ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ်ခရိုင် သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦး၏ ဖခင်ကို စစ်ကောင်စီကအမှုဖွင့်

Dawei Watch

August 14, 2023

ထားဝယ်ခရိုင်၊ ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီမှ စည်းရုံးလှုံ့ဆော်ရေး ဆပ်ကော်မတီတာဝန်ခံ ကိုမင်းလွင်ဦး၏ ဖခင်ဖြစ်သူ ဦးအောင်ဖေကို စစ်ကောင်စီက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုလိုက်သည်။ ဖမ်းဆီးထားခံရပြီး မိသားစုနှင့် ၅၅ ရက်ကြာ တွေ့ခွင့်မပေးခဲ့သည့် ဦးအောင်ဖေကို ဩဂုတ်လ ၁၃ ရက်တွင် မိသားစုနှင့် တွေ့ခွင့်ပေးမည်ဖြစ်ကြောင်း နှင့် ၅၀၅(က) ဖြင့်တရားစွဲထားပြီဖြစ်ကြောင်း စစ်ကောင်စီက ဩဂုတ်လ ၁၂ ရက်တွင် မိသားစုအား အကြောင်းကြားခဲ့သည်။ ဇွန်လ ၁၉ ရက်တွင် လောင်းလုံးမြို့နယ်၊ ပြင်းထိန်ကျေးရွာရှိ ကိုမင်းလွင်ဦး၏ မိဘများနေအိမ်ကို စစ်ကောင်စီတပ်က ကား ၄ စီးဖြင့် လာရောက်ရှာဖွေခဲ့ပြီး ဦးအောင်ဖေကို အနီနားရှိ နေအိမ်တစ်အိမ်မှ လူငယ်တစ်ဦးနှင့်အတူ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ “ဇွန် ၁၉ ရက် အိမ်ကိုဝင်ရှာတုန်းက […]

ပါရာဂွေးခရီးစဉ်အတွင်း ထိုင်ဝမ်ဒုသမ္မတ အမေရိကတွင် တစ်ထောက်နားမှုအပေါ် တရုတ်အစိုးရ ရှုတ်ချ

Dawei Watch

August 14, 2023

ထိုင်ဝမ် ဒုသမ္မတ ဝီလျံလိုင်သည် ဩဂုတ်လ ၁၂ ရက်နေ့တွင်စတင်သည့် ပါရာဂွေးနိုင်ငံ ခရီးစဉ်ထွက်ခွာရာ လမ်းကြောင်းတွင် အမေရိက၌ ခေတ္တရပ်နားမည် ဖြစ်သည်။ အဆိုပါ အခြေအနေကို အကဲဆတ်သော ခရီးစဉ်အဖြစ် တရုတ်အစိုးရက ရှုတ်ချထားကာ ထိုင်ဝမ်ကျွန်းတဝိုက်တွင် တရုတ်စစ်တပ်၏ စစ်ရေးပြလှုပ်ရှားမှုများ ပိုမိုတိုးမြင့်လုပ်ဆောင်လာမည် ကို ထိုင်ဝမ်အရာရှိများက စိုးရိမ်ပူပန်နေကြသည်။ ဒုသမ္မတ ဝီလျံလိုင် သည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ တွင် ကျင်းပသွားမည့် ထိုင်ဝမ် ရွေးကောက်ပွဲတွင် သမ္မတဖြစ်လာရန် တစ်ပြေးနေသူ လည်း ဖြစ်သည်။ ပါရာဂွေး ၏ သမ္မတသစ် အဖြစ် မစ္စတာ ဆန်တီယာဂို ပီနာ ၏ ကျမ်းသစ္စာ ကျိန်ဆိုပွဲအတွက် ပါရာဂွေးနိုင်ငံသို့ ယခုလို သွားရောက်ခြင်း ဖြစ်သည်။ ထိုင်ဝမ်နှင့်အမေရိကန်တို့၏ သက်ဆိုင်ရာ အစိုးရများကမူ လေယာဉ်ခရီးစဉ်တွင်း ယင်းကဲ့သို့ […]

