ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မဲဆောက်ရန်ပွဲတွင် မြန်မာလူငယ်တစ်ဦး ပစ်သတ်ခံရ

Dawei Watch

November 11, 2023

ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင် မဲဆောက်မြို့တွင် ဆယ်ကျော်သက်အချင်းချင်းဖြစ်သော ရန်ပွဲအတွင်း မြန်မာဆယ်ကျော်သက်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။  ရန်ပွဲသည် မဲဆောက်မြို့ မယ်ပရွာသို့ သွားသော လမ်းရှိ ဘုန်းကြီးကျောင်းရှေ့တွင် မနေ့ ညက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။  သေဆုံးခဲ့သူသည် အသက် ၁၇ နှစ်အရွယ် ဟိန်းသူအောင် အမည်ရှိသော မြန်မာတစ်ဦးဖြစ်ပြီး ဦးခေါင်း သေနတ်ဒဏ်ရာဖြင့် သွေးထွက်လွန်ကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း‌ ဖော်ပြထားသည်။ သေနတ်ဒဏ်ရာဖြင့် လမ်းဘေးတွင် လဲနေသော ဟိန်းသူအောင်ကို မဲဆောက်ဆေးရုံကြီး၏ ကျန်းမာရေးဝန်ထမ်းများက ကယ်တင်ရန် ကြိုးစားခဲ့သော်လည်း ဒဏ်ရာပြင်းထန်မှုနှင့် သွေးထွက်လွန်မှုကြောင့် သေဆုံးသွားခဲ့ဟုဆိုသည်။  မဲဆောက်ရဲတပ်ဖွဲ့များက အခင်းဖြစ်ပွားရာနေရာတွင် ရှာဖွေရာ ကျည်ဆန်အခွံကို မတွေ့ရသော်လည်း အသက် ၁၆ နှစ်အရွယ် မျက်မြင်သက်သေဖြစ်သော မြန်မာဆယ်ကျော်သက်အမျိုးသမီး ၃ ဦးကို ခေါ်ယူမေးမြန်းစစ်ဆေးခဲ့ကြောင်း […]

၁၀၂၇ စစ်ဆင်​ရေး ကြိုဆို​ကြောင်း လှုပ်ရှားမှု ​လောင်းလုံးတွင်ပြုလုပ်

Dawei Watch

November 11, 2023

၁၀၂၇ စစ်ဆင်​ရေး ကြိုဆို​သည့် အ​နေဖြင့် လူထုသပိတ်လှုပ်ရှားမှုကို ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ယ​နေ့ ၁၁ လပိုင်း ၁၁ ရက်နေ့ နေ့လယ်တွင် ပြုလုပ်ခဲ့သည်။ ဒေသခံပြည်သူများ ပူးပေါင်းပါဝင်သည့် ယင်းလှုပ်ရှားမှုကို ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)က ဦးဆောင်ပြုလုပ်ခဲ့ ခြင်းဖြစ်သည်။

NUG ၏ တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးမှူးဟောင်း ဗိုလ်မှူးဘီဝင်း ကွယ်လွန်

