ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးချမှုကြောင့် ပုလောတွင်  PDF နှစ်ဦး ဒဏ်ရာရ

Dawei Watch

November 5, 2023

မြိတ်ခရိုင်၊ပုလောမြို့နယ်၊ ကျောင်းနိမ့်ကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်၍ ပြည်သူ့ကာကွယ်ရေးရဲဘော်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပုလောစစ်ကြောင်း(၁)က ထုတ်ပြန်သည်။ နိုဝင်ဘာလ ၃ ရက်နေ့ည ၁၀ နာရီကျော်ခန့်က စစ်ကောင်စီတပ်၏ ဒရုန်း ကျောင်းနိမ့်ရွာအတွင်းသို့ ကင်းထောက်ဝင်ရောက်လာပြီး ဗုံးသီး ၆ လုံးချခဲ့ရာ ပုလောစစ်ကြောင်း(၁)မှ ရဲဘော်နှစ်ဦး ထိမှန် ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ရဲဘော်နှစ်ဦး၏ ဒဏ်ရာရရှိမှု အခြေအနေကိုမူ အသေးစိတ် ဖော်ပြထားခြင်းမရှိချေ။ ပြီးခဲ့သည့် အောက်တိုဘာလနှင့် ဧပြီလအတွင်းကလည်း ကျောင်းနိမ့်ရွာအတွင်း စစ်ကောင်စီတပ်မှ ဒရုန်းနှင့် ဗုံးသီးချခဲ့သည့်အတွက် အရပ်သား အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သေးသည်။ ယခင်ကတိုက်ပွဲများကြောင့် ကျောင်းနိမ့်ရွာဒေသခံများမှာ နေအိမ်စွန့်ခွာ ထွက်ပြေးနေကြရပြီး လက်ရှိတွင်တော့ ပြန်လည်နေထိုင်နေကြပြီဖြစ်ကြောင်း ဒေသခံများ ထံမှသိရသည်။

လိုင်ဇာအနီး တရုတ်နယ်စပ်မြို့သို့ လက်နက်ကြီးကျည်ကျသဖြင့် တစ်ဦးသေဆုံးပြီးနှစ်ဦးဒဏ်ရာရ

Dawei Watch

November 5, 2023

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့နှင့် ကပ်လျက် တရုတ်နယ်စပ်မြို့သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် တရုတ်နိုင်ငံသားတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရကြောင်း မြောက်ပိုင်းမဟာမိတ်အဖွဲ့ သုံးဖွဲ့က ပူးပေါင်းထုတ်ပြန်သည်။ စစ်ကောင်စီတပ်က နိုဝင်ဘာလ ၄ရက် နံနက် ၁ဝနာရီခန့်တွင် လိုင်ဇာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ရာမှ တရုတ်နိုင်ငံထဲသို့ ကျရောက်ပေါက်ကွဲခြင်းဖြစ်ကြောင်း နိုဝင်ဘာလ ၄ ရက် ညပိုင်းတွင် သတင်းထုတ်ပြန်သည်။ တရုတ်ဘက်ခြမ်းကို လက်နက်ကြီးကျည် လေးလုံး ကျရောက်ပေါက်ကွဲခဲ့သည်ဟု ရှေ့တန်းသတင်းရင်းမြစ်တစ်ဦး၏ ပြောဆိုချက်ကို ကိုးကားကာ ကချင်သတင်းဌာနတစ်ခုဖြစ်သည့် Kachin News Group သတင်းတစ်ရပ်တွင် ဖော်ပြသည်။ စစ်ကောင်စီတပ်သည် ခယာဘွမ် (Hkaya Bum) ၊ ဖွန်းပျန်ဘွမ် (Hpun hpyen bum) ၊ ခန်းကိုင် (Hkangkai Bum) နှင့် […]

ယ‌နေ့ည ထိုးသတ်မည့် စိန်ခေါ်ပွဲ ဒေဝ၏ဖေ့စ်ဘွတ်ခ်နှင့် YouTube တို့မှ တိုက်ရိုက်ထုတ်လွှင့်မည်

