ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

နိုင်ငံပိုင်ဘဏ်ကြီးနှစ်ခုနှင့် စစ်ကောင်စီအတွက် လေယာဉ်ဆီတင်သွင်းသည့် ကုမ္ပဏီသုံးခုကို ဩစတြေးလျအရေးယူပိတ်ဆို့

Dawei Watch

February 1, 2024

စစ်ကောင်စီအတွက် နိုင်ငံခြားငွေရှာဖွေပေးနေသည့် နိုင်ငံပိုင်ဘဏ်ကြီးနှစ်ခုနှင့် စစ်ကောင်စီအတွက် လေယာဉ်ဆီတင်သွင်း နေသည့် ကုမ္ပဏီသုံးခုကို ဩစတြေးလျအစိုးရက ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်သည်။ စစ်ကောင်စီနှင့် တိုက်ရိုက်ဆက်နွှယ်နေသည့် အဖွဲ့အစည်းငါးခုကို ပစ်မှတ်ထားအရေးယူလိုက်ကြောင်း ဩစတြေးလျ အစိုးရက မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှု သုံးနှစ်ပြည့်သည့် ယနေ့ ဖေဖော်ဝါရီလ ၁ ရက်တွင် ထုတ်ပြန်ကြေညာ သည်။ နိုင်ငံရပ်ခြားမှ စစ်လက်နက်ပစ္စည်းများ ဝယ်ယူရာတွင် နိုင်ငံခြားငွေကြေး သုံးစွဲမှုအဆင်ပြေချောမွေ့ စေရေးအတွက် အခရာကျသည့် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို ဩစတြေးလျအစိုးရက အရေးယူခြင်းဖြစ်သည်။ ယင်းအပြင် စစ်ကောင်စီတပ်အတွက် လေယာဉ်လောင်စာဆီထောက်ပံ့နေသည့် Asia Sun Group ၊ Asia Sun Trading Co Ltd ၊ and Cargo […]

“နီတဲ့သွေးရက်သတ္တပတ်”ကို စတင်ဖော်ဆောင်ကြရန် တော်လှန်ရေးအင်အားစုများ တိုက်တွန်း

Dawei Watch

February 1, 2024

“နီတဲ့သွေး ရက်သတ္တပတ်” အဖြစ် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ၏ ပထမရက်သတ္တပတ်ကို သတ်မှတ်ပြီး တိုက်ပွဲများဖော်ဆောင်ကြရန် မြို့ပြတော်လှန်ရေးအင်အားစုများက တိုက်တွန်းလိုက်သည်။ ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့သည် စစ်အာဏာသိမ်းမှု ၃ နှစ်ပြည့်မြောက်သည့် နေ့ဖြစ်သကဲ့သို့ ပြည်သူလူထု တစ်ရပ်လုံး အသက်သွေးချွေးများစွာကို စတေး၍ လျှောက်လှမ်းခဲ့သည့် အာဏာရှင်တော်လှန်ရေး ခရီးလမ်းသည်လည်း ၃ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း တိုက်တွန်းချက်တွင် ပါရှိသည်။ ပေးဆပ်ခဲ့သူအပေါင်း၏ သွေးခင်းလမ်းမများတွင် စစ်အာဏာရှင်စနစ်ကို အမြစ်ဖတ်ချေမှုန်းနိုင်သည် အထိ တော်လှန်ရေးခရီးလမ်းကို ကြံကြံခံလျှောက်လှမ်းသွားကြရန် တော်လှန်ရေးအင်အားစုများက အဆိုပါတိုက်တွန်းချက်တွင် မေတ္တာရပ်ခံထားသည်။ ‘”နီတဲ့သွေးရက်သတ္တပတ်” လှုပ်ရှားမှုအဖြစ် မမေ့ကြနဲ့’ ၊ ‘ပေးဆပ်သူတို့ရဲ့ သွေးခင်းသောလမ်းမှာ ဆက်လက်လျှောက်လှမ်းကြ’၊ ‘စစ်အာဏာရှင်စနစ် မုချကျဆုံးရမည်’ စသည့် ကြွေးကြော်မှုများဖြင့် တိုက်ပွဲများဖော်ဆောင်ကြရန် နှိုးဆော်ထားသည်။ ယင်းအပြင် […]

