ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ရန်ကုန်-ကော့သောင်း လေယာဉ်လက်မှတ်ဈေးထပ်တက်၊ ကျပ် ၆ သိန်းနီးပါးဖြစ်လာ

Dawei Watch

November 9, 2023

အာဏာသိမ်းပြီးချိန်မှစတင်ကာ ရန်ကုန်-ကော့သောင်း လေယာဉ်လက်မှတ်ဈေးနှုန်းများ ဆက်တိုက်မြင့်တက်လာပြီး ယခုအခါတွင် လက်မှတ်တစ်ကြောင်းစာ တစ်စောင်ကို ကျပ် ၆ သိန်းနီးပါးအထိ ဖြစ်လာကြောင်း လေယာဉ်လက်မှတ် အရောင်းကိုယ်စားလှယ်များထံမှ သိရသည်။ အာဏာမသိမ်းမီအချိန် ၂၀၂၀ ခုနှစ်က ရန်ကုန်-ကော့သောင်း လေယာဉ်လက်မှတ်တစ်စောင်လျှင် ၉၈၀၀၀ ကျပ်သာရှိပြီး ယနေ့ နိုဝင်ဘာလ ၉ ရက်နေ့မှစပြီး တစ်စောင်လျှင် ၅၈၀၅၀၀ ကျပ်ဖြစ်လာသဖြင့် ၅ ဆကျော်အထိ မြင့်တက်လာခြင်း ဖြစ်သည်။ အဆိုပါ ဈေးနှုန်းတို့သည် Air KBZ လေကြောင်းလိုင်း၏ ဈေးနှုန်းများ ဖြစ်ကြသည်။ “ဈေးတွေ မိုးထောင်တက်လာတာ သာမန်လူတန်းစားအတွက်တော့ အရေးပေါ်အခြေအနေမဟုတ်ရင် မစီးကြပါဘူး” ဟု ကော့သောင်းမြို့ခံတစ်ဦးက ပြောသည်။ ငွေကြေးတတ်နိုင်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဝန်ထမ်းများသာ လေယာဉ်ခရီးစဉ်ဖြင့် သွားလာလေ့ရှိကြကြောင်း ၎င်းက ဆိုသည်။ လေယာဉ်လက်မှတ်ဈေးများမှာ အောက်တိုဘာလအတွင်းမှစပြီး ၃၉၉၀၀၀ ကျပ်မှ […]

ထားဝယ်တွင် ပွင့်လင်းရာသီ အလှူဖိတ်စာ ရိုက်သူနည်း

Dawei Watch

November 9, 2023

ထားဝယ်ခရိုင်အတွင်း ယခုနှစ် ပွင့်လင်းရာသီ အလှူပွဲများကျင်းပလာပြီဖြစ်သော်လည်း ဖိတ်စာရိုက်ကူးသည့်ပမာဏ နည်းနေဆဲဖြစ်ကြောင်း ဖိတ်စာနှင့်ပုံနှိပ်လုပ်ငန်း လုပ်ကိုင်သူများကပြောသည်။ “ကိုဗစ်မတိုင်ခင်ကဆို အလှူတစ်ခုကိုဖိတ်စာစောင်ရေတစ်ထောင်အထက် မှာရှိတယ်။ အခုကျတော့ လုပ်ကြတယ်။ အများစုက စောင်ရေ ၂၀၀ ၊၃၀၀လောက်နဲ့ပြီးလိုက်ကြတယ်။ တချို့ကြလည်း ၁၀၀၊ ၁၅၀လောက်နဲ့ပြီးလိုက်ကြတယ် ။ ရိုးရိုးဖိတ်စာလောက်ပဲရိုက်ကြတော့တယ်“ ဟု ထားဝယ်မြို့ က ဖိတ်စာလုပ်ငန်း လုပ်ကိုင်သူတစ်ဦးကပြောသည်။ ဖိတ်စာရိုက်ကူးမှုမှာ နယ်မြေအနေအထားအပေါ်မူတည်ကြောင်း နယ်မြေမအေးချမ်းသည့် ဒေသများတွင် ပွဲသေးများသာကျင်းပကြပြီး နယ်မြေအေးချမ်းသည့် ထားဝယ်မြို့ပေါ်တွင်မူ ပွဲကြီးများလုပ်‌လေ့ရှိကြောင်း မြို့ပေါ်ပွဲကြီးများတွင်မူ ဖိတ်စာစောင်ရေ ထောင်ဂဏန်းအထိ ရိုက်ကြောင်း ဖိတ်စာလုပ်ငန်းရှင်များက ဆိုသည်။ “လဆန်းကနေ ၁၃ ရက်နေ့အထိ လာဖိတ်ထားတဲ့ အလှူပွဲဖိတ်စာ ၁၈ ခုရှိတယ်။ အလှူပွဲတွေကတော့ ပုံမှန်ပြန်ကျင်းပနေတာပဲ။ အသံချဲ့စက်ဖွင့်မရတာတစ်ခုပဲ။ အလှူလာတဲ့ ပရိသတ်ကတော့ အလှူရှင်က ဖိတ်တဲ့အပေါ်မူတည်ပြီး […]

