ထားဝယ်တွင်သီဟိုစေ့ ဈေးကောင်းရနေ
Dawei Watch
February 27, 2024ထားဝယ်တွင် ယခုနှစ် သီဟိုရာသီအစတွင် ဈေးကောင်းရနေကြောင်း သီဟိုစိုက်တောင်သူများထံမှ သိရသည်။ ယမန်နှစ် ဖေဖော်ဝါရီလ သီဟိုရာသီအစတွင် သီဟိုစေ့တစ်ပိဿာလျှင် ၂၅၀၀ကျပ် ဝန်းကျင်ဖြင့် ဈေးဖွင့်၍စတင်ဝယ်ခဲ့သည်။ ယခုနှစ် ရာသီအစတွင် တစ်ပိဿလျှင် ကျပ် ၅၀၀၀ နှင့် ၅၅၀၀ကျပ် ကြား ဈေးရရှိကြောင်း သီဟိုဈေးကွက်ထံမှ စုံစမ်းသိရှိရသည်။ “မနှစ်က အထွက်လည်းနည်းတယ်။ ဈေးလည်းသိပ်မရဘူး။ ဒီနှစ်ကျတော့ အထွက်လည်းများတယ်။ ဈေးလည်းပိုရတယ်” ဟု ရေဖြူမြို့နယ်ရှိ သီဟိုစိုက်တောင်သူတစ်ဦးက ပြောသည်။ သီဟိုအထွက်များသော်လည်း ဈေးကွက်ထဲသို့ ဝင်ရောက်မှုမှာ နည်းပါးနေ သေးသောကြောင့် ဈေးနှုန်း မြင့်တက်နေခြင်းဖြစ်ကြောင်း သီဟိုလုပ်ငန်းရှင်အသိုင်းဝိုင်းထံမှ သိရသည်။ “ပစ္စည်းပေါလာရင် ဈေးပြန်ကျသွားနိုင်တယ်” ဟု သီဟို လုပ်ငန်းလုပ်ကိုင်သူတစ်ဦးကပြောသည်။ တနင်္သာရီတိုင်းတွင် သီဟိုအထွက်များဆုံးဒေသတွေဖြစ်သည့် ပုလော၊ သရက်ချောင်း၊ ထားဝယ်အရှေ့တော၊ ရေဖြူ စသည့် […]