ပေါင်တွင် နယ်ထိန်းရဲတစ်ဦး ထပ်မံပစ်သတ်ခံရ

Dawei Watch

August 13, 2023

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ရန်‌ကုန်-မော်လမြိုင်ကားလမ်းမတွင် နယ်ထိန်းရဲတစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဩဂုတ်လ ၁၂ ရက် ည‌နေ ၄ နာရီခန့်က ပန်းကုန်းကျေးရွာနှင့် ကတွန်ကျေးရွာအပိုင် နယ်ထိန်းရဲ ထွန်းနိုင်လင်း ဆိုသူသည် သထုံဘက်မှ ဇင်းကျိုက်နယ်မြေရဲစခန်းဘက်သို့ ဆိုင်ကယ်မောင်းနှင်လာစဉ် အမည်မသိ သေနတ်သမား တို့က သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း ၎င်းတို့က ပြောသည်။ နယ်ထိန်းရဲ ရင်ဘတ်၊ လက်မောင်းကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားနေရာတွင်ပင် သေဆုံးသွားကြောင်း ု ဒေသခံတို့က ဆိုသည်။   “သေနတ်သမားက နှစ်ယောက် ဆိုင်ကယ်နဲ့ အနောက်ကနေ လိုက်လာပြီးတော့ ပစ်တာ။ လေး ငါးချက်လောက် ပစ်တော့ အဲဒီရဲက လမ်းပေါ်မှာပဲ လဲကျသွားတယ်” ဟု ပန်းကုန်းကျေးရွာခံတစ်ဦးက ပြောသည်။ သေနတ်ပစ်ခတ်ခံရပြီး သေဆုံးသွားသည့် နယ်ထိန်းရဲ […]

မော်တုန်းရွာသားအချို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးနေ

Dawei Watch

August 13, 2023

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ အရှေ့မော်တုန်းရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်က ဒေသခံရွာသားအချို့ကို ဖမ်းဆီးစစ်ဆေးနေကြောင်း ဒေသခံများက ပြောသည်။ ဘန်းလမွတ်ကျေးရွာအုပ်စုရှိ စစ်ကောင်စီတပ်သားများသည် အရှေ့မော်တုန်းကျေးရွာအုပ်စုသို့ ဩဂုတ်လ ၁၂ရက်နေ့က စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းဖြစ်သည်။ ယင်းနောက် အရှေ့မော်တုန်းကျေးရွာအုပ်စုရှိ အန်းနာပြင်ရွာက ဒေသခံအမျိုးသားငါးကိုကို ဖမ်းဆီးစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ “အန်းနာပြင်က အမျိုးသားငါးဦးကို ဖမ်းထားပြီး စစ်ဆေးတယ်။ သုံးဦးကိုတော့ ပြန်လွှတ်ပြီး ကောင်လေး နှစ်ယောက် ကိုတော့ ပြန်လွှတ်တာ မကြားရသေးဘူး။ဘာကြောင့် ဖမ်းတယ်ဆိုတာ ရေရေရာရာ မသိရသေးဘူး” ဟု မော်တုန်းအနောက်ကမ်းနေ အမျိုးသမီးတစ်ဦးက ယနေ့ ဩဂုတ်လ ၁၃ရက် နံနက်တွင် ပြောဆိုသည်။ ဩဂုတ်လ ၁၂ရက် နံနက်က အင်အားတစ်ရာနီးပါးရှိ စစ်ကောင်စီတပ်သားများ အုပ်စုခွဲကာ စစ်ကြောင်းထိုး ဝင်ရောက်လာမှုကြောင့် အရှေ့မော်တုန်းကျေးရွာအုပ်စုရှိ ထုံနွယ်၊ ရွာမ၊ […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

August 12, 2023

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဩဂုတ်လ ၆ ရက်နေ့မှ ဩဂုတ်လ ၁၂ ရက်နေ့အထိ NCA မရှိတော့ဘူးလို့ KNU ပြော တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု သဘောတူစာချုပ် NCA ကို လိုက်နာစရာ အကြောင်းမရှိတော့ဘူးလို့ ကရင်အမျိုးသားအစည်းအရုံး KNU ဘက်က ပြောဆိုလိုက်ပါတယ်။ NCA စာချုပ်ရဲ့ နှလုံးသားလို့ ပြောလို့ရတဲ့ အခန်း (၁) အခြေခံမူတွေကို စစ်ကောင်စီတပ်က နင်းခြေဖျက်ဆီး ပစ်တာကြောင့် NCA မရှိတော့ဘူးလို့ KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးက ပြောပါတယ်။ KNU ၁၇ ကြိမ်မြောက်ကွန်ဂရက်အပြီး ရက်တစ်ရာပြည့်ဖြစ်တဲ့ ဩဂုတ်လ ၁၀ ရက်နေ့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောဆိုလိုက်တာပါ။ […]

