ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မောင်းမကန်ရှိ ကျေးရွာများကို စစ်ကောင်စီစစ်ကြောင်းဝင်ရောက်

Dawei Watch

November 30, 2023

လောင်းလုံးမြို့နယ် မောင်းမကန်ကျေးရွာအုပ်စုရှိ ရေစင်နှင့်ကဗွီး နှစ်ပင်ရွာကို ယနေ့(နိုဝင်ဘာ ၃၀) မနက်ပိုင်းက စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်နေကြောင်း ဒေသခံများထံမှသိရသည်။ မြေတင်ကား နှစ်စီး၊ ကားငယ် တစ်စီးဖြင့်ရောက်လာသည့် စစ်ကောင်စီအင်အား ခုနှစ်ဆယ်ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းသည် မောင်းမကန်နယ်‌မြေ ရဲစခန်းကို ကနဦး ရောက်ရှိလာသည်ဟုဆိုသည်။  မောင်းကန်ရဲစခန်းမှ တစ်ဆင့် ယနေ့ မနက် ၅ နာရီဝန်းကျင်ခန့်တွင် ရဲစခန်း၏ အနောက် မြောက်ဘက် ကဗွီး နှစ်ပင်ရွာကို စစ်ကြောင်းဝင်ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။ “ဆိုင်တွေကိုလည်းစစ်တယ်။ ကားတွေလည်းစစ်တယ်။ ဆိုင်ကယ်တွေကိုလည်း နေအိမ်ထဲထိ ဝင်စစ်တယ်။ သေနတ်ပစ်ဖောက်တာမျိုးမရှိဘူး ” ဟု၎င်းဒေသခံကပြောသည်။ ထိုနောက်စစ်ကောင်စီစစ်ကြောင်းသည် ယနေ့ မွန်းလွဲ ၁ နာရီဝန်းကျင်ခန့်တွင် ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။ ယင်းသို့ ဝင်ရောက်စစ်ဆေးပြီးနောက် လိုင်စင်မဲ့ မော်တော်ယာဉ်များနှင့် စားသောက်ဆိုင်များထံမှ ငွေကျပ်ခြောက်သိန်းကျော်ခန့် […]

ကော့သောင်းမှ ဝင်လာသော မြန်မာလုပ်သားခုနစ်ဦး ရနောင်းတွင် ဖမ်းဆီးခံရ

Dawei Watch

November 30, 2023

ထိုင်း-မြန်မာနယ်စပ် ရနောင်းခရိုင်တွင် ကော့သောင်းမှတစ်ဆင့် ဝင်ရောက်လာသော မြန်မာအလုပ်သမား ခုနစ်ဦးကို နိုဝင်ဘာလ ၂၉ ရက်နေ့ ညနေပိုင်းတွင် ဖမ်းဆီးရမိကြောင်း အမှတ် ၂၅ ထိုင်းခြေမြန်တပ်ရင်းက သတင်းထုတ်ပြန်ထားသည်။ စုန့်စမ်ရမ်ဒေသ နာ့ခါးရွာအနီးတွင် မြန်မာအလုပ်သမားများကို ပစ်ကပ်ကားဖြင့် တရားမဝင် ပို့ဆောင်နေသည်ဟု သတင်းပေးတိုင်ကြားလာသဖြင့် စစ်ဆေးရေးဂိတ်ရှိ အာဏာပိုင်များက ရှာဖွေဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။ ပစ်ကပ်ကားပေါ်တွင် မြန်မာအလုပ်သမား အမျိုးသားတစ်ဦး၊ အမျိုးသမီးခြောက်ဦးနှင့်အတူ ထိုင်းနိုင်ငံသား ကားသမားတစ်ဦးတို့ကို ဖမ်းမိခဲ့ကြောင်း ဆိုသည်။ မြန်မာအလုပ်သမားများသည် ယာယီနယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ် (Border pass) ဖြင့် ဝင်ရောက်လာခဲ့ကြပြီး ဖူးခက်မြို့သို့ သွားရောက်လုပ်ကိုင်ကြမည်ကြောင်း ဖော်ပြသည်။  ထိုင်းကားသမားကလည်း မြန်မာအလုပ်သမားများကို နာ့ခါးရွာရှိ လှေဆိပ်မှတစ်ဆင့် မြန်မာအလုပ်သမားများကို ပို့ဆောင်ပေးရန် မြန်မာပွဲစားတစ်ဦးက ဖုန်းဖြင့် ဆက်သွယ်ခဲ့သဖြင့် သွားရောက်ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း ဖြေကြားထားသည်။ ပို့ဆောင်ခ တစ်ဦးစီအတွက် ဘတ် ၁၀၀၀ ရရှိခဲ့ပြီး အားလုံးကို ဖန်ငခရိုင် တကို့ပါဒေသသို့ တစ်ဆင့်ခံ […]

