ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

လုံခြုံရေးတင်ကြပ်ထားသည့် လောင်းလုံးမြို့ပေါ်တွင် ဆန္ဒထုတ်ဖော်

Dawei Watch

December 9, 2023

လုံခြုံရေးတင်းကြပ်ထားသည့် လောင်းလုံးမြို့ပေါ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုကို ယနေ့ (ဒီဇင်ဘာ ၉)နံနက်ပိုင်းက ပြုလုပ်ခဲ့ကြသည်။ လောင်းလုံးမြို့နယ်ဆေးရုံနှင့် မြို့တော်ခန်းမရှေ့တွင် သပိတ်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မြို့တော်ခန်းမအရှေ့တွင် “ဖက်ဆစ်စစ်တပ်ကိုစွန့်ခွာကြ၊ ပြည်သူ့ရင်ခွင်ခုံလှုံကြ” စာသားပါ ဘန်နာကိုချိတ်ဆွဲ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။ စစ်ကောင်စီဘက်တော်သားများ ပြည်သူဖက်ကိုကူးပြောင်းလာကြရန်တိုက်တွန်းသည့်အနေဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ထားဝယ်ခရိုင်ဒီမိုကရေစီလှုပ်ရှားမှု သပိတ်ကော်မတီက ထုတ်ပြန်သည်။ ယင်းသပိတ်လှုပ်ရှားမှုမှာ မြန်မာနိုင်ငံတွင် အရှည်ကြာဆုံး အကြမ်းမဖက် စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ် တစ်ခုဖြစ်ပြီး စစ်ကောင်စီကနှိမ်နင်းရန် ကြိုးစားနေသော်လည်း ရက်ပေါင်း ၉၀၀ ကြာသည်အထိ လှုပ်ရှားမှုများ လုပ်ဆောင်နိုင်ဆဲဖြစ်သည်။ ဒီဇင်ဘာလ ၆ ရက်က လောင်းလုံးမြို့ပေါ်ရှိ စစ်ဖက်ရေးရာလုံခြုံရေးရုံးနှင့် မြို့မရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လာရောက်တိုက်ခိုက်ခဲ့ပြီးနောက် မြို့ပေါ်တွင် အရင်ကထက် လုံခြုံရေးတိုးမြှင့်ထားပြီး စစ်ဆေးမှုတင်းကြပ်ထားကြောင်း ခရီးသည်အချို့ကပြောသည်။ ‌“လဝကရုံးရှေ့မှာ ဘယ်ရီဂိတ်တွေချထားလိုက်တယ်။ အရင်လိုမျိူးမဟုတ်တော့ဘူး။ မြွေလိမ်၊ မြွေကောက်သွားရတာ။ […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

Dawei Watch

December 8, 2023

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဒီဇင်ဘာ ၂ ရက်နေ့မှ ၈ ရက်နေ့အထိ အင်ဒိုနီးရှားတွင် ရေကြီးမြေပြိုမှုကြောင့် လူ ၁၀ ဦးပျောက်ဆုံးနေ အင်ဒိုနီးရှားနိုင်ငံ ဆူမာတြားကျွန်းမှာ မိုးကြီးရေလျှံမှုတွေကြောင့် အနည်းဆုံး လူ ၁၀ ဦး ပျောက်ဆုံးနေတယ်လို့ အာဏာပိုင်တွေက ဒီဇင်ဘာ ၆ ရက်နေ့က ပြောပါတယ်။ ကယ်ဆယ်ရေးသမား ၅၀၀ လောက်ကနေ ပျောက်ဆုံးနေတဲ့သူတွေကို ရှာဖွေနေဆဲဖြစ်ပါတယ်။ ဒီဇင်ဘာလ ၁ ရက်နေ့က တောင်ကမ်းပါးပြိုကျလို့ ရွှံ့၊ ကျောက်တုံးတွေနဲ့ သစ်ပင်တွေက တောင်စောင်းကျေးရွာတွေကတဆင့် မြစ်ထဲ အထိ ရောက်ခဲ့တာပါ။ ဓါတ်ပုံတွေအရတော့ ဘုရားကျောင်းတစ်ကျောင်း၊ စာသင်ကျောင်း၊ ဟိုတယ်နဲ့ နေအိမ်တွေ ပျက်စီးနေတာကို တွေ့ရပါတယ်။ ဆူမာတြားမြောက်ပိုင်းက […]