လောင်းလုံးတွင် တိုက်ပွဲများကြောင့် စွန်တောင်ပေါ်ဆရာတော်စျာပန ရှေ့တိုးကျင်းပမည်

Dawei Watch

February 1, 2024

လောင်းလုံးမြို့နယ်၊ စခန်းကြီးကျေးရွာအုပ်စု၊ စွန်တောင်ပေါ်ရွာ သာသနာ့လင်္ကာရကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တစန္ဒဝံသ မထေရ်၏ အန္တိမအဂ္ဂိစျာပနအခမ်းအနား မီးပူဇော် (သင်္ဂြိုဟ်) မည့်ရက်ကို နယ်မြေအနေအထားအရ ရှေ့တိုးကျင်းပမည် ဖြစ်ကြောင်း စျာပနကူညီဆောင်ရွက်ပေးနေသူများထံက သိရသည်။ မီးပူဇော်မည့်ရက်ကို မူလက ဖေဖော်ဝါရီလ ၅ ရက်တွင် ကျင်းပရန်ကြေညာထားပြီး စျာပနကျင်းပရေး ကော်မတီ၏ ဆုံးဖြတ်ချက်အရ ဖေဖော်ဝါရီလ ၃ ရက်တွင် ပြောင်းလဲကျင်းပမည်ဖြစ်ကြောင်း ယနေ့တွင် ထပ်မံကြေညာသည်။ “ဘုန်းကြီးပျံဆို ထုံးစံအတိုင်းက ခုနစ်ရက် တစ်ပတ်ထားကြတယ်။ အခုကမြို့နယ်အထဲမှာ (လောင်းလုံးမြို့နယ်) လည်း ကြားနေရတာ သိတဲ့အတိုင်းပဲ။ အဲဒါကြောင့် စျာပနကော်မတီကတော့ အကြောင်းအမျိုးမျိုးကြောင့်ဆိုပြီး စျာပနကို ၅ ရက်တည်း ကျင်းပဖို့ဆုံးဖြတ်လိုက်တယ်” ဟု စျာပနကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောသည်။ ဆရာတော်သည် သက်တော် ၅၉ နှစ် ၊ […]

ပုလော မီးလောင်ချောင်းရွာတိုက်ပွဲတွင် နှစ်ဖက်ထိခိုက်သေဆုံးမှုနှင့် အရပ်သားထိခိုက်သေဆုံးမှုရှိ

Dawei Watch

February 1, 2024

ပုလောမြို့နယ်၊ မီးလောင်ချောင်းရွာတွင် ဇန်နဝါရီလ ၃၀ ရက်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ နှစ်ဘက်စလုံး ထိခိုက်ကျဆုံးခဲ့ပြီး အရပ်သားထိခိုက်သေဆုံးမှုလည်းရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ထံက သိရသည်။ မီးလောင်ချောင်းရွာရှိ ပျူစောထီးတပ်စခန်းကို ဇန်နဝါရီလ ၃၀ ရက် နံနက်၅နာရီခွဲတွင် စတင်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ၂ နာရီခွဲအကြာတွင် ပျူစောထီးစခန်းကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (ပုလော) ၊ မြိတ်ခရိုင် တပ်ရင်း (၁) ပြန်ကြာရေး တာဝန်ခံ ကိုအာနိုးက ပြောသည်။ “စခန်းမီးမရှို့ခင် ပျူ (ပျူစောထီး) အလောင်း ၄ လောင်းနဲ့သေနတ် ၃ လက်ရခဲ့တယ်။ စခန်းကို စဝင်စီးတဲ့အချိန်မှာ ကျွန်တော် တို့ဘက်က ရဲဘော်တစ်ယောက်ကျတယ်။ ၇နာရီခွဲကျော်ကျော်လောက်မှာက ရဲဘော်သုံးယောက် ရှေ့ဆင့်နောက်ဆင့် ကျသွားတယ်။ ဒဏ်ရာရတဲ့ တစ်ယောက်ကတော့ နောက်တစ်နေ့မှာကျသွားပါတယ်” […]

အသံတိတ်သပိတ်နေ့ မနက်ပိုင်း ထားဝယ်မြို့တွင်းမြင်ကွင်း

Dawei Watch

February 1, 2024

အသံတိတ်သပိတ်ပြုလုပ်ရန် နှိုးဆော်ထားသည့် ဖေဖော်ဝါရီလ ၁ ရက်၊ မနက်၁၀နာရီခွဲနောက်ပိုင်းတွင် ထားဝယ်မြို့ ၊ လမ်းဆုံလမ်းခွများ နှင့် အဓိကလမ်းမများ၏ မြင်ကွင်းများကို ​ဖော်ပြလိုက်ပါသည်။

မြန်မာပြည်သူ ၂၆ သိန်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးရပြီး ၁၈သန်းကျော် အကျပ်အတည်းဆိုက်