လောင်းလုံးတွင် စစ်ကောင်စီ စစ်ကြောင်းနှင့် PDF တို့ တိုက်ပွဲဖြစ်

Dawei Watch

November 9, 2023

လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေးရွာအုပ်စုအတွင်း ရောက်ရှိနေသည့် စစ်ကောင်စီ စစ်ကြောင်းနှင့် PDF တပ်ဖွဲ့တို့ ယနေ့(နိုဝင်ဘာ ၉)မနက် ရှစ်နာရီဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ ယနေ့မနက် ရှစ်နာရီဝန်းကျင်ခန့်မှစပြီး လက်နက်ကြီး လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်နေကြောင်း ဒေသခံတစ်ဦးကပြောသည်။ “မနက်ကတည်းကကြားနေတယ်။ လက်နက်ကြီးသံ ခုဏကဖုန်းဆက်မေးတော့မှာ နှစ်ဖက်ထိတွေမှု ဖြစ်တယ်လို့ သိရတာ”ဟု ၎င်းကပြောသည်။ နှစ်ဖက်ထိတွေ့မှုကြောင့် သဘောဆိပ်၊ပြင်ကြီး၊ကရင်ကြီး၊ကမ်းပနီစသည့် ဒေသများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေ ကြရသည်ဟု သိရသည်။ အဆိုပါစစ်‌ကြောင်းသည် လောင်းလုံးမြို့နယ် ကျောက်ဆင်ကျေးရွာအုပ်စု ကို နိုဝင်ဘာလ ၈ ရက်နေ့ မနက်ပိုင်းကစတင် ရောက်ရှိနေခြင်းဖြစ်ပြီး ကျောက်ဆင်ကျေးရွာ အုပ်စုရှိ ကျောက်ဆင်၊ သဘော့ဆိပ် ၊ပြင်ကြီး၊ကရင်ကြီးနှင့် ကမ်းပနီ ရွာတို့ကို နယ်မြေရှင်းလင်းရန်လာခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။ မနေ့ မနက်ပိုင်းက ကျောက်ဆင်ရွာတွင် ဒေသခံ ငါးဦးကို စစ်ဆေးမေးမြန်းဖမ်းဆီးခဲ့ပြီး […]

မုံးကိုးကို သိမ်းယူလိုက်ပြီး စခန်း ၁၅၀ကျော်ကိုလည်းသိမ်းယူထားကြောင်း မြောက်ပိုင်းမဟာမိတ်ပြော

Dawei Watch

November 8, 2023

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မုံးကိုးမြို့ကို သိမ်းယူလိုက်ပြီဖြစ်ကြောင်း ကိုးကန့်တပ် MNDAA က ယနေ့ နိုဝင်ဘာလ ၈ရက်တွင် ထုတ်ပြန်သည်။ စစ်ကောင်စီတပ်၏ မုံးကိုးဗျူဟာကုန်းကို နိုဝင်ဘာလ ၅ရက်နံနက်မှ စတင်တိုက်ခိုက်ခြင်းဖြစ်ပြီး သုံးရက်အကြာ နိုဝင်ဘာလ ၇ရက် နေ့လယ်ပိုင်းတွင် သိမ်းယူနိုင်ခဲ့ကြောင်း ဖော်ပြသည်။ MNDAA နှင့် ဒေသလုံခြုံရေးအဖွဲ့တို့သည် မုံးကိုးမြို့၏အုပ်ချုပ်ရေးများကို ပြန်လည်ထူထောင်နိုင်ခဲ့ပြီ ဖြစ်ပြီး ဒေသခံ ပြည်သူ့စစ်များလည်း ထွက်ပြေးသွားပြီဖြစ်သဖြင့် မုံးကိုးခရိုင်တစ်ခုလုံးကို ပြန်လည်ရရှိပြီဖြစ်ကြောင်းလည်း MNDAA က ဆိုသည်။ သုံးရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်မှုအတွင်း MNDAA တပ်ဖွဲ့ဝင်များ အသက်ပေးဆပ်ခဲ့ရကြောင်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ ပူးတွဲထုတ်ပြန်ချက်တွင် ပါရှိသည်။ ၁၀၂၇ စစ်ဆင်ရေး ၁၂ရက်မြောက်နေ့ဖြစ်သည့် နိုဝင်ဘာလ ၇ရက်တွင် ကိုးကန့်၊ မုံးကိုး၊ ကွတ်ခိုင်တို့တွင် စစ်ကောင်စီတပ်စခန်းများကို သိမ်းယူနိုင်ခဲ့ကြောင်း MNDAA က […]