ပန်ဆိုင်းမြို့ အုပ်ချုပ်ရေးယန္တရား ထူထောင်နိုင်ပြီဟု ကိုးကန့်တပ်ကြေညာ

Dawei Watch

November 30, 2023

ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ်ဂိတ်ရှိသည့် ပန်ဆိုင်းမြို့တွင် အုပ်ချုပ်ယန္တရား ထူထောင်နိုင်ပြီဖြစ်ကြောင်း ကိုးကန့်တပ် MNDAA က ကြေညာသည်။ မုံးကိုးခရိုင်၊ မိုင်းပေါ်ဒေသ၊ ပန်ဆိုင်းမြို့တွင် နိုင်ဝင်ဘာလ ၂၈ရက်က အုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်းပြီး အုပ်ချုပ်ရေးယန္တရားကို ထူထောင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ယနေ့ နိုဝင်ဘာလ ၃၀ ရက်တွင် ကြေညာထားသည်။ သက်ဆိုင်ရာပုဂ္ဂိုလ်များကို ရာထူးခန့်အပ်ခြင်း၊ တာဝန်များ ခွဲဝေပေးခဲ့ပြီး ပြည်သူများကို လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်စေရန်၊ ထုတ်လုပ်မှုများ ၊ စာသင်ကျောင်းများ အမြန်ဆုံး ပြန်လည်စတင်နိုင်ရေး လုပ်ဆောင်ရန် ညွှန်ကြားထားကြောင်းလည်းဆိုသည်။ ၁၀၂၇ စစ်ဆင်ရေးတစ်လျှောက်လုံးတွင် MNDAA၊ TNLA၊ AAတို့ ပူးတွဲပြီး ကိုးကန့် ၊ မုံးကိုး ၊ မူပန် (သိန္နီ) နှင့် ကွတ်ခိုင်တို့တွင် စစ်ဆင်ရေးလုပ်ဆောင်ခဲ့သည်။   ယင်းသို့ စစ်ဆင်ရေးလုပ်ဆောင်နေချိန် ပန်ဆိုင်း နယ်စပ်ဂိတ်ကို နိုဝင်ဘာလ ၁၉ရက်တွင် တိုက်ခိုက်သိမ်းယူခဲ့ပြီး ပန်ဆိုင်းမြို့တွင် ထိန်းချုပ်နိုင်ခဲ့ကြောင်း MNDAA ထံမှ သိရသည်။ ပန်ဆိုင်းနယ်စပ်ဂိတ်သည် MNDAA က သိမ်းယူခဲ့သည့် တတိမြောက် တရုတ်-မြန်မာ နယ်စပ်ဂိတ်လည်း ဖြစ်သည်။

ရေဖြူတွင် မူးယစ်ဆေး ကျပ် ၈၇ ဘီလီယံကျော်ဖိုး ဖမ်းမိ

Dawei Watch

November 30, 2023

တနင်္သာရီတိုင်း ရေဖြူမြို့နယ် အလယ်စခန်းကျေးရွာအနီးတွင် မူးယစ်ဆေးဝါး ငွေကျပ် ၈၇ ဒသမ ၄ ဘီလီယံ (သိန်းပေါင်း ရှစ်သိန်း ခုနစ်သောင်းကျော်) တန်ဖိုး ဖမ်းမိကြောင်း စစ်ကောင်စီ၏ မူးယစ်ဆေးဝါးများ အလွဲသုံးမှု ထိန်းချုပ်ရေးဗဟိုကော်မတီ (CCDA Myanmar) က ထုတ်ပြန်သည်။ နိုဝင်ဘာလ ၂၂ ရက် နံနက် ၁၀ နာရီ ဝန်းကျင်တွင် ရေးမြို့မှ ထားဝယ်ဘက်သို့ မောင်းနှင်လာသည့် ကားကို စစ်ဆေးရာ ဆားအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် စိတ်ပြောင်းဆေး ကက်တမင်း ၂ဒသမ ၃တန်ကျော် ဖမ်းဆီးရမိကြောင်း ဖော်ပြသည်။ ယာဉ်မောင်း ဦးခင်ဇော်နှင့် ဦးအောင်ကျော်ဦးတို့ကိုပါ ဖမ်းမိပြီး ၎င်းတို့ကို စစ်ဆေးရာ မူးယစ်ဆေးဝါး သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ မနီနီလှိုင်ကို နိုဝင်ဘာလ ၂၃ ရက်နေ့ ညနေပိုင်းတွင် ဘားအံ မော်လာမြိုင်ကားလမ်း ဇသပြင် တံတားအနီး၌ အိမ်စီးကားတစ်စီးနှင့်အတူ ထပ်မံဖမ်းမိကြောင်း နိုဝင်ဘာလ ၂၉ရက်က ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် ပါရှိသည်။ ဖမ်းဆီးရမိသူများအားလုံးကို စစ်ဆေးရာ‌တွင် အထက်ပါမူးယစ်ဆေးများကို ရှမ်းပြည်နယ်မှ […]

