဖြစ်သည်။ မြို့နယ်အလိုက် ရေလမ်းကြောင်း အဓိကပြေးဆွဲလျှက်ရှိသည့် ရွှေပြည်တန်အမြန်ရေယာဉ်မှ စစ်တွေမှ ကျောက်ဖြူ၊ ရမ်းဗြဲ၊ ကျောက်နီမော်၊ တောင်ကုတ်၊ စစ်တွေ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ပေါက်တော၊ မင်းပြား၊ မြောက်ဦး စသည့်ခရီးစဉ်များကို ယာယီရပ်နားကြောင်း ယနေ့ နိုဝင်ဘာ ၁၃ ရက်နေ့ တွင် ထုတ်ပြန်လိုက်သည်။ ရေလမ်းကြောင်းအပြင် မြို့နယ်အနှံ့ဆက်သွယ်ထားသည့် ကုန်လမ်းကြောင်းများအားလုံးပါ စစ်ကောင်စီမှ ဂိတ်အလိုက်ပိတ်ဆို့မှုတို့ပြုလုပ်ထားသည့်အတွက် အကြောင်းအမျိုးမျိုးဖြင့် ခရီးသွားလာနေသူအများအပြား […]

ကျိုက်မရော ချောင်းနှစ်ခွတွင် တိုက်ပွဲပြင်းထန်နေ၍ ဒေသခံများ ပိတ်မိနေ

Dawei Watch

November 13, 2023

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာအနီးတဝိုက်တွင် တိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က လမ်းများပိတ်ထားသည့်အတွက် ဒေသခံများ ပိတ်မိနေသည်ဟု  အကူအညီပေးနေသူများထံမှ သိရသည်။ ချောင်းနှစ်ခွကျေးရွာ ရဲစခန်းနှင့် ချောင်းနှစ်ခွတံတားဂိတ်ကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်  (KNLA) နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့က နိုဝင်ဘာလ ၁၀ ရက်နေ့ မနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက် တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်။ တိုက်ပွဲသည် နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းထိ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း စစ်ကောင်စီဘက်က လေကြောင်းဖြင့် တိုက်ခိုက်နေသည့်အပြင် မုဒုံအခြေစိုက် အမြှောက်တပ်မှလည်း လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေသည်ဟုလည်း ဒေသခံတို့က ပြောသည်။ “တိုက်ပွဲက ဒီမနက် (နိုဝင်ဘာ ၁၃ ရက်) ထိ ဖြစ်နေတုန်းပဲ။ လေယာဉ်လည်း ဒီမနက်မှာ နှစ်ခေါက်ရှိနေပြီး။ မနေ့ကလည်း သုံးခေါက်လောက်ရှိတယ် ပျံနေတာ။ လက်နက်ကြီးနဲ့ ပစ်နေတာလဲရှိတယ်” ဟု မယ်တရိုဒေသခံတစ်ဦးက ပြောသည်။ လက်ရှိတွင် ချောင်းနှစ်ခွကျေးရွာနှင့် အနီးနားတဝိုက်ရှိ မယ်တရို၊ တောင်ကလေး၊ ကနာလို၊ ကြံတော အစရှိသည့် ကျေးရွာ ၁၀ ထက်မနည်းက ဒေသခံပြည်သူများ မိတ်မိနေသည်ဟု သိရသည်။ ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရန် ကြိုးပမ်နေကြသော်လည်း စစ်ကောင်စီတပ်ဘက်က လမ်းများပိတ်ထားပြီး ဖြတ်သန်းသွားလာခွင့်မပြုသည့်အတွက် ရွာမှထွက်မရဘဲဖြစ်နေကြောင်း ကျေးရွာတွင်ပင် ပုန်းရှောင်နေကြရကြောင်း အကူအညီပေးနေသူတစ်ဦးက ပြောသည်။ “တောင်ကလေး၊ မယ်တရို၊ ချောင်းနှစ်ခွ၊ ကြံတော အများကြီးပဲ ရွာ တစ်ဆယ်ကျော်တယ်။ ထွက်လာလို့မရဘူး။ ကိုယ့်နေရာမှာပဲ ပုန်းနေကြရတယ်။ ထွက်လာလို့ရတဲ့လူတချို့လည်းရှိတယ်။ တောထဲ ပြေးပုန်းနေတဲ့လူတွေလည်းရှိတယ်။ အခြားရွာကို ထွက်ဖို့က ရဲတွေက မပေးဖြတ်ဘူး။ လမ်းတွေ ပိတ်ထားတော့ ထွက်လို့မရဘူးဖြစ်နေတယ်။ လမ်းတွေ အကုန်ပိတ်ထားတယ်” ဟု ၎င်းက ပြောသည်။ ချောင်းနှစ်ခွရဲကင်းစခန်းနှင့် ချောင်းနှစ်ခွတံတားကို တော်လှန်ရေးတပ်ဖွဲ့တို့က သိမ်းပိုက်လိုက်ပြီဟု သတင်းထွက်နေသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။ တိုက်ပွဲနှင့် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် လူထိခိုက်ဒဏ်ရာရခြင်း၊ လူနေအိမ်ထိခိုက်ပျက်စီးခြင်းများလည်း ရှိနေကြောင်း သိရသော်လည်း အသေးစိတ်အခြေအနေကို မသိရသေးပေ။ နိုဝင်ဘာလ ၁၂ ရက် နေ့လယ်ပိုင်းခန့်ကလည်း ကျိုက်မရောမြို့နယ်၊ ပေါလောကုန်းကျေးရွာတွင် လက်နက်ကြီးကျည်ဆန် ကျရောက်ပေါက်ကွဲခြင်းကြောင့် အသက် ၇ နှစ်အရွယ်နှင့် အသက် ၈ နှစ်အရွယ် ကလေးနှစ်ဦး လက်နက်ကြီးကျည်ထိမှန် သေဆုံးသွားခဲ့သည်။ တိုက်ပွဲကြောင့် မုဒုံ-ချောင်းနှစ်ခွ-ကြာအင်းဆိပ်ကြီးလမ်း ဖြတ်သန်းသွားလာမရသလို မုဒုံ-ချောင်းနှစ်ခွ-တံခွန်တိုင်လမ်းပိုင်းလည်း အသုံးပြုသွားလာမရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ချောင်းနှစ်ခွကျေးရွာ ရဲစခန်းနှင့် ချောင်းနှစ်ခွတံတားဂိတ်ကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်  (KNLA) နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့က မကြာခဏဝင်ရောက်တိုက်ခိုက်လေ့ရှိကြောင်း ယခုတိုက်ခိုက်ဖြစ်စဉ်သည် ယခင်ကထက် ပိုမိုပြင်းထန်ကြောင်း ဒေသခံတို့က ပြောသည်။