တနင်္သာရီတွင် ဖခင်ဖြစ်သူက အိမ်ပေါ်မှပစ်ချသဖြင့် ၂နှစ်အရွယ် ကလေးသေဆုံး

Dawei Watch

November 8, 2023

တနင်္သာရီမြို့နယ်၊ မရင်းကြီးကျေးရွာတွင် ဖခင်ဖြစ်သူက ၂ နှစ်အရွယ်သမီးအား နေအိမ်ပေါ်မှ ပစ်ချသဖြင့် ကလေးဖြစ်သူ လည်ပင်းရိုးကျိုးကာ သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။ “ဆေးကြောင်တာလား၊ အရက်ကြောင်တာလားတော့ မသိဘူး။ အိမ်ပေါ်ကနေ ပစ်ချလိုက်လို့ ကလေး သေသွားတာလောက်ပဲ သိရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ အဆိုပါဖြစ်စဉ်မှာ နိုဝင်ဘာလ ၇ရက်နေ့က ဖြစ်ပွားခြင်းဖြစ်ပြီး ဖြစ်စဉ်အသေးစိတ်ကိုမူ Dawei Watch က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ ယင်းနေ့တစ်ရက်တည်းတွင် တနင်္သာရီမြို့နယ်၌ လူသတ်မှုနှစ်ခုဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။ ကျောက်စရစ်ကျေးရွာတွင် လူငယ်နှစ်ဦး ခိုက်ရန်ဖြစ်ရာမှ ဓားခုတ်မှုဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ဓားခုတ်မှုဖြစ်ပွားသဖြင့် လူငယ်တစ်ဦးတွင် လည်ပင်း၊ ဦးခေါင်းနှင့် ဝမ်းဗိုက်တို့တွင် ဓားဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ မည်သည့်အကြောင်းအရင်းကြောင့် ဓားဖြင့်ခုတ်သတ်ခဲ့သည်ကို […]

မြိတ်-ရန်ကုန် နေ့ချင်းရောက် အမြန်ရေယာဉ်ဖြင့် ပြေးဆွဲရန်စီစဉ်

Dawei Watch

November 8, 2023

မြိတ်မှ ရန်ကုန်သို့ အမြန်ရေယာဉ်တို့ဖြင့် နေ့ချင်းရောက် ပြေးဆွဲရန် တနင်္သာရီတိုင်းဒေသကြီး ပုဂ္ဂလိက သင်္ဘောလုပ်ငန်းရှင်များ အသင်းက စီစဉ်နေကြောင်း မြိတ်-ကျွန်းစု အမြန်ရေယာဉ်အသိုင်းအဝိုင်းထံမှ သိရသည်။ လတ်တလောကြုံတွေ့နေရသည့် လေယာဉ်စီးသူများပြားလာခြင်းနှင့် လက်မှတ်ဈေး အဆမတန် မြင့်တက်လာသောကြောင့် ရေကြောင်းခရီးဖြင့် ပြေးဆွဲရန်စီစဉ်နေခြင်း ဖြစ်ကြောင်း အမြန်ရေယာဉ်နှင့် နီးစပ်သူတစ်ဦးက ပြောပြသည်။ “လောလောဆယ် စီစဉ်နေကြတုန်းပဲသေး။ အခုပွင့်လင်းရာသီမှာ ခရီးစဉ်စမယ်ထင်တယ်။ အချိန်တိတိကျကျတော့ မကြားရသေးဘူးဗျ” ဟု အမြန်ရေယာဉ်လုပ်ငန်းတို့နှင့် နီးစပ်သူက ပြောသည်။ မြိတ်-ရန်ကုန် ကားလမ်းခရီးတွင် တိုက်ပွဲများ မကြာမကြာဖြစ်ပေါ်လာမှုကြောင့် ယခုနှစ်အတွင်းမှစပြီး လေယာဉ် စီးနင်းမှု များပြားလာပြီး လက်မှတ်တစ်စောင်လျှင် နှစ်သိန်းရှစ်သောင်းကျပ်အထိ ပေးဝယ်ယူနေရကြောင်း ခရီးသွားသူအချို့မှ သိရသည်။ “ဒါတောင် တစ်ပတ်လောက် လက်မှတ်ကြိုပြီးဝယ်ထားရတယ်” ဟု မြိတ်-ရန်ကုန် ခရီးသွားသူတစ်ဦးက ပြောသည်။ အဆိုပါ […]