Dawei Watch

February 1, 2024

မြန်မာစစ်တပ် အာဏာသိမ်းမှုကြောင့် လူ ၂ဒသမ ၆သန်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရပြီး လူ ၁၈သန်းကျော် အကူအညီ လိုအပ်နေရာ ကြီးမားသောလူသားချင်းစာနာမှုဆိုင်ရာအကျပ်အတည်းကို ပိုမိုကျယ်ပြန့်လာစေရန် တွန်းအားပေးလျက်ရှိ ကြောင်း ဥရောပသမဂ္ဂနှင့် အမေရိကန်၊ ယူကေအပါအဝင် နိုင်ငံရှစ်နိုင်ငံတို့က ပူးတွဲထုတ်ပြန်လိုက်သည်။ စစ်အာဏာသိမ်းမှု သုံးနှစ်ပြည့်နေ့ဖြစ်သည့် ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဥရောပသမဂ္ဂကိုယ်စား အဆင့်မြင့် ကိုယ်စားလှယ်၊ သြစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေ၊ တောင်ကိုရီးယား၊ ဆွစ်ဇာလန်၊ ယူကေနှင့် အမေရိကန် ပြည်ထောင်စုတို့၏ နိုင်ငံခြားရေးဝန်ကြီးများတို့က ပူးတွဲထုတ်ပြန်ကြေညာခြင်းဖြစ်သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းလိုက်သဖြင့် ဆယ်စုနှစ် တစ်ခုစာ တိုးတက်ပြောင်းလဲမှုကို ဆိတ်သုဉ်းစေခဲ့ကြောင်း ဖော်ပြသည်။ စစ်ကောင်စီက လူထောင်ပေါင်းများစွာ ထောင်ချခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ […]

ဘန်ကောက်ရောက် မြန်မာများ ကုလသမဂ္ဂရုံးရှေ့ ဆန္ဒဖော်ထုတ်

Dawei Watch

February 1, 2024

စစ်အာဏာသိမ်း ၃ နှစ်ပြည့်လာသော်လည်း ပြည်သူများ မမေ့သေးဘဲ ဆက်လက်တော်လှန်နေသည်ကို ပြသသည့်အနေဖြင့် ဘန်ကောက်ရှိ မြန်မာအလုပ်သမားများက ယနေ့ နေ့လယ်ပိုင်းတွင် ကုလသမဂ္ဂရုံးရှေ့ ဆန္ဒပြခဲ့ကြသည်။ ယနေ့ဆန္ဒထုတ်ဖော်မှုကို ထိုင်းရောက် မြန်မာအလုပ်သမားများ၊ အလုပ်သမားအဖွဲ့အစည်းများနှင့် တက်ကြွလှုပ်ရှားသူများက ပူးပေါင်းဆောင်ရွက်ကြခြင်းဖြစ်သည်။ ယနေ့နံနက် ၁၀ နာရီအချိန်ခန့်မှစ၍ ကုလသမဂ္ဂအဖွဲ့ (UN) ရုံးရှေ့တွင် စစ်အာဏာရှင်စနစ် ပြုတ်ကျရေးအတွက် မြန်မာနိုင်ငံသားများ ပူးပေါင်းဆန္ဒပြနေခဲ့ခြင်းဖြစ်သည်။ “အကြမ်းဖက် စစ်တပ်အလိုမရှိ” “လူထုတိုက်ပွဲ အရှိန်မြှင့်ကြ” “တစ်လှိုင်းပြီး တစ်လှိုင်းလာမယ်” စသော စာသားများပါသော ဗန်ပါများ၊ အင်္ကျီများကို ဝတ်ဆင်ကာ ဘန်ကောက်မြို့ရှိ UN ရုံးရှေ့တွင် ဆန္ဒပြနေခြင်းဖြစ်သည်။ စစ်အာဏာရှင်ပြုတ်ကျရေး ကြွေးကြော်သံများ၊ သံချပ်များဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး သွေးသစ္စာသီချင်းစသော တော်လှန်ရေးသီချင်းများကိုလည်း သီဆိုခဲ့ကြသည်။ ဆန္ဒပြပွဲတွင် စစ်ကောင်စီမှ ဖြိုခွင်းမှုများ၊ ဖိနှိပ်မှုများကိုလည်း […]

အာဏာသိမ်းမှု ကန့်ကွက်သည့် အသံတိတ်သပိတ်လှုပ်ရှားမှု ကံပေါက်မြင်ကွင်း

Dawei Watch

February 1, 2024

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် အသံတိတ်သပိတ်လှုပ်ရှားမှုကို အာဏာသိမ်း ၃ နှစ်ပြည့်သော ယနေ့တွင် မြန်မာနိုင်ငံအနှံ့ ပြုလုပ်နေပြီး ရေဖြူမြို့နယ် ၊ ကံပေါက်ရွာ၊ ရပ်ကွက်အချို့ နှင့် ဖောင်းတောရွာလမ်းမတန်း အခြေအနေကို ယနေ့ (ဖေဖော်ဝါရီ ၁) နံနက် ၁၀ နာရီနောက်ပိုင်း မြင်ကွင်းများကို ဖော်ပြလိုက်ပါသည်။ မြန်မာနိုင်ငံအနှံ့တွင် တိတ်ဆိတ်ငြိမ်သက်ခြင်းဖြင့် အာဏာသိမ်းမှုကို ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ရန်အတွက် ယနေ့ မနက် ၁၀ နာရီမှညနေ ၄ နာရီအတွင်း အိမ်အပြင်မထွက်ကြရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားသည်။