ဖမ်းဆီးခံထားရသည့် ဝကုန်းရွာက မိန်းကလေးငယ်နှစ်ဦး ပြန်လွတ်

Dawei Watch

November 30, 2023

စစ်ကောင်စီတပ်က ဆက်လက်ဖမ်းဆီးထားခဲ့သည့် ထားဝယ်အရှေ့တောဒေသ ဝကုန်းရွာက မိန်းကလေးငယ်နှစ်ဦး ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း ဝကုန်းရွာက ဒေသခံအချို့က ပြောသည်။ နိုဝင်ဘာလ ၂၉ ရက် ညနေပိုင်းတွင် ပြန်လည်လွတ်မြောက်လာခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “မနေ့က သူ့မိဘတွေနဲ့ ဘုန်းကြီးနှစ်ပါး သွားထုတ်ပေးတယ်လို့ပြောတယ်။ (ဖမ်းဆီးခံထားရတဲ့) ယောက်ျား တစ်ယောက်ကတော့ စစ်ကြောင်းက ခေါ်သွားတယ်။ ပြန်လွတ်ပေးမယ်လို့ ပြောထားတယ်တဲ့” ဟု ဝကုန်းရွာက အမျိုးသမီးတစ်ဦးက ပြောသည်။ ကျောက်မဲတောင်ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် နိုဝင်ဘာလ ၂၅ ရက် နံနက်ပိုင်းမှာ အရှေ့တောနယ် ပကာရီကျေးရွာကို ဝင်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းက ဥယျာဉ်ခြံထဲတွင် တွေ့သည့် ပကာရီ၊ ပခပ်၊ ဝကုန်းရွာသူရွာသား ဒေသခံ လေးဆယ်ခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားသည်။ ကျောက်မဲတောင်ရဲစခန်းသို့ ရောက်ရှိချိန်တွင် နိုဝင်ဘာလ ၂၈ ရက် ညနေပိုင်းတွင် […]

စစ်ကောင်စီတပ်ရင်းတစ်ခုလုံး လက်နက်ချကြောင်း MNDAA ထုတ်ပြန်

Dawei Watch

November 29, 2023

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ တပ်ရင်း (၁၂၅) တစ်ရင်းလုံး အလံဖြူထောင်ပြီး လက်နက်ချကြောင်း ကိုးကန့်တပ် MNDAA က ယနေ့ နိုဝင်ဘာလ ၂၉ရက် ညပိုင်းတွင် ထုတ်ပြန်သည်။ မြန်မာစစ်တပ်ဘက်က ၂၈နှစ်ကြာ ထိန်းချုပ်ထားခဲ့သည့် ကုန်းကြမ်းကိုလည်း ပြန်လည်သိမ်းယူပြီး ရှင်းဝဒေသတစ်ခုလုံးကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန်သည်။ ကုန်းကြမ်း စစ်ကောင်စီတပ်စခန်းကြီးကို နိုဝင်ဘာလ ၂၄ရက်တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။ ယင်းစခန်း ဘေးပတ်လည်ရှိစခန်းများကို သိမ်းပိုက်ပြီး MNDAA က ပြင်းပြင်းထန်ထန် တိုက်ခိုက်ပြီးနောက် ၁၂၅ တပ်ရင်း တစ်ခုလုံး လက်နက်ချခြင်းဖြစ်ကြောင်း MNDAA က ထုတ်ပြန်သည်။ အဆိုပါတပ်ရင်းက တပ်ရင်းမှူးသည် ရဲဘော်တစ်ဦးနှင့်အတူ MNDAA ထံသို့ လာရောက်ကာ လက်နက်ချရန် ဆွေးနွေးခဲ့ပြီး ဒဏ်ရာရထားသူများကို ကုသကယ်ဆယ်ပေးရန်၊ မိသားစုဝင်များကို နေထိုင်ရေး စီစဉ်ပေးရန် တောင်းဆိုခဲ့ကြောင်း ဖော်ပြသည်။ တောင်းဆိုချက် လိုက်လျောလိုက်ပြီးနောက် လက်နက်ချခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ လက်နက်ချသူများတွင် ခလရ ၁၂၅၊ […]