ထားဝယ်တွင် အာလူး၊ ကြက်သွန်ဈေးမြင့်တက်

Dawei Watch

November 8, 2023

ထားဝယ်ဈေးကွက်တွင် အာလူး၊ ကြက်သွန်ဈေးများမြင့်တက်နေကြောင်း ဈေးကွက်အတွင်းမှသိရသည်။ အောက်တိုဘာလ ၂၇ ရက်နေ့က ကြက်သွန်နီတစ်ပိဿာ ၃၅၀ဝကျပ်၊ ကြက်သွန်ဖြူများဖြစ်သည့် ထူးလေး တစ်ပိဿာ ၉၅၀ဝကျပ်၊ ထူးငါးတစ်ပိဿာ ၁၀၀၀ဝကျပ်၊ ကြူကုတ် တစ်ပိဿာ ၈၁၀ဝကျပ်သာ ဈေးရှိသည်။ ယနေ့ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကြက်သွန်နီတစ်ပိဿာ ၄၀၀ဝကျပ်၊ ကြက်သွန်ဖြူ ထူးလေးတစ်ပိဿာ ၁၄၀၀၀ ကျပ်၊ ထူးငါးတစ်ပိဿာ ၁၄၅၀ဝကျပ်၊ ကြူကုတ် တရုတ်ကြက်သွန် တစ်ပိဿာ ၁၄၅၀ဝကျပ်အထိ မြင့်တက်လာသည်။ “မနေ့က လက်လီဈေးမှာ ကြက်သွန်နီတစ်ပိဿာ ၄၄၀၀ ကျပ်နဲ့ဝယ်လာရတယ်” ဟု ‌ထားဝယ်မြို့ခံ အိမ်ရှင်မတစ်ဦးက ပြောသည်။ အာလူး တစ်ပိဿာလျှင် အောက်တိုဘာလ ၂၇ရက်က ၃၀၀၀ ကျပ်သာ ဈေးရှိပြီး ယနေ့တွင် ၄၀၀၀ ကျပ်ဖြစ်လာကြောင် […]

ထားဝယ်မြို့ မရမ်းပင်ပဝါရဏာ (သုဓမ္မာဂိုဏ်း) ၏ တတိယမြောက်ဂိုဏ်းချုပ်ဆရာတော်ပျံလွန်တော်မူ

Dawei Watch

November 7, 2023

ထားဝယ်မြို့ မရမ်းပင်ပဝါရဏာ (သုဓမ္မာဂိုဏ်း) ၏ တတိယမြောက်ဂိုဏ်းချုပ်ဆရာတော်သည် နိုဝင်ဘာလ ၅ ရက် ည ၉ နာရီကျော်တွင် ဘဝနတ်ထံပျံလွန်တော်မူသွားကြောင်း ဆရာတော်၏ တပည့်ဒါယကာများထံမှသိရသည်။ ဆရာတော်၏ ဘွဲ့အမည်မှာ ဘဒ္ဒန္တ ကေသရဖြစ်ပြီး ပျံလွန်တော်မူချိန် သက်တော် ၈၂ နှစ် သိက္ခာတော် ၆၂ ဝါ ရှိပြီဖြစ်ကြောင်း တပည့်ဒါယကာများထံမှ သိရသည်။ ဆရာတော်သည် ထားဝယ်မြို့ သပြေချောင်းရွာ ငါးကျဲအင်းကျောင်းတွင် ပဓာန နာယက ဆရာတော်အဖြစ် ပျံလွန်တော်မမူခင်အထိ သီတင်းသုံးနေထိုင်ခဲ့ခြင်းလည်းဖြစ်သည်။ “လူကြီးရောဂါပဲ။ ပဝရဏာ ပြုတဲ့နေ့မှာ ဆရာတော်က အအေးမိပြီး‌ နေမကောင်းဖြစ်သွားတယ်။ လူကြီးဆိုတော့ ရောဂါတွေလည်းအစုံ ဖြစ်သွားတာပေါ့နော်” ဟု သပြေချောင်းရွာက တပည့်ဒါယကာတစ်ဦးက ပြောသည်။ ဆရာတော်သည် သက်ရှိထင်ရှားရှိစဉ်က မရမ်းပင်ပဝါရဏာ (သုဓမ္မာ) ဂိုဏ်း၏ […]