မြိတ်တွင် စပါးဈေး ယမန်နှစ်ထက် နှစ်ဆနီးပါးမြင့်တက်

Dawei Watch

December 8, 2023

မြိတ်ဒေသက ထွက်ရှိသည့် စပါးဈေးနှုန်းသည် ယမန်နှစ်ထက် နှစ်ဆနီးပါးအထိမြင့်တက်လာကြောင်း စပါးစိုက်တောင်သူအချို့ထံမှ သိရသည်။ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်းက စပါးတစ်တင်းလျှင် ၁၂၀၀၀ ကျပ်ရှိခဲ့ပြီး ယခုနှစ် ဒီဇင်ဘာလတွင် ၁၇၅၀၀ မှ ၂၀၀၀၀ ကျပ်အထိ ရှိလာကြောင်း ၎င်းတို့ထံမှ သိရသည်။ “ဒီနှစ်က မိုးလေလည်းမှန်တာဆိုတော့ မနှစ်ကထက် စပါးနည်းနည်းပိုရကြတယ်။ စပါးဈေးကလည်း ပိုရတာပေါ့” ဟု ကျွန်းစုမြို့နယ် သဇင်ကျေးရွာမှ လယ်ခုနစ်ဧက ပိုင်ဆိုင်သည့် ‌တောင်သူတစ်ဦးက ပြောသည်။ စပါးဈေးမြင့်တက်လာသော်လည်း အခြားတစ်ဖက်တွင် စိုက်ပျိုးရေးသွင်းအားစုများအပြင် အထွေထွေစရိတ်စကများ မြင့်တက်လာခြင်းကြောင့် အကျိုးအမြတ် နည်းကြောင်း စပါးစိုက်တောင်သူအချို့က ဆိုသည်။ “ဈေးတက်ပေမယ့် သိပ်မကျန်ဘူးပေါ့။ ကိုယ်စိုက်ထားတဲ့ ငွေရင်းနဲ့ စားဖို့အတွက် စပါးကျန်တာပေါ့” မြိတ်မြို့နယ် တောင်ရှည်ရွာရှိ စပါးစိုက်တောင်သူတစ်ဦးက ပြောသည်။ စပါးစိုက်ပျိုးရန် ကုန်ကျထားသည့် […]

ကျွန်းစု မင်းဂုတ်ရွာတွင် တိုက်ပွဲဖြစ်နေ

Dawei Watch

December 8, 2023

မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ မင်းဂုတ်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။ မင်းဂုတ်ရွာတစ်ဝိုက်တွင် ယနေ့ ဒီဇင်ဘာလ ၈ ရက် နံနက် ၆ နာရီဝန်းကျင်ကစပြီး စစ်ကောင်စီတပ်၊ ပျူစောထီးများနှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံတို့က ဆိုသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေသဖြင့် မင်းဂုတ်ရွာနှင့် မောင်းလှော်ရွာ ဒေသခံများ ထွက်ပြေးနေကြရကြောင်းဒေသခံများက ပြောဆိုသည်။ “လှေတွေနဲ့ ထွက်ပြေးတဲ့သူ ထွက်ပြေး၊ တချို့ မပြေးနိုင်တဲ့သူကလည်း ဘုန်းကြီးကျောင်းမှာ သွားနေကြရတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ တိုက်ပွဲဖြစ်ပွားသည့် အကြောင်းအရင်း၊ တိုက်ပွဲနောက်ဆက်တွဲ အခြေအနေများနှင့်ပတ်သက်ပြီး Dawei Watch က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ ပြီးခဲ့သည့် အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်းကလည်း မင်းဂုတ်ကျေးရွာရှိ ပျူစောထီးစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များ လာရောက်တိုက်ခိုက်ခဲ့သေးသည်။ တိုက်ပွဲဖြစ်နေသည့် […]

ထားဝယ်တွင် ကျောင်းသားများစုပေါင်း၍ အမျိုးသားနေ့အခမ်းအနား ကျင်းပ

Dawei Watch

December 8, 2023

၁၀၃နှစ်မြောက် အမျိုးသားနေ့အခမ်းအနားကို ဘဝသစ်ပြည်သူ့အခြေပြုပညာရေးကျောင်း နှင့် ထားဝယ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂတို့ ပူးပေါင်း၍ ဒီဇင်ဘာလ ၇ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

မဟာချိုင်ရှိ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးဌာနစိတ်(TDCC)ကို တနင်္လာနေ့တိုင်းပိတ်မည်