ဖမ်းဆီးခံ ထားဝယ်အရှေ့တောဒေသခံ လေးဆယ်နီးပါးပြန်လွတ်၊ မိန်းကလေးငယ်နှစ်ဦးအပါအဝင် သုံးဦး မလွတ်သေး

Dawei Watch

November 29, 2023

ထားဝယ် အရှေ့တောဒေကို စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းက ဖမ်းဆီးသွားသည့် ဒေသခံ လေးဆယ်နီးပါး ပြန်လွတ်လာပြီး သုံးဦးပြန်မလွတ်လာသေးကြောင်း ဒေသခံများက ပြောသည်။ ကျောက်မဲတောင်ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် နိုဝင်ဘာလ ၂၅ ရက် နံနက် ၅ နာရီခန့်တွင် အရှေ့တောနယ်မြေ ပကာရီကျေးရွာကို မြေသယ်ကား ၆ စီးဖြင့် အင်အား ၂၀၀ ကျော်ပါသည့် စစ်ကောင်စီတပ် စစ်ကြောင်း ရောက်လာသည်။ အင်အား ၃၀ ကျော်မှာ ပကာရီကျေးရွာတွင် ကျန်ခဲ့ပြီး ကျန်တပ်ဖွဲ့ဝင်များမှာ စစ်ကြောင်း နှစ်ကြောင်းခွဲကာ ကျောက်မဲတောင် ရဲစခန်းဘက်ကို ပခပ်ရွာလမ်းမှတဆင့် တောလမ်းအတိုင်း စစ်ကြောင်းထိုးခဲ့ကြောင်း ဒေသခံများက ပြောသည်။ အဆိုပါစစ်ကြောင်းသည် ဥယျာဉ်ခြံထဲတွင် တွေ့သည့် ပကာရီ၊ ပခပ်၊ ဝကုန်းရွာသူရွာသား အမျိုးသား၊ အမျိုးသမီး လေးဆယ်ဦးခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း […]

မြိတ်တွင် စစ်ကောင်စီယာဉ်တန်း ထပ်မံမိုင်းဆွဲတိုက်ခိုက်ခံရ

Dawei Watch

November 29, 2023

မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းပေါ်တွင် စစ်ကောင်စီတပ်ယာဉ်တန်းကို ယနေ့ နံနက်ပိုင်းက ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။ စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရမှုမှာ လေးရက်အတွင်း ဒုတိယအကြိမ်ဖြစ်သည်။ ယနေ့ နိုဝင်ဘာလ ၂၉ ရက် နံနက် ၉ နာရီခွဲဝန်းကျင်တွင် ကျောက်တင်ကား နှစ်စီးဖြင့် မြိတ်ဖက်မှ လာသည့် စစ်ကောင်စီယာဥ်နှစ်စီးကို ပြည်ထောင်စုလမ်းပေါ် ကမ်းတိုရွာအနီးတွင် မိုင်းဆွဲခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။ “မြိတ်ဘက် တက်လာချိန်  ပဒေသာမိုင်းနဲ့ ဆွဲလိုက်တာ။ စရဖ တစ်ဦး သေတယ်လို့တော့ ကြားရတယ်။ အတိအကျ စုံစမ်းနေတုန်းပါ” ဟု ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦးက ပြောသည်။ ဘန်းလမွတ်ကျေးရွာအုပ်စု၊ ကမ်းတိုရွာအနီးတွင် စစ်ကောင်စီကားနှစ်စီးအား ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း တနင်္သာရီပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်း ထုတ်ပြန်ထားသည်။ မိုင်းဆွဲခံရသည့်အတွက် စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးနိုင်ပြီး ထိခိုက်မှုကို စုံစမ်းနေဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဘေးပတ်ဝန်းကျင်ကို အဆက်မပြတ်ပစ်ခတ်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ထိခိုက်မှု မရှိကြောင်း ဖော်ပြသည်။ ယင်းတိုက်ခိုက်မှုကို တနင်္သာရီ ပကဖ၊ မြိတ် […]