Dawei Watch

November 5, 2023

ယနေ့ (နိုဝင်ဘာ ၅) မြန်မာစံတော်ချိန် ည ၇ နာရီတွင် စတင်ကျင်းပမည့် မြန်မာ့လက်ဝှေ့ချန်ပီယံဟောင်း ဒေဝနှင့် ကမ္ဘောဒီးယားလက်ဝှေ့ကျော် ပရွမ်းဆမ်းနန်တို့၏ပွဲစဉ်ကို ဒေဝ၏ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာနှင့် YouTube Channel တို့က တိုက်ရိုက် Live ထုတ်လွှင့်ပြသပေးမည်ဖြစ်ကြောင်း သိရှိရသည်။ ဒေဝနှင့် ပရွမ်းဆမ်းနန်တို့သည် ပွဲချိန် ၉ မိနစ်ကြာမြင့်မည့် ယခုစိန်ခေါ်ပွဲကို အနားတောင်းယူခွင့် မရှိသည့်စနစ်ဖြင့် တစ်ချီတည်း အပြီးသတ် ယှဉ်ပြိုင်ကြမည်ဖြစ်ကာ ယခုပွဲစဉ်မှာ ဒေ့ဗ်လက်ဒက်(ခ)ဒေဝ၏ ပရော်ဖက်ရှင်နယ်ကစားသမားဘဝဖြတ်သန်းမှု နောက်ဆုံးပွဲစဉ် ဖြစ်လာတော့မည်လည်းဖြစ်သည်။ ယနေ့ည ကျင်းပမည့်ပြိုင်ပွဲတွင် တွဲဆိုင်း ၆ ခု ပါဝင်မည်ဖြစ်ပြီး ကမ္ဘောဒီးယား ကိုယ်ခံပညာစုံတိုက်ခိုက်ရေး လက်ဝှေ့သမား ၆ ဦးက နိုင်ငံခြားသားပြိုင်ဘက် ၆ ယောက်ကို ရင်ဆိုင်ထိုးသတ်လိမ့်မည်ဖြစ်ကြောင်း သတင်းကြားသိရသည်။ ဒေဝနှင့် ပရွမ်းဆမ်းနန် […]

ကံပေါက်ရွာဒေသခံများကို စစ်ကောင်စီဖမ်းဆီး

Dawei Watch

November 5, 2023

ရေဖြူမြို့နယ် ၊ ကံပေါက်ကျေးရွာ တွင် နိုဝင်ဘာလ ၄ ရက် ညပိုင်းက ရွာအဝင်သစ်တောလမ်းဆုံ စစ်ဆေးရေးဂိတ်အနီးတွင် စစ်ကောင်စီက သေနတ်ပစ်ခတ်မှုများ လုပ်ခဲ့ပြီး ဒေသခံ ၃ ဦးကိုလည်း ဖမ်းဆီးသွားကြောင်း သိရသည်။ သစ်တောလမ်းဆုံအနီးရှိ မဂ္ဂင်ရပ်ကွက်၊ ရဲရင့်ချောင်း၊ ဆင်ရံတံတားအနီးတွင် အရက်ထိုင်သောက် နေသူတစ်စုကို ခြောက်လှန့်ပစ်ခတ်ခြင်းဖြစ်ကြောင်း၊ ယင်းနောက် ဆင်ရံတံတားအနီးရှိ အရက်ဆိုင်သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး အမျိုးသား ၃ ဦးကို ဖမ်းခေါ်သွားခဲ့ကြောင်း ဆင်ရံတံတားအနီး နေထိုင်သူများကဆိုသည်။ “ သေနတ်နဲ့လှန့်ပစ်တော့ အရက်သောက်နေတဲ့လူတွေက အရက်ဆိုင်ထဲဝင်ပြေးသွားတာကို စစ်တပ်က ကားတွေနဲ့ အရက်ဆိုင်ကိုလာဝိုင်းပြီး ဖမ်းသွားတယ်။ လာဝိုင်းတာ ကားတွေတော်တော်များများပါတယ် အိမ်စီးကားတွေရော၊ စစ်ကားတွေရောပါတယ်“ ဟု မဂ္ဂင်ရပ်ကွက်တွင် နေထိုင်သူ အမျိုးသားတစ်ဦးကပြောသည်။ အဖမ်းခံရသူများ၏ အချက်အလက်အသေးစိတ်ကိုမူ မသိရှိရသေးပေ။ ယင်းဖြစ်စဥ်အပြီးတွင် စစ်ကောင်စီတပ်ကားများ […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

