ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မုန်းတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူခုနစ်သောင်းနီးပါး ထွက်ပြေးတိမ်းရှောင်

Dawei Watch

December 7, 2023

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ခုနစ်သောင်းနီးပါး ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ယနေ့ ဒီဇင်ဘာလ ၇ရက်တွင် ထုတ်ပြန်သည်။ လေကြောင်းဖြင့် ပစ်ခတ်ခဲ့သောကြောင့် ရေလဲ ကျေးရွာအတွင်းရှိ ဘုရားကျောင်းတစ်ကျောင်းနှင့် နေအိမ် လေးလုံး ထိခိုက်ပျက်စီးခဲ့ကြောင်း ဖော်ပြသည်။ ယင်းသို့ လေကြောင်းတိုက်ခိုက်မှုကြောင့် မုန်းမြို့ပေါ် ရပ်ကွက်များနှင့် အနီးအနားရှိ ကျေးရွာ ၉၅ ရွာက ဒေသခံပြည်သူ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း KNU က ထုတ်ပြန်သည်။ ယင်းအနက် စာရင်းကောက်ယူရရှိထားသည့် ကျေးရွာ ၈၅ ရွာက ဘေးလွတ်ရာသို့ တိမ်းရှောင်နေရသည့် ဒေသခံပြည်သူ ၆၈,၀၀၀ ကျော် ရှိကြောင်းလည်း ဖော်ပြသည်။ စစ်ဘေးရှောင်များအတွက် အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများဖြစ်သည့် စာနပ်ရိက္ခာ၊ နေရာထိုင်ခင်းအတွက် […]

မွန်တွင် စက်သုံးဆီပြတ်လပ်၊ တစ်လီတာ ကျပ် ၄၀၀၀ နီးပါးဖြင့် တန်းစီဝယ်ရ

Dawei Watch

December 7, 2023

မွန်ပြည်နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်အချို့တွင် ဆီပြတ်လပ်နေပြီး စက်သုံးဆီ ၉၂ ၊ ၉၅ တစ်လီတာလျှင် ကျပ် ၄၀၀၀ နီးပါးဖြင့် တန်းစီဝယ်ယူနေရကြောင်း သုံးစွဲသူတို့ထံမှ သိရသည်။ ယနေ့ ဒီဇင်ဘာလ ၇ ရက်နေ့တွင် ပြည်နယ်အတွင်းရှိ စက်သုံးဆီဆိုင်အချို့တို့တွင် ဆီဝယ်ယူရရှိနေသော်လည်း နာရီနှင့်ချီ တန်းစီစောင့်ဆိုင်းနေရသည့်အပြင် ဆီစျေးလည်း အဆမတန် စျေးတင်ရောင်းနေကြကြောင်း သုံးစွဲသူတို့က ဆိုသည်။ “အချို့ဆိုင်က ပိတ်ထားကြတယ်။ ရတဲ့ဆိုင်တွေမှာလည်း တစ်နာရီ နှစ်နာရီလောက် တန်းစီစောင့်ရတယ်။ စျေးကလည်း 95 ၊ 92 က တစ်လီတာ ၃၈၀၀ အထိ ပေးရတာရှိတယ်။ ဆီစျေးတွေက ဆိုင်ကပြောတဲ့အတိုင်းနဲ့ ဝယ်နေရတယ်” ဟု မော်လမြိုင်မြို့ပေါ်က သုံးဘီးဆိုင်ကယ်မောင်းသူတစ်ဦးက ပြောသည်။ ယင်းအပြင် ရောင်းချပေးနေသည့် စက်သုံးဆီဆိုင်အချို့ကလည်း ဆီကို အကန့်အသတ်ဖြင့်သာ […]