လောင်းလုံး ပညစ်ကျေးရွာရှိ နေအိမ်များ စစ်ကောင်စီတပ် မီးရှို့

Dawei Watch

November 13, 2023

လောင်းလုံးမြို့အနီးက ပင်လယ်ကမ်းခြေရွာတစ်ရွာဖြစ်သော ပညစ်ကျေးရွာရှိ နေအိမ်များကို စစ်ကောင်စီတပ်က မီးရှို့နေကြောင်း ဒေသခံအချို့ကပြောသည်။ နိုဝင်ဘာလ ၁၂ ရက် ညပိုင်းအချိန်တွင် စစ်ကောင်စီတပ်က ရွာထဲဝင်လာပြီး နေအိမ်များကို မီးရှို့ခဲ့ခြင်းဖြစ်ပြီး ယနေ့ (နိုဝင်ဘာ ၁၃) မနက်ပိုင်းတွင်လည်း ထပ်မံမီးရှို့‌နေကြောင်း ဒေသခံအချို့ကပြောသည်။ “အိမ်တွေကို ရွေးရွေးပြီးလိုက်ရှို့နေတာ” ဟု တိမ်းရှောင်နေရသည့် ‌ပညစ်ဒေသခံတစ်ဦးကဆိုသည်။ နိုဝင်ဘာလ ၁၂ ရက်က နေအိမ်ငါးဆောင်၊ ယနေ့မနက်ပိုင်းတွင် နေအိမ်နှစ်ဆောင် မီးရှို့ခံထားရသည်ဟု ကြားရကြောင်း ဒေသခံတစ်ဦးကဆိုသည်။ သို့သော်စစ်ကောင်စီတပ်က ရွာထဲတွင်ရှိနေသဖြင့် နေအိမ်မည်မျှ မီးရှို့ခံထားရသည်ကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးပေ။ လောင်းလုံးမြို့ပေါ်မှ စစ်ကောင်စီတပ်ကလည်း ပညစ်ကျေးရွာဘက်သို့ အင်အားထပ်ဖြည့်ရန် လာနေသည်ဟု သတင်းကြားရ၍ ယနေ့မနက်ပိုင်းမှစတင်ကာ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း ဒေသခံများထံမှသိရသည်။ ပညစ်ကျေးရွာမှ နေအိမ်များမီးရှို့ခံရသည့်ဖြစ်စဉ် မတိုင်ခင် နိုဝင်ဘာလ ၉ […]