November 4, 2023

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၄ ရက်နေ့အထိ ရှမ်းမြောက်မှာ မြို့လေးမြို့နဲ့ စခန်းတစ်ရာကျော်ကို သိမ်းထားတယ်လို့ မြောက်ပိုင်းမဟာမိတ်တွေပြော ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြို့လေးမြို့ကို လုံးဝထိန်းချုပ်ထားနိုင်ပြီး စစ်ကောင်စီတပ်စခန်း ၁၀၀ ကျော်ကိုလည်း သိမ်းယူထားတယ်လို့ မြောက်ပိုင်းမဟာမိတ်တွေက နိုဝင်ဘာလ ၄ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ တရုတ်နယ်စပ်ဂိတ်ရှိတဲ့ ချင်းရွှေဟော်၊ သိန္နီ၊ ဖောင်းဆိုင်၊ ကြူကုတ် (ပန်ဆိုင်း) မြို့တွေကို ထိန်းချုပ်ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီဘက်ကတော့ ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ကြူကုတ် သုံးမြို့ကို လက်လွှတ် လိုက်ရပြီလို့ နိုဝင်ဘာလ ၁ရက်နေ့မှာ ဝန်ခံထားပါတယ်။ တိုက်ပွဲတွေအတွင်း လက်နက်ခဲယမ်းမြောက်များစွာ သိမ်းဆည်းရမိထားပြီး သံချပ်ကာခြောက်စီးကိုလည်း သိမ်းယူထားနိုင်တယ်လို့ မြောက်ပိုင်းမဟာမိတ်တွေ […]

ရေဖြူတွင် စစ်တပ်ဆေးမှုထမ်းဟောင်းတစ်ဦး ၁၄ ရက်ကြာအထိ ဆက်သွယ်မရဘဲ ပျောက်နေဟုဆို

Dawei Watch

November 4, 2023

ရေဖြူမူးဒူးရွာ တွင် အသက် ၇၄ နှစ်အရွယ်ရှိ စစ်တပ်ဆေးမှုထမ်းဟောင်း တစ်ဦးဖြစ်သည့် ဦးတင်လတ်(ခ)ဆရာမောင်လတ် ဆိုသူမှာ မိသားစု နှင့် ဆက်သွယ်မရသည်မှာ ရက်သတ္တပတ် နှစ်ပတ်ခန့်ရှိနေပြီဖြစ်ကြောင်း မိသားစုဝင် များထံမှသိရ သည်။ ဦးမောင်လတ်သည် ထားဝယ်မြို့ ရှိ နေအိမ်မှ ရေဖြူမြို့နယ် မူးဒူးရွာသို့ အောက်တိုဘာ ၁၈ ရက်နေ့က ဆင်းသွားသည်ဟု ဆိုသည်။ ယင်းနောက် ‌အောင်တိုဘာလ ၂၀ ရက်နေ့ တွင် မိသားစုနှင့် နောက်ဆုံး ဆက်သွယ်ရပြီး ယနေ့ နိုဝင်ဘာ ၄ ရက်နေ့အထိ ဆက်သွယ်မရဖြစ်နေသည်မှာ နှစ်ပတ်ခန့်ရှိပြီဟု မိသားစုဝင် တစ်ဦးကပြောသည်။ “ဗေဒင်သွား‌ မေးတာတော့ ရှိတယ်လို့ပဲပြောတယ်” ဟု မိသားစုဝင်တစ်ဦးက လူပျောက်သဖြင့် ဗေဒင်ဆရာထံသွားမေးခဲ့သည်ကို ပြန်လည်ပြောပြသည်။ ဦးမောင်လတ်သည် မွန်ပြည် အခြေစိုက် […]