တောက်ထိန်တောင်အနီး စစ်ကောင်စီတပ်ကား မိုင်းဆွဲခံရ

Dawei Watch

December 7, 2023

သရက်ချောင်းမြို့နယ် ညောင်ဇင်ကျေးရွာနှင့် ရန်တောင်ကျေးရွာကြားရှိ တောက်ထိန်တောင်ဘုရား မုဒ်ရှေ့အနီးတွင် စစ်ကောင်စီတပ်ကား မိုင်းဆွဲခံရကြောင်း ဒေသခံများက ပြောသည်။ သရက်ချောင်းဘက်မှ ထားဝယ်ဘက်သို့ မြိတ်-ထားဝယ်ကားလမ်းအတိုင်း မောင်းလာသည့် စစ်တပ်ကားမှာ ဒီဇင်ဘာ ၅ ရက် ည ၈ နာရီခန့်တွင် မိုင်းဆွဲတိုက်ခိုက်ခံရသည်ဟု ဒေသခံများကပြောသည်။ “ခါတိုင်း အဲ့ဒီနားမှာ မိုင်းဆွဲခံရရင် သေနတ်ပစ်ဖောက်တာတွေရှိတယ်။ ဆိုတော့ ညကလည်း ရွာထဲမွှေဦးမလားမသိဘူးဆိုပြီး စောင့်ကြည့်နေသေးတယ်၊ ဒါပေမဲ့ ညက ဘာသံမှမကြားဘူး။ သူတို့လူ မနာလို့ဖြစ်မှာပေါ့။ လူထိခိုက်မှုမရှိလို့ထင်တယ်။ ကားတော့ ပျက်စီးတယ်လို့ ကြားရတယ်” ဟု ရန်တောင်ကျေးရွာက အမျိုးသမီးတစ်ဦးက ပြောသည်။ စစ်တပ်ကားသုံးစီးတက်လာခြင်းဖြစ်ပြီး ထိခိုက်ပျက်စီးသည့်ကားကို ရွှေဂူတံတားစစ်ဆေးရေးဂိတ်တွင် ထားခဲ့သည်ဟု ညောင်ဇင်ကျေးရွာက ဒေသခံအမျိုးသားက ပြောသည်။ ယင်းမိုင်းဆွဲတိုက်ခိုက်မှုကို ထားဝယ်နဂါး တပ်ခွဲ (၂)နှင့် ထားဝယ်လူငယ်လက်ရုံးတပ်တို့ […]

ရေဖြူ ဇီးကျတိုးဂိတ်နှင့် ထောင်သစ် မီးရှို့ခံရပြီးနောက် ရွာသားများ ရိုက်နှက်စစ်ဆေးခံရ

Dawei Watch

December 7, 2023

ရေဖြူမြို့နယ် ဇီးကျရွာတွင်ရှိသည့် လမ်းအသုံးပြုခ ကောက်ခံသည့်ဂိတ်နှင့် ထောင်သစ် တည်ဆောက်ရေးလုပ်ငန်းခွင် မီးရှို့ခံရပြီးနောက် စစ်ကောင်စီတပ်က ရွာသားများကို ခေါ်ယူကာရိုက်နှက် စစ်ဆေးခဲ့သည်ဟု ဒေသခံများထံမှသိရသည်။ ဒီဇင်ဘာလ ၃ ရက်နေ့က ထားဝယ်အကျဉ်းထောင်သစ် တည်ဆောင်ရေး လုပ်ငန်းခွင့်နှင့် ဒီဇင်ဘာလ ၄ ရက်နေ့တွင် လမ်းအသုံးပြုခကောက်ခံသည့်ဂိတ်(တိုးဂိတ်)ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ တစ်ခုက ဝင်ရောက်မီးရှို့ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီတပ်သည် ဒီဇင်ဘာလ ၆ ရက်နေ့မနက်စောစောပိုင်းက ညင်းထွေးရွာဘက်မှ ဇီးကျရွာအထက်ပိုင်းသို့ရောက်လာခြင်းဖြစ်သည်။ ယင်းနောက် ဇီးကျရွာမှ အမျိုးသား၊အမျိုးသမီး၊ လူငယ်၊သက်ကြီးရွယ်အိုများပါမကျန် ခေါ်ယူကာ ကားလမ်းမကြီးရှိ တိုးဂိတ်အနီးတွင် ထိုင်စေကာ တစ်ဦးချင်းကို စစ်ဆေးမေးမြန်းခဲ့ခြင်းဖြစ်သည်။ လက်ကိုင်ဖုန်းတွင် PDF နှင့် ဆက်သွယ်ပြောဆိုရေးသားခြင်း၊ တော်လှန်ရေး ပိုစ့်များကို မျှဝေထားခြင်း ပြုထားသူများကို ရိုက်နှိက်စစ်ဆေးခဲ့သည်ဟု သိရသည်။ လူငယ်ပိုင်း အရွယ် အမျိုးသားများမှာ အများဆုံးရိုက်နှက်စစ်ဆေးခံရခြင်းဖြစ်ကြောင်း […]

