စစ်ကောင်စီတပ်ပစ်သည့် လက်နက်ကြီးကျည် ပကာရီရွာဘုန်းကြီးကျောင်းထဲကျပြီး အမျိုးသားတစ်ဦးဒဏ်ရာရ
Dawei Watch
August 12, 2023ထားဝယ်မြို့နယ် ပကာရီရဲစခန်းက ပစ်ခတ်သည့်လက်နက်ကြီးကျည် ပကာရီရွာလယ်ဘုန်းကြီးကျောင်းထဲ ကျရောက်ပေါက်ကွဲပြီး အမျိုးသားတစ်ဦး ကျည်စထိမှန်ဒဏ်ရာရကြောင်း ဒေသခံများထံက သိရသည်။ ဩဂုတ်လ ၁၁ ရက် နံနက် ၇ နာရီခန့်က ပကာရီရွာရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လက်နက်ကြီးနှင့် သွားရောက်ပစ်ခတ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယင်းနောက် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ပြီး ပကာရီရွာလယ်ဘုန်းကြီးကျောင်းထဲက ဓမ္မာရုံကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “အမျိုးသားမှာက လည်ပင်းမှာ ရှပ်ထိတယ်လို့ပြောတယ်၊ ဘုန်းကြီးတစ်ပါးကတော့ သင်္ကန်းကိုပဲ အစလာစင်တာမျိုး ရှိတယ်လို့ဆိုတယ်” ဟု ၎င်းက ပြောဆိုသည်။ ကျန်းမာရေးမကောင်းသည့် ရွာလယ်ဘုန်းကြီးကျောင်း ကျောင်းထိုင်ဘုန်းကြီးကို ပြုစုပေးနေသည့် အမျိုးသား၏ လည်ပင်းကို လက်နက်ကြီးကျည်စ ထိမှန်ခြင်းဖြစ်ကြောင်း ပကာရီကျေးရွာက အမျိုးသမီးတစ်ဦးက ပြောသည်။ “အဲဒီကျောင်းမှာ စာသင်နေတဲ့ […]