Dawei Watch

December 8, 2023

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်မြို့ရှိ သာမန်မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးဌာနစိတ်၊ ယာယီအချက်အလက် ကောက်ယူရေးဌာနခွဲ (TDCC) ရုံးကို အပတ်စဉ်ရုံးပိတ်ရက်အဖြစ် တနင်္ဂနွေနေ့အစား တနင်္လာနေ့သို့ ပြောင်းလဲသတ်မှတ်မည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၅ ရက်နေ့တွင် ကြေညာထားသည်။ လာမည့် ဒီဇင်ဘာလ ၁၀ ရက်နေ့ တနင်္ဂနွေနေ့တွင် TDCC ရုံးကို ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဒီဇင်ဘာလ ၁၁ ရက်နေ့ တနင်္လာနေ့တွင် ရုံးပိတ်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။ စက်ရုံအလုပ်သမားအများစု အဆင်ပြေစေနိုင်ရန်အတွက် အပတ်စဉ် တနင်္လာနေ့ကို ရုံးပိတ်ရက်အဖြစ် ပြောင်းလဲမည်ဖြစ်ကြောင်း TDCC တာဝန်ခံတစ်ဦးက ဖြေကြားသည်။ “တနင်္ဂနွေနေ့က အလုပ်သမားတွေ ပိတ်ရက်ကို ဒီမှာလာပြီး လုပ်လို့ အဆင်ပြေအောင် ဖြစ်မယ်ဗျ။ အများစု လုံငန် (စက်ရုံ) တို့ ဘာတို့ကျတော့ တနင်္ဂနွေပဲ့ ပိတ်တာလေ။ သူတို့ပိတ်ရက်ကို […]

တနင်္သာရီတွင် လေကြောင်းအန္တရာယ်ကာကွယ်ရေး သင်တန်းပေး

Dawei Watch

December 7, 2023

တနင်္သာရီမြို့နယ်အတွင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ၏ ထိန်းချုပ်နယ်မြေအတွင်း၌ လေကြောင်းအန္တရာယ် ကာကွယ်ရေးသင်တန်းများ ပြုလုပ်နေသည်ကိုတွေ့ရစဉ်။

လောင်းလုံးတွင် ဒလန်ဟုဆိုကာ တရားမဲ့ သတ်ဖြတ်ခဲ့မှုများ NUG စစ်ဆေးနေ

Dawei Watch

December 7, 2023

လောင်းလုံးမြို့နယ်အတွင်း ဒလန်ဟုဆိုကာ တရားမဲ့သတ်ဖြတ်ထားသည့်ကိစ္စများနှင့် ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က စစ်ဆေးနေကြောင်း နိုင်ငံရေးအသိုင်းအဝိုင်း အတွင်းမှသိရသည်။ ဒလန်ဟုဆိုကာ တရားမဲ့ သတ်ဖြတ်ခြင်းကို ခံရသဖြင့် အရေးယူပေးပါရန် သတ်ဖြတ်ခံရသူများ၏ မိသားစုဝင်များနှင့် အသိုင်းအဝိုင်းများက တိုင်ကြားမှုများ လုပ်ဆောင်ထားပြီး ယင်းအပေါ် စစ်ဆေးမှုများလုပ်ဆောင်နေခြင်းဖြစ်သည်။ စစ်ကောင်စီသတင်းပေး ဒလန်ဟုဆိုကာ သုံးလအတွင်း အသက် ၆၀ ကျော်အရွယ် သီလရှင်တစ်ပါး အပါအဝင် ပြည်သူ ၇ ဦးကို သတ်ဖြတ်ရှင်းလင်းခဲ့ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယခုနှစ် စက်တင်ဘာလ အတွင်းက ထုတ်ပြန်ထားသည်။ ယင်းသို့လက်နက်ကိုင်မဟုတ်ဘဲ သတ်ဖြတ်လိုက်သည့်အပေါ် အသတ်ခံရသူများ၏ မိသားစုဝင်အချို့က ငြင်းချက်ထုတ်ပြီး အမှန်တရားကိုလိုချင်ကြောင်း တောင်းဆိုကြသလို ပြည်သူများ၊ တော်လှန်ရေးအုပ်စုများနှင့် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများ၏ ဝေဖန်သံလည်း ကျယ်လောင်ခဲ့သည်။ ယင်းသို့ပင် လောင်းလုံးမြို့နှင့် ထားဝယ်မြို့နယ်အကြား ကျေးရွာတစ်ရွာရှိ ရော်ဘာခြံဝင်းတစ်ခုအတွင်း […]