ပထုံဌာနီတွင် ယာဉ်တိုက်မှုကြောင့် မြန်မာလုပ်သား ၁၅ ဦးဒဏ်ရာရ

Dawei Watch

December 7, 2023

 ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး ပထုံဌာနီခရိုင်တွင် အလုပ်မှ ပြန်လာသော မြန်မာအလုပ်သမားများပါလာသည့် ပစ်ကပ်ကားတစ်စီးသည် ယနေ့ (ဒီဇင်ဘာ ၇) နံနက်ပိုင်းတွင် မတော်တဆမှုဖြစ်ပွားခဲ့ရာ မြန်မာအလုပ်သမား ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင်‌ ဖော်ပြထားသည်။ ခလောလွမ်ဒေသ ဖဟိုယိုထင်လမ်းတွင် နံနက် ၆ နာရီအချိန်ခန့်က ပစ်ကပ်ကားသည် ပစ္စည်းပို့သော ကွန်တိန်နာ ကုန်တင်ကားတစ်စီးကို အနောက်က ဝင်တိုက်ခဲ့ပြီး တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။ ပစ်ကပ်ကားကို မြန်မာနိုင်ငံသား စောရန်နိုင်အမည်ရှိသူက မောင်းနှင်လာပြီး မြန်မာအလုပ်သမား ၂၀ ဦး လိုက်ပါလာခဲ့ကြောင်း သိရသည်။ ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိလာသောအခါ ဘေးစောင်းတိမ်းမှောက်နေသော ပစ်ကပ်ကားပေါ်က မြန်မာအလုပ်သမားများကို ကယ်ထုတ်ခဲ့ပြီး ဒဏ်ရာရရှိထားသော ၁၅ ဦးကို ဆေးရုံသို့ အမြန်ပို့ဆောင်ပေးခဲ့ကြောင်း သတင်းတွင်ဖော်ပြထားသည်။  ပစ်ကပ်ကားအနီးတွင် ကွန်တိန်နာကားတစ်စီးကို တွေ့ရပြီး […]

ကော့သောင်းခရိုင်အတွင်း စစ်ရေးအရှိန်မြင့်မည်ဟု ပကဖ ထုတ်ပြန်

Dawei Watch

December 7, 2023

ကော့သောင်းခရိုင်အတွင်း စစ်ရေးအရှိန်မြင့်သွားမည်ဟု ကော့သောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့တွင် ထုတ်ပြန်လိုက်သည်။ နိုင်ငံတစ်ဝန်း စစ်ရေးအရှိန်မြှင့် လှုပ်ရှားနေသော အချိန်အခါဖြစ်သည့်အတွက် မိမိတို့ ကော့သောင်းပြည်သူ့ကာကွယ်ရေးအဖွဲ့မှလည်း စစ်ရေးလှုပ်ရှားမှု အရှိန်မြှင့်တော့မည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။ ယင်းကြောင့် ကော့သောင်းခရိုင်၊ကော့သောင်းမြို့နယ်နှင့် ခမောက်ကြီးမြို့နယ်များအတွင်း သွားလာကြနေသည့် ပြည်သူများ၊ မော်တော်ယာဥ်များအနေဖြင့် စစ်ကောင်စီယာဥ်တန်းများနှင့် နီးကပ်စွာ သွားလာခြင်းမပြုရန် တစ်စုံတစ်ရာ ဖုံးအုပ်ပြီး မသွားကြရန် အလေးအနက် တိုက်တွန်းကြောင်း သတိပေးထုတ်ပြန်ထားသည်။ “စစ်ရေးအရှိန်မြင့်တော့မယ်ဆိုတော့ ပိုပြီးသတိထားသွားလာရဖို့ရှိတယ်။ရှေ့နားမှာ ပြဿနာတက်နေတယ်လို့ ပြောသံကြားရင် ဆက်မသွားတော့ဘူး။ အားလုံးငြိမ်သက် အေးဆေးသွားပြီဆိုမှ ဆက်သွားရတာပေါ့။ခရီးသည်တွေလည်း ပုံမှန်သွားလာနေပါတယ်”ဟု မြိတ်-ကော့သောင်း ခရီးသည်ယာဥ်မောင်း တစ်ဦးကပြောသည်။ ယခုသတင်းတစ်ပတ်အတွင်း မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းပေါ်ရှိ တုံးဗျော၊ကမ်းတို၊ချောင်းမွန်ငါးရွာနှင့် တနင်္သာရီ-ဘုတ်ပြင်းနယ်စပ်ဖြစ်သည့် ဝမ်းဇီးရိုးတူးဇီးရိုးတောင်တွင်လည်း နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွါးခဲ့သေးကြောင်း ယာဥ်မောင်းများနှင့် တော်လှန်ရေးအဖွဲ့များ ထံမှသိရသည်။ မြိတ်-ကော့သောင်းသို့သွားသည့် ကားများမှာ မိုးမချုပ်မီနေ့ပိုင်းတွင် […]