ရခိုင်တွင် တိုက်ပွဲစဖြစ်

Dawei Watch

November 13, 2023

ရခိုင်ပြည်နယ်တွင် ယနေ့ နိုဝင်ဘာလ ၁၃ ရက်တွင် တစ်ကျော့ပြန်တိုက်ပွဲ စတင်ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။ ရသေ့တောင်မြို့နယ် မေယုတောင်တန်းအနီး စစ်တွေ-မောင်တောသွားကားလမ်းပေါ်ရှိ ဒုံးပိုက်၊ ချိန်ခါလီ နယ်ခြားစောင့်စခန်းနှစ်ခုကို ယနေ့ နံနက် ၅နာရီခွဲဝန်းကျင်တွင် ရက္ခိုင့်တပ်တော် AA က ဝင်ရောက် တိုက်ခိုက် ကြောင်း ဒေသခံများနှင့် ဒေသသတင်းမီဒီယာများတွင် ဖော်ပြချက်အရ သိရသည်။ ယင်းသို့တိုက်ခိုက်ပြီးနောက် ရသေ့တောင်မြို့ပေါ်ရှိ စစ်ကောင်စီတပ်ရင်းတို့က လက်နက်ကြီးများဖြင့် နံနက် ၈နာရီခွဲကျော်အထိ ဆက်တိုက်ပစ်ခတ်နေကြောင်း ဒေသခံများထံမှ သိရသည်။ ဒေသတွင်း သတင်းမီဒီယာတစ်ခုဖြစ်သည့် Narinjara သတင်းတွင် ဒုံးပိုက်စခန်းကို AA က သိမ်းယူသွားပြီဟု ဒေသခံများကို ကိုးကားကာ ရေးသားထားသည်။ ရခိုင်ပြည်နယ်တွင် ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် အပစ်အခတ်ရပ်စဲခဲ့ပြီး တစ်နှစ်ကျော်အကြာတွင် တစ်ကျော့ပြန် […]

ကွမ်းလုံကို အပြည့်အဝသိမ်းပိုက်လိုက်ကြောင်း MNDAA ထုတ်ပြန်

Dawei Watch

November 12, 2023

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် စစ်ဗျူဟာအရ အလွန်အရေးပါသည့် ကွမ်းလုံမြို့ကို လုံးဝထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA က ယနေ့ ညပိုင်းတွင်ထုတ်ပြန်သည်။ ကွမ်းလုံကို နိုဝင်ဘာလ ၁ရက်နေ့တွင် MNDAA နှင့် မဟာမိတ်များက စတင်ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီး ယနေ့ နံနက်တွင် အပြည့်အဝ သိမ်းပိုက်နိုင်ခြင်းဖြစ်ကြောင်း MNDAA ထံမှ သိရသည်။ ယနေ့ သိမ်းယူရာတွင် သံချပ်ကာကားလေးစီး၊ ဟောင်ဝစ်ဇာအမြောက် တစ်လက်၊ ၁၂၂မမ အတွက်လိုက်ဒုံးများ၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ နိုဝင်ဘာလ ၁ ရက်နေ့တွင် ကွမ်းလုံမြို့ရှိ စစ်ကောင်စီတပ်စခန်းများနှင့် အုပ်ချုပ်ရေးဌာနများကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။ ယင်းနောက် ကွမ်းလုံတံတားကို ဦးစွာသိမ်းပိုက်ပြီး မြို့တွင်းရှိ စစ်ကောင်စီလက်အောက်ခံ ရဲစခန်း ၊ ယာဉ်ထိန်းရဲများ နှင့် […]

