လောက်ကိုင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၃၀၀ကျော် လက်နက်ချကြောင်း မြောက်ပိုင်းမဟာမိတ်ပြော
Dawei Watch
January 6, 2024ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့တွင် ဒေသကွက်ကဲမှုစစ်ဌာနချုပ် ဒကစ အပါအဝင် တပ်ရင်းစခန်းအားလုံးက တပ်ဖွဲ့ဝင် ၂၃၀၀ ကျော် ဇန်နဝါရီလ ၅ရက်တွင် လက်နက်ချကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်သည်။ လောက်ကိုင် ဒကစ အပါအဝင် ယင်းပတ်ဝန်းကျင်ရှိ တပ်ရင်းစခန်းအားလုံး လက်နက်ချခြင်းဖြစ်ပြီး လက်နက်ချ သူများထဲတွင် ဗိုလ်မှူးချုပ် အဆင့်ရှိသူ ခြောက်ဦး၊ အရာရှိ ၂၂၈ ဦး ပါဝင်ကြောင်း ဖော်ပြသည်။ ပွိုင့် ၂၀၂၂ ဟုလူသိများသော ကိုးကန့်အခေါ် “နမ်ထင်းမိန်ရှန်း” က စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၆၀ ကျော်လည်း လက်နက်ချသဖြင့် လက်နက်ချသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း ၂၃၈၉ ဦးရှိကြောင်း ဆိုသည်။ ယင်းအပြင် မိသားစုဝင်လည်း ၁၆၀၀ ကျော်ရှိကြောင်း မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ သွားလို့သည့်နေရာနှင့် […]