ကိုးကန့်ဒေသတွင် စစ်ကောင်စီတပ်စခန်းလေးခုသာကျန်တော့သည်ဟု MNDAA ပြော

Dawei Watch

December 7, 2023

ကိုးကန့်ဒေသတွင် စစ်ကောင်စီတပ်စခန်း လေးခုသာ ကျန်ရှိတော့ကြောင်း မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) အာဘော် ကိုးကန့်မီဒီယာက ဖော်ပြသည်။ လောက်ကိုင်မြို့တောင်ဘက်ရှိ မြို့ကို အပေါ်စီးက မြင်ရသည့် တာရင်တောာင်ပေါ်က စစ်ကောင်စီတစ်ခန်းကို သိမ်းယူနိုင်ခဲ့ပြီးနောက် လောင်ကိုင်မြို့တောင်ဘက်တွင် စစ်ကောင်စီတပ်စွဲထားသည့် အရေးကြီးသည့် High Point နေရာများ မရှိတော့ကြောင်းလည်း ဖော်ပြသည်။ လက်ရှိ ကိုးကန့်ဒေသတွင်း မီရှင့်ကုတ် ၊ နန်ထင်မိန် ၊ ရန်လုံကျိုင့်နှင့် တာရွှေထန်တို့တွင်သာ စစ်ကောင်စီ တပ်စခန်းများ ကျန်ရှိတော့ကြောင်း ရေးသားထားသည်။ ထို့ကြောင့် MNDAA ၏ ကိုးကန့်ဒေသပြန်လည်ထူထောင်ရေး အောင်မြင်တော့မည်ဖြစ်ကြောင်းလည်း ကိုးကန့်မီဒီယာက ဖော်ပြသည်။ တာရင်တောင်သည် စစ်ကောင်စီ လောက်ကိုင်မီရှင့်ကုတ် ဒေသကွက်ကဲမှုစစ်ဌာနချုပ် ဒကစ နှင့် ၂မိုင်သာ ကွာဝေးကြောင်း ဆိုသည်။ စစ်ကောင်စီက […]

ထိုင်းဆုန်ခရမ်ပွဲတော်ကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်

Dawei Watch

December 6, 2023

ထိုင်းနိုင်ငံ၏ နှစ်သစ်ကူး ရေကစားပွဲတော်ဖြစ်သော ဆုန်ခရမ်ပွဲတော် (Songkran) အား ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် ယနေ့ ဒီဇင်ဘာလ ၆ ရက်နေ့တွင် သတ်မှတ် ကြေညာလိုက်သည်။ ထိုဆုံးဖြတ်ချက်ကို ထိုင်းစံတော်ချိန် ယနေ့မွန်းလွဲပိုင်းတွင် UNESCO က ကြေညာခဲ့ခြင်းဖြစ်သည်။ ထိုင်းရိုးရာနှစ်သစ်ကူးပွဲတော်အဖြစ် ဆုန်ခရမ်ရေကစားပွဲတော်ကို နှစ်စဉ် ဧပြီလ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အထိ သုံးရက်ကြာ ကျင်းပသည်။ ရေကစားပွဲတော်ဟု လူသိများသော ဆုန်ခရမ်ပွဲတော်သည် သန့်ရှင်းစင်ကြယ်ခြင်းနှင့် ‌ဆေးကြောခြင်း၏ အထိမ်းအမှတ်တစ်ခုဖြစ်သည်။ ဆုန်ခရမ်ပွဲတော်နေ့တွင် ရေကစားခြင်းအပြင် သက်ကြီးပူဇော်ခြင်း၊ သံဃာများကို လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ ထိုင်းရိုးရာ အစားအစာများ နှင့် ရိုးရာသီချင်းများဖြင့် ပျော်ပွဲရွှင်ပွဲများ ကျင်းပခြင်းများလည်း ပါဝင်သည်။ ဆုန်ခရမ်ပွဲတော်သည် ရှေးခေတ်ဟိန္ဒူရိုးရာ ကောက်ရိတ်သိမ်းပွဲနှင့် နှစ်သစ်ရောက်ရှိလာမှုကို ကိုယ်စားပြုရာမှ ဆင်းသက်လာသည်ဟု […]