Dawei Watch

November 11, 2023

 အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၏ တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးမှူးတာဝန်ယူခဲ့သည့် ဗိုလ်မှူးဘီဝင်းသည် ထိုင်းနိုင်ငံ၊ လှဘူရီခရိုင်၊ စွန်ဖူး၊ ထီးဝါးကာရှိနေအိမ်တွင် ဆေးကုသမှုခံယူရင်း အသဲကင်ဆာဖြင့် နိုဝင်ဘာလ ၅ ရက်တွင် ကွယ်လွန်ခဲ့သည်ဟု ၎င်းနှင့် နီးစပ်သူများထံမှ သိရသည်။ အသက် ၅၃ နှစ်တွင် ကွယ်လွန်သွားသည့် ဗိုလ်မှူးဘီဝင်းမှာ ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ ၄ ၏ KNLA တပ်ရင်းမှ စစ်ကြောင်းမှူးဖြစ်ပြီး KNU ဗဟိုနှင့် KNU တပ်မဟာ ၄ ၏ မူဝါဒနှင့် လမ်းညွှန်ချက်အတိုင်း ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် NUG ကာကွယ်ရေးဝန်ကြီးဌာန၏ တောင်ပိုင်းတိုင်းစစ်ဒေသ၊ တနင်္သာရီစစ်ဒေသခွဲ-ကွပ်ကဲရေးအဖွဲ့၏ ကွပ်ကဲရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ “ကျွန်တော်တို့ တပ်မှူးတစ်ယောက်၊ သူက အသက်ရှင်တုန်းက သူအတတ်နိုင်ဆုံး အကောင်းဆုံးလုပ်ဆောင်သွားတယ်။ တော်လှန်ရေးအတွက်ရော ကရင်လူမျိုးအတွက်ရော အကောင်းဆုံးသူကြိုးစားခဲ့တယ်။ သူလုပ်ဆောင်ခဲ့တာတွေအတွက်တော့ ကျွန်တော်တို့ ဂုဏ်ယူပါတယ်၊ ဒါပေမဲ့ ဆုံးရှုံးမှုကတော့ နှမျောတာပေါ့နော်” […]

လက်နက်ကိုင်အဖွဲ့တစ်ခုက သတ်ပြီးမြှုပ်ထားသည့် အလောင်း ၁၀ လောင်းကျော် တွေ့ရှိထားဟုဆို

Dawei Watch

November 11, 2023

လက်နက်ကိုင် အဖွဲ့တစ်ခုက သတ်ဖြတ်ပြီး မြှုပ်နှံထားသည့် အလောင်း ၁၀ လောင်းကျော်ကို လောင်းလုံးမြို့နှင့် ထားဝယ်အကြားရှိ ရော်ဘာခြံဝင်းတစ်ခုအတွင်း တွေ့ရှိထားဟုဆိုသည်။ ယင်းသို့တွေ့ရှိထားကြောင်းကို တော်လှန်ရေးအဖွဲ့အချို့၏ ပြောဆိုချက်များအား ကိုးကားကာ FE5 Tanintharyi ၏ အောက်တိုဘာလ အစီရင်ခံစာတွင်ဖော်ပြထားသည်။ ယင်းသတ်ဖြတ်မှုကို ကျူးလွန်သည့် လက်နက်ကိုင်အဖွဲ့ကို အရေးယူနိုင်ရန်လည်း မျှော်လင့်နေဟု တော်လှန်ရေးတွင် ပါဝင်သူများက ပြောဆိုကြောင်း ယင်းအစီရင်ခံစာတွင် ပါရှိသည်။ FE5 Tanintharyi မှာ တနင်္သာရီတိုင်းအတွင်း လူမှုရေး၊ စီးပွားရေး၊ စစ်ရေးနှင့် အရပ်သားထိခိုက်သေဆုံးမှု အချက်အလက်များကို သုတေသနလုပ်ပြီး လစဉ်အစီရင်ခံစာ ထုတ်ပြန်နေသည့် လွတ်လပ်သည့် သုတေသနအဖွဲ့တစ်ခုဖြစ်သည်။ သတ်ဖြတ်ပြီးနောက် လက်စဖျောက်မြှုပ်နှံထားသည်ဟု ယူစရသည့် ယင်းအလောင်းများတွင် ကာလရှည် ပျောက်ဆုံးနေသူများ၏ အလောင်းများလည်း ပါဝင်နိုင်ကြောင်း Dawei Watch က စုံစမ်းသိရှိရသည်။ အသေးစိတ်အခြေအနေအချို့ကို Dawei Watch အနေဖြင့် စုံစမ်းသိရှိရသော်လည်း အတည်ပြုချက် မရရှိသေးသဖြင့် ထုတ်ဖော်ရေးသားနိုင်ခြင်း […]