ဖမ်းဆီးအမှုဖွင့်ခံရသည့် ပေါင်ဒေသခံ ခြောက်ဦး ထောင်ဒဏ်ချမှတ်ခံရ

Dawei Watch

November 4, 2023

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ဖမ်းဆီးအမှုဖွင့်ခံထားရသည့် ဒေသခံများအနက်မှ ခြောက်ဦးကို စစ်ကောင်စီတရားရုံးက ထောင်ဒဏ် ချမှတ်လိုက်ကြောင်း နီးစပ်သူတို့ထံမှ သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလဆန်းပိုင်းက ပေါင်မြို့နယ် နယ်ထိန်းရဲတစ်ဦး ပစ်သတ်ခံရသည့်ဖြစ်စဉ်နှင့် ရဲစခန်း၊ ထွေအုပ်ရုံးတိုက်ခိုက်ခံရသည့်ဖြစ်စဉ်တို့ဖြစ်ပွားပြီးနောက် ဒေသခံ ၁၅ ဦးထက်မနည်းကို စစ်ကောင်စီတပ်တို့က ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခံရသူများအနက်မှ အချို့ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့်ခဲ့သလို အချို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် စစ်ကောင်စီက အမှုဖွင့်ခဲ့သည်။ ယင်းအနက် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံထားရသည့် ဥတ္တံတားကျေးရွာမှ ကိုအောင်မင်းထွေး၊ ကိုချစ်သူပိုင်၊ စောရာဇာမင်းနှင့် ကျွဲခြံကျေးရွာက မအေးနီနီအောင်တို့ကို အောက်တိုဘာလ ၂၇ ရက်နေ့တွင် ပေါင်မြို့နယ်တရားရုံးက ထောင်ဒဏ် ၂ နှစ်စီ အမိန့်ချမှတ်ခဲ့ကြောင်း နီးစပ်သူတို့ထံမှ သိရသည်။ […]

ရှမ်းမြောက်တွင် စစ်ကောင်စီတပ်စခန်းတစ်ရာကျော်ကို သိမ်းထားကြောင်း မြောက်ပိုင်းမဟာမိတ်ပြော

Dawei Watch

November 4, 2023

ရှမ်းပြည်နယ်မြောက်ပိုင်း စစ်ဆင်ရေး ၈ ရက်မြောက်နေ့အထိ စစ်ကောင်စီတပ်စခန်း တစ်ရာကျော်ကို သိမ်းယူထားကြောင်း မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တို့က ယနေ့ နိုဝင်ဘာလ ၄ ရက်တွင် ထုတ်ပြန်သည်။ ၁၀၂၇ စစ်ဆင်ရေး ၈ ရက်မြောက်နေ့ဖြစ်သည့် ယနေ့ မွန်းလွဲပိုင်းအထိ စစ်ကောင်စီတပ် စခန်းအကြီး၊ အငယ်နှင့် ယာယီတပ်စခန်းများ စုစုပေါင်း တစ်ရာကျော်ကို သိမ်းယူထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ အဆိုပါ စစ်ဆင်ရေးကို မြောက်ပိုင်းမဟာမိတ်အဖွဲ့သုံးဖွဲ့ဖြစ်သည့် ကိုးကန့်တပ် MNDAA၊ တအာင်းတပ် TNLA ၊ ရခိုင်တပ် AA တို့က ပူးပေါင်းကာ အောက်တိုဘာလ ၂၇ရက်တွင် စတင် လုပ်ဆောင်နေခြင်းဖြစ်သည်။ နိုဝင်ဘာလ ၃ရက်နေ့က ကိုးကန့်ခရိုင်ရှိ စစ်ကောင်စီတပ်စခန်းအချို့ကို MNDAA က သိမ်းယူခဲ့ပြီး တအာင်းတွင်လည်း စစ်ကောင်စီတပ်စခန်းနှစ်ခုကို TNLA သိမ်းယူခဲ့ကြောင်း […]