ရာသီဖွင့်ပွဲစဉ်ကို အာဆင်နယ် အနိုင်ရလဒ်နှင့် အစပြု၊ နော်တင်ဟမ်ဖောရက်စ်ကို နှစ်ဂိုး တစ်ဂိုးဖြင့်ကပ်နိုင်

Dawei Watch

August 12, 2023

ပရီးမီးယားလိဂ် ရာသီဖွင့်ပွဲစဉ်ကို အိမ်ကွင်း အမ်းမရိတ်စ်၌ ကစားခဲ့ရသော အာဆင်နယ်အသင်းသည် နော်တင်ဟမ်အသင်းကို နှစ်ဂိုး တစ်ဂိုးဖြင့် ကပ်နိုင်ကာ ရာသီဖွင့်၌ ရမှတ် ၃ မှတ် ရယူသွားနိုင်ခဲ့ကြောင်း သိရှိရသည်။ အာဆင်နယ်သည် ကစားကွက်အသာစီးဖြင့် နော်တင်ဟမ်ကို ဖိအားပေးနိုင်ခဲ့သော်လည်း အဆုံးသတ်ပိုင်း အားနည်းသည့်အတွက် ယခုကဲ့သို့ ကပ်နိုင်ရုံရလဒ်မျှဖြင့်သာ ကျေနပ်လိုက်ရခြင်းဖြစ်သည်။ နော်တင်ဟမ်ဖောရက်စ်သည် အာဆင်နယ်ကို ကစားကွက်ချင်း ယှဉ်နိုင်စွမ်း လုံးဝမရှိခဲ့ဘဲ ခံစစ်နှင့် တန်ပြန်တိုက်စစ်တို့ကိုသာ အားပြုသွားခဲ့ရပြီး အာဆင်နယ်မှာ ပထမပိုင်း ၄၅ မိနစ် ပြီးဆုံးချိန်ကတည်းကပင် နှစ်ဂိုး ဂိုးမရှိဖြင့် ပွဲကို ဦးဆောင်ထားနိုင်ခဲ့သည်ကို မြင်တွေ့ကြရသည်။ အာဆင်နယ်အတွက် အဆိုပါ ဦးဆောင်ဂိုး ၂ ဂိုးကို နကီးတီးယား(၂၆ မိနစ်)နှင့် ဆာကာ(၃၂ မိနစ်)တို့က သွင်းယူပေးခဲ့ကြခြင်းဖြစ်သည်။ ဒုတိယပိုင်း ၄၅ […]