ရင်ခုန်ခံစား တစ်ပတ်တာအကောင်းဆုံးဘောလုံးပွဲစဉ်များ

Dawei Watch

November 11, 2023

Dawei Watch ရဲ့ရင်ခုန်ခံစား တစ်ပတ်တာအကောင်းဆုံးဘောလုံးပွဲစဉ်များ အစီအစဉ်ကနေ ပြန်လည် ကြိုဆိုလိုက်ပါတယ်။ အခုဆိုရင် ပရီးမီးယားလိဂ်ဟာ ပွဲစဉ်အမှတ် ၁၂ ဆီကို ရောက်လာခဲ့ပါပြီ။ အခုတစ်ပတ် လိဂ်ပွဲစဉ်တွေ ကစားပြီးရင် ယူရိုခြေစစ်ပွဲတွေ တစ်ကျော့ပြန်လည် ဝင်ရောက်လာမှာဖြစ်လို့ လိဂ်ပွဲစဉ်တွေနဲ့ ခေတ္တခဏ အဆက်ပြတ်ရဦးမှာပါ။ အခုတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်တွေထဲမှာလည်း ချယ်လ်ဆီးနဲ့ မန်စီးတီးတို့ ထိပ်တိုက်တွေ့နေတဲ့ပွဲကောင်းတွေ ပါဝင်နေပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ်တွေထဲက အသင်းကြီးတွေရဲ့ပွဲစဉ်တွေကို ရွေးချယ်ပြီး Dawei Watch ပရိသတ်တွေအတွက် သုံးသပ်တင်ဆက်ပေးလိုက်ပါတယ်။

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

Dawei Watch

November 10, 2023

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ နိုဝင်ဘာ ၄ ရက်နေ့မှ ၁၁ ရက်နေ့အထိ နီပေါ ငလျင် လူ ၁၅၀ ဦးထက်မနည်း သေဆုံး ဟိမဝန္တာတောင်တန်းဒေသက နီပေါနိုင်ငံအနောက်ပိုင်းမှာ နိုဝင်ဘာ ၃ ရက်နေ့ ညသန်းခေါင် မတိုင်ခင်က ငလျင်လှုပ်ခတ်ခဲ့လို့ လူပေါင်း ၁၅၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။ ငလျင်က ခေတ္တမန္တူမြို့တော် အနောက်ဘက် မိုင် ၃၁၀ လောက်အကွာမှာ ပြင်းအား ၅ ဒသမ ၆ နဲ့ လှုပ်ခတ်ခဲ့တာပါ။ ငလျင်ကြောင့် လူ ၃၇၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ငလျင်ကို အိမ်နီးချင်း အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်အထိ ခံစားခဲ့ရပြီး အဆောက်အဦးတွေ လှုပ်ခတ်ခဲ့ပါတယ်။ […]

