မြိတ်ပင်လယ်ကမ်းနားတွင် ပုပ်ပွနေသည့်အလောင်းတွေ့
Dawei Watch
February 5, 2024မြိတ်မြို့ကမ်းနားလမ်း ဆိပ်ကမ်းရှိ ပင်လယ်ကမ်းစပ်တွင် ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက်ပိုင်းက ပုပ်ပွသေဆုံးနေသည့် အမျိုးသားအလောင်းတွေ့ရှိခဲ့ကြောင်း ချစ်ကြည်ရေးပရဟိတအသင်း(မြိတ်)ထံမှ သိရသည်။ သေဆုံးရသည့် အကြောင်းအရင်းနှင့် မည်သူမည်ဝါ ဖြစ်သည်ဆိုခြင်းကို မသိရသေးပေ။ “ပုပ်ပွနေပြီး အရိုးကျတော့မယ်၊ ရေမြုပ်အလောင်းတော့ ခဏ ခဏ တွေ့ရတတ်တယ်။ လှေသားတွေ လှေပေါ်ကကျတာမျိုးတွေပေါ့ “ဟု ချစ်ကြည်ရေးပရဟိတအသင်း(မြိတ်)မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ အလောင်းကို မြိတ်မြို့ရှိ စစ်ဆေးရုံရင်ခွဲဌာနသို့ ပို့ဆောင်ပေးထားကြောင်း အထက်ပါအဖွဲ့ထံမှသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့ကလည်း မြိတ်မြို့အနောက်လယ်ရပ်ကွက် အမှတ် ၁ ဘောတံတားအနီး ဂိုဒေါင်ရှေ့တွင်သေဆုံးနေသည့် ပိုင်ရှင်မဲ့အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိခဲ့ရသေးသည်။ ယင်းကြောင့်မြိတ်မြို့တွင် ယခုဖေဖော်ဝါရီလဆန်း ၅ ရက်ခန့်အတွင်း ချစ်ကြည်ရေးပရဟိတအသင်းက သယ်ယူပေးရသည့် ပိုင်ရှင်မဲ့ အလောင်းနှစ်လောင်း အထိရှိလာပြီဖြစ်သည်။ ပြီးခဲ့သည့် နှစ်ကလည်း တနင်္သာရီတိုင်းအတွင်း […]


