တစ်ပတ်အတွင်း မြန်မာ့ရေးရာ
Dawei Watch
December 2, 2023မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ နိုဝင်ဘာလ ၂၆ ရက်နေ့မှ ဒီဇင်ဘာ ၂ ရက်နေ့အထိ တစ်လကျော်အတွင်း စစ်ဘေးရှောင် ငါးသိန်းကျော်သွားပြီ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် စစ်ရေးပဋိပက္ခ ပြင်းထန်လာသောကြောင့် နေရပ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးရှောင် ငါးသိန်းကျော်သွားပြီဖြစ်တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ပါတယ်။ စစ်ရှိန်မြင့်လာတာကြောင့် ရှမ်းမြောက်၊ ရှမ်းတောင်၊ ကယား၊ ရခိုင်၊ ချင်း၊ စစ်ကိုင်း၊ မန္တလေး၊ ပဲခူအရှေ့ပိုင်း၊ ကရင်၊ မွန်၊ တနင်္သာရီတို့မှာ စစ်ဘေးရှောင်တွေ မြင့်တက်လာတာလို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး UNOCHA က ဒီဇင်ဘာလ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ဒီအထဲမှာ ရှမ်းပြည်မြောက်ပိုင်း လောင်ကိုင်ဒေသကနေ ထွက်ပြေးလာသူ ငါးသောင်းကျော်အထိရှိတယ်လို့လည်း ဆိုပါတယ်။ […]