ကွမ်းသီးဈေး ထိုးကျပြီး တောင်သူများအခက်တွေ့

Dawei Watch

November 12, 2023

မြိတ်ဒေသထွက် ကွမ်းသီးခြောက်ဈေးနှုန်းသည် ယခင်နှစ်ထက် ထက်ဝက်ကျော် ကျဆင်းနေသဖြင့် တောင်သူများ အခက်တွေ့နေရကြောင်း ကွမ်းစိုက်တောင်သူအချို့က ပြောသည်။ ယခုနှစ် နိုဝင်ဘာလတွင် ထွက်ရှိသည့် ကွမ်းသီးအခြောက် (အသစ်)‌ ဈေးသည် တစ်ပိဿာလျှင် ၁၈၀၀ ကျပ်သာ ရရှိနေကြောင်း ကွမ်းစိုက်‌တောင်သူအချို့က ဆိုသည်။ ယခင်နှစ် နိုဝင်ဘာလတွင် ထွက်ရှိသည့် ကွမ်းသီးအခြောက် (အသစ်)‌ ဈေးသည် တစ်ပိဿာလျှင် ၄၀၀၀ ကျပ် အထိရရှိခဲ့ကြသဖြင့် ဈေးထိုးကျသွားကြောင်း ‌တောင်သူအချို့က ပြောဆိုသည်။ “အလုပ်သမားခတွေက မကျဘူး။ စရိတ်တွေက တစ်နှစ်ထက်တစ်နှစ် ပိုများလာတာ။ ကွမ်းသီးဈေးမရတော့ စားဖို့သောက်ဖို့လောက်ပဲ ကျန်တော့တာ” ဟု တနင်္သာရီမြို့ရှိ ကွမ်းသီး ဥယျာဉ်ခြံ ဆယ်ဧကပိုင်ဆိုင်သည့် တောင်သူတစ်ဦးက ပြောသည်။ ၎င်းသည် ယမန်နှစ်က ကွမ်းသီးရောင်းရငွေ ကျပ်သိန်းခုနစ်ဆယ်ခန့်ရရှိခဲ့ပြီး အလုပ်သမားခ အပါအဝင် […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

November 11, 2023

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ နိုဝင်ဘာလ ၅ ရက်နေ့မှ ၁၁ ရက်နေ့အထိ လောက်ကိုင်သို့ ဦးတည်လာတဲ့ ရှမ်းမြောက်စစ်ဆင်ရေး လောက်ကိုင်ဒေသကို ပြန်လည်သိမ်းယူဖို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ ဦးတည်ကြိုးပမ်းလာပါတယ်။ လောက်ကိုင်ဒေသ ပြန်လည်ရရှိရေးအတွက် စစ်ဆင်ရေးတွေကို အရှိန်အဟုန်မြှင့်လုပ်ဆောင်နေတယ်လို့ နိုဝင်ဘာလ ၇ရက်နေ့က မြောက်မိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ် MNDAA ၊ တအာင်းတပ် TNLA ၊ ရခိုင်တပ် AA တို့က ပူးတွဲ ကြေညာထားပါတယ်။ အဲဒီနောက် နှစ်ရက်အကြာ နိုဝင်ဘာလ ၉ ရက်နေ့မှာတော့ လောက်ကိုင်မြို့သိမ်းတိုက်ပွဲ၊ ကွမ်းလုံမြို့သိမ်းတိုက်ပွဲ အတွက် မဟာဗျူဟာမြောက် ဟန်ချက်ညီ ပူးတွဲစစ်ဆင်ရေး ဖော်ဆောင်နေတယ်လို့ ထုတ်ပြန်လာပါတယ်။ ၂၀၀၉ ခုနှစ်မှာ ဦးဖုန်ကြားရှင် ဦးဆောင်တဲ့ […]