ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ရမ်းဗြဲသို့ ရဟတ်ယာဉ်များဖြင့် စစ်ကူလာပို့သည့်စစ်ကြောင်းကို AAတိုက်ခိုက်၊ စစ်ကောင်စီတပ်အထိအခိုက်များဟုဆို

Dawei Watch

February 26, 2024

ရခိုင်ပြည်နယ်တွင် မြို့တွင်းတိုက်ပွဲဖြစ်ပွားနေသည့် ရမ်းဗြဲမြို့သို့ စစ်ကောင်စီတပ် အင်အား ၁၂၀ခန့်ကို ရဟတ်ယာဉ်များဖြင့် စစ်ကူလာပို့ချိန် ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က အထိအခိုက်များကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၂၄ ရက်တွင် ရဟတ်ယာဉ်လေးစီးဖြင့် ခုနစ်ကြိမ် စစ်ကူလာပို့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ အဆိုပါစစ်ကူများမှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ဧရာဝတီတိုင်း၊ ကျုံပျော်မြို့အခြေစိုက် ခလရ (၃၆) တပ်ရင်းနှင့် ရခိုင်ပြည်နယ်အမ်းမြို့ အခြေစိုက် ခမရ (၃၇၃) တပ်ရင်းတို့က တပ်ဖွဲ့ဝင်များဖြစ်ကြောင်း AA က ဆိုသည်။ စစ်ကောင်စီတပ်က လေကြောင်းဖြင့် တစ်ရက်လုံးပစ်ခတ်နေသည့်ကြားမှ AA က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ကျော် သေဆုံးကာ ရုပ်အလောင်းအမြောက်အများ ရရှိထားကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ရုပ်အလောင်း မည်မျှ ရရှိထားသည်ကိုမူ […]

စစ်ကောင်စီ၏မလွှဲတောင် စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်

Dawei Watch

February 25, 2024

မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းနယ်စပ်ရှိ စစ်ကောင်စီတပ်၏ မလွှဲတောင်စစ်ဆေးရေးဂိတ်ကို ယနေ့(ဖေဖော်ဝါရီ ၂၅ ရက်) မနက်ပိုင်းတွင် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း လမ်းပိုင်းအသုံးပြုသည့်ယာဥ်မောင်းများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များထံကသိရသည်။ “မနက် ၉ နာရီလောက် ပေါက်ကွဲမှုဖြစ်ပြီး ၊ တစ်နာရီလောက်လမ်းပိတ်ချလိုက်တယ်။ ပြီးတော့ လမ်းပြန်ဖွင့်လိုက်တယ်။ ပုံမှန် အတိုင်း ပြန်ပေးသွားတယ် “ ဟု ရန်ကုန်-ထားဝယ် ခရီးသည်ပို့ဆောင်ရေး ယာဥ်မောင်းတစ်ဦးက ပြောသည်။ ပေါက်ကွဲမှုဖြစ်ပြီး လမ်းပိုင်းယာယီပိတ်ခဲ့ပြီး ညနေပိုင်းအထိ ဂိတ်ပတ်ဝန်းကျင်တွင် သေနတ်ပစ်ခတ်သံများကြားရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကဆိုသည်။ အဆိုပါ ပေါက်ကွဲမှုသည် ဒေါနတပ်ခွဲ ၄ (ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ KBDF) ၊ YAF တပ်ဖွဲ့ ၊ ABSDFတပ်ဖွဲ့ ၊ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၁ ၊ မွန်ပြည်တော်လှန်ရေးတပ် MSRF စသည့် […]

လောင်းလုံးက နေအိမ်မီးရှို့ခံရသူများ

Dawei Watch

February 25, 2024

စစ်ကောင်စီတပ်က နှစ်ကြိမ်တိုင်မီးရှို့ခဲ့တဲ့ ညောပြင်ရွာနဲ့ အောက်ကျောက်ဝပ်ရွာက ဒေသခံတွေ ခက်ခက်ခဲခဲ ရှင်သန်နေထိုင်ကြပုံတွေကို (ယခုလ ဒုတိယပတ်မှာ) ရိုက်ကူးတင်ဆက်ပေးလိုက်ပါတယ်။ လောင်းလုံးမြို့နယ် ညောပြင်ရွာနှင့် အောက်ကျောက်ဝပ်ရွာက နေအိမ်ပေါင်း ၂၀၀ ကျော်ကို စစ်ကောင်စီတပ်က နှစ်ကြိမ်မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ၂၀၂၃ မတ်လတွင်တစ်ကြိမ်၊ ဒီဇင်ဘာလတွင်တစ်ကြိမ် မီးရှို့ဖျက်ဆီးခဲ့တာပါ။ စစ်ကောင်စီတပ်ရဲ့ ကြွက်မနိုင်ကျည်မီးရှို့ဗျူဟာအောက်မှာ ဒေသခံထောင်ချီ အိုးမဲ့၊ အိမ်မဲ့ဖြစ်သွားခဲ့ရပါပြီ။ နေစရာအိမ်မရှိတော့တဲ့ ဒေသခံတွေကတော့ ဖြစ်သလိုတဲထိုးနေထိုင်ပြီး ခက်ခဲစွာ ရုန်းကန်အသက်မွေးနေကြရပါတယ်။ တာလပတ်အမိုးတစ်ခုကလွဲပြီး အကာအယံမရှိတဲ့ တဲလေးတွေအောက်မှာ လေဒဏ်မိုးဒဏ်ကို ကြံ့ကြံ့ခံပြီး နေထိုင်နေရတာပါ။

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

February 24, 2024

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှ ၂၄ ရက်နေ့အထိ စစ်မှုထမ်းဥပဒေကြောင့် ပြည်ပထွက်သူများလာ အရွယ်ရောက်သူတိုင်း မဖြစ်မနေ စစ်မှုထမ်းရမယ့် ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက အာဏာတည်ကြောင်း ကြေညာလိုက်ပြီးနောက်မှာ လူငယ်တွေ ပြည်ပသို့ နည်းလမ်းမျိုးစုံနဲ့ ထွက်ခွာနေကြပါတယ်။ လေကြောင်း၊ နယ်စပ်ဂိတ်တွေကနေ တရားဝင်နည်းလမ်းနဲ့ ထွက်ခွာကြသလို အောက်လမ်း၊ ခိုးလမ်းလို့ခေါ်တဲ့ တရားမဝင် လမ်းကြောင်းတွေကနေလည်း ထွက်ခွာနေကြပါတယ်။ အထူးသဖြင့် အိမ်နီးချင်း ထိုင်းနိုင်ငံကို သွားရောက်နေကြတာပါ။ ရန်ကုန်မှာရှိတဲ့ ထိုင်းသံရုံးရှေ့မှာ တန်းစီပြီး ဗီဇာလျှောက်သူ များလွန်းတာကြောင့် လူကိုယ်တိုင်တန်းစီစနစ်ကို ဖျက်သိမ်းပြီး အွန်လိုင်းစနစ်နဲ့တစ်ခုတည်းနဲ့ ဖေဖော်ဝါရီလ ၂၀ရက်နေ့မှာ ပြောင်းလဲလက်ခံနေပါတယ်။ ထိုင်းသံရုံးကနေ