ကော်သူးလေတပ်နှင့် ဆက်စပ်သူအချို့ကို KNU  ဖမ်းဆီးစစ်ဆေး

Dawei Watch

November 10, 2023

ထားဝယ်အရှေ့တောတွင် ကော်သူးလေတပ်မတော်(KTLA)နှင့် ဆက်စပ်သူအချို့ကို ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ(၄)က ဖမ်းဆီးစစ်ဆေးနေကြောင်း ဒေသခံအချို့နှင့် နှစ်ဖက်တပ်ဖွဲ့ တာဝန်ရှိသူများထံမှသိရသည်။ အောက်တိုဘာလ အတွင်းကကော်သူးလေတပ်ကို ထောက်ပို့လုပ်နေသူများနှင့် ဆက်စပ်ပတ်သက်သူ ၁၅ ဦးခန့်ကို ခေါ်ယူပြီး စစ်ဆေးမေးမြန်း ခဲ့ကြောင်း KNU တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုအယ်နားက ဆိုသည်။ ၎င်းတို့အား ကော်သူးလေးတပ်မတော်နှင့် အဆက်အသွယ်မလုပ်ရန် သတိပေးပြီး ဖမ်းဆီးမေးမြန်းခံရသူများအနက်မှ အချို့ကို ပြန်လွှတ်ပေးလိုက်ပြီး ခြောက်ဦးခန့်ကိုမူ ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ကြောင်း ၎င်းက ပြောသည်။ “သူတို့ကို ဘာမှမလုပ်ဘူး၊ အချက်အလက်ပဲယူပြီးတော့ ကျွန်တော်တို့ပြန်လွှတ်ပေးမယ်” ဟုပဒိုအယ်နားက ပြောသည်။ ကော်သူးလေတပ်မတော်ဘက်ကလည်း KNU တပ်မဟာ ၄ တပ်ဖွဲ့ဝင်မိသားစုများ၊ ထောက်ပို့ပေးနေသူများနှင့် ပတ်သက်ဆက်နွယ်သူများကို ခြိမ်းခြောက်မှုများ လုပ်ဆောင်နေကြောင်း ၎င်းက ဆိုသည်။ ကော်သူးလေတပ်မတော်က ထိုကဲ့သို့ ခြိမ်းခြောက်မှုများရှိနေသည့်အတွက် တပ်မဟာ ၄ ၏ အုပ်ချုပ်ရေးအပိုင်း တာဝန်ရှိသူအချို့နှင့် ၎င်းတို့၏မိသားစုဝင်များမှာ နေရပ်စွန့်ခွာပြီး တိမ်းရှောင်နေရကြောင်း ပဒိုအယ်နားက ပြောသည်။ ကော်သူးလေတပ်မတော် ဆာကဆောတပ်မ၏ ပြန်ကြားရေးတာဝန်ခံ ကိုချမ်းကမူ KNU တပ်မဟာ ၄ နှင့် ဆက်စပ်ပတ်သက်သူများကို ခြိမ်းခြောက်ခြင်းမရှိကြောင်း တုန့်ပြန်ပြောဆိုသည်။ “ကော်သူးလေ ကနေပြီးတော့ KNU ကိုခြိမ်းခြောက်တာတော့ အဲ့ဒါတော့ လုံးဝမရှိပါဘူး” ဟု ကိုချမ်းက ပြောသည်။ ကော်သူးလေတပ်မတော်နှင့် ဆက်စပ်သူများကို KNU တပ်မဟာ ၄ […]

ချောင်းနှစ်ခွ ရဲစခန်းနှင့် တံတားဂိတ် တိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က လေကြောင်းဖြင့်ပြန်ပစ်ခတ်

Dawei Watch

November 10, 2023

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာ ရဲစခန်းနှင့် ချောင်းနှစ်ခွတံတားဂိတ်ကို ကရင်ပူးပေါင်းတပ်ဖွဲ့ တို့က ယနေ့ နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ယင်းသို့တိုက်ခိုက်ရာမှ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးအပြင် လေကြောင်းဖြင့်ပါ ပြန်လည်တိုက်ခိုက်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ချောင်းနှစ်ခွကျေးရွာ ရဲစခန်းနှင့် တံတားဂိတ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့က ယနေ့ နံနက် ၄ နာရီဝန်းကျင်တွင် ဝင်ရောက်တိုက်ခိုက်ကြောင်း ဒေသခံတို့က ပြောသည်။ “တိုက်ပွဲက မနက် ၄နာရီလောက်ကတည်းက ဖြစ်နေတာ။ ဖြစ်ပြီးတော့ မနက် ၉နာရီလောက်မှာ လေယာဉ်နဲ့ လာပစ် တယ်။ လက်နက်ကြီးကျည်တွေက ရွာထဲမှာကျတာလည်းရှိတယ်။ အခုထိ (ညနေ ၃ […]