ဟယ်ရီကိန်းကို ဘိုင်ယန်မြူးနစ် တရားဝင် မိတ်ဆက်၊ ကျောနံပါတ် ၉ ဝတ်ဆင်မည်

Dawei Watch

August 12, 2023

ဂျာမန်ဘီလူးကြီး ဟု တင်စားခေါ်ဝေါ်ခံရသည့် ဘိုင်ယန်မြူးနစ်အသင်းသည် တိုက်စစ်မှူး ဟယ်ရီကိန်းကို အသင်းကစားသမားသစ်အဖြစ် တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်သည်။ ဘိုင်ယန်မြူးနစ်သည် ဟယ်ရီကိန်းကို ဂျာမန်ဘွန်ဒက်စ်လီဂါဘောလုံးလောက၏သမိုင်းဝင် စံချိန်တင်ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၁၀၀ ပေးချေကာ ခေါ်ယူလိုက်ခြင်းဖြစ်ပြီး စပါးအသင်းခေါင်းဆောင်ဖြစ်ခဲ့သော ဟယ်ရီကိန်းကလည်း ယခုအချိန်မှာ စပါးကို စွန့်ခွာသင့်ပြီဟု မှတ်ထင်ယူဆရသည့်အတွက် စွန့်ခွာလိုက်ခြင်းဟု ထုတ်ဖော်ပြောဆိုသွားခဲ့သည်။ ဟယ်ရီကိန်းသည် ယမန်နေ့ကတည်းကပင် အပြောင်းအရွှေ့အတွက် ဆေးစစ်မှုများ အောင်မြင်ခဲ့ပြီး ယနေ့တွင် ဘိုင်ယန်မြူးနစ်က ဟယ်ရီကိန်းကို တရားဝင်စာချုပ်ချုပ်ဆို လက်မှတ်ရေးထိုးကာ အသင်းကစားသမားအဖြစ် မိတ်ဆက်လိုက်ခြင်းဖြစ်သည်။ ဘိုင်ယန်မြူးနစ်သည် ဟယ်ရီကိန်းကို လေးနှစ်သက်တမ်းရှိ စာချုပ်တစ်ရပ် လက်မှတ်ရေးထိုးလိုက်ခြင်းဖြစ်ပြီး ယင်းစာချုပ်အရ ဟယ်ရီကိန်းမှာ ၂၀၂၇ ခုနှစ် ဇွန်လ ၃၀ ရက်နေ့ထိတိုင် ဘိုင်ယန်မြူးနစ်ကစားသမားအဖြစ် ရှိနေတော့မည်ဖြစ်သည်။ ဘိုင်ယန်မြူးနစ်သည် ဟယ်ရီကိန်း ဝတ်ဆင်ကစားမည့် ကျောနံပါတ်ကိုလည်း တရားဝင် […]

မော်တုန်းရွာသို့ စစ်ကြောင်းထိုးလာသဖြင့် ဒေသခံများ ထွက်ပြေးနေရ

Dawei Watch

August 12, 2023

မြိတ်ခရိုင်၊တနင်္သာရီမြို့နယ်၊ အရှေ့မော်တုန်းကျေးရွာဘက်သို့ စစ်ကောင်စီတပ်သားများ စစ်ကြောင်းထိုးလာသည့်အတွက် ရွာသားများ ထွက်ပြေးနေရကြောင်း ဒေသခံများထံမှသိရသည်။ ယနေ့(သြဂုတ် ၁၂) နံနက် ၇ နာရီခန့်တွင် အင်အားတစ်ရာဝန်းကျင်ရှိ စစ်ကောင်စီတပ်များ အရှေ့မော်တုန်းကျေးရွာအုပ်စု ထုံနွယ်၊ရွာမ၊အန်းနာပြင်၊အောက်ကိုင်း စသည့်ကျေးရွာများသို့ ရောက်ရှိလာသဖြင့် ဒေသခံရာချီ ထွက်ပြေးနေရခြင်းဖြစ်ကြောင်း သိရှိရသည်။ “အိမ်တွေမှာက အမျိုးသမီး အနည်းအကျဥ်းပဲကျန်ရစ်တယ်။ ယောင်္ကျားတွေတော့ အကုန်ပြေးနေ၊ ရှောင်နေရတယ်၊ အိမ်နှစ်ဆောင်သုံးဆောင်လည်း သူတို့ဝင်မွှေလိုက်တယ် ကြားရတယ်”ဟု မော်တုန်းအနောက်ကမ်းနေ အမျိုးသမီးကပြောသည်။ စစ်ကောင်စီတပ်က အုပ်စုခွဲကာ ဥယျာဥ်ကြိုကြားမကျန် လိုက်လံရှာဖွေမှုများ ပြုလုပ်နေကြောင်း၊ ရွာသားများအား ဖမ်းဆီးခြင်းမျိုးကိုမူ မကြားရသေးသလို ယနေ့မွန်းလွဲ ၃ နာရီအချိန်အထိ နှစ်ဖက်ပစ်ခတ်မှုများ မရှိသေးကြောင်း ဒေသခံအမျိုးသား တစ်ဦးကပြောသည်။ “ကလေးတစ်ယောက် ပြေးလို့ဆိုပြီးပစ်တယ်။ မထိဘူး ခြောက်ပစ်ပစ်တယ် ထင်တယ်”ဟု ၎င်းကပြောသည်။ မော်တုန်းအရှေ့ကမ်းကျေးရွာ၏ တစ်ဖက်ကမ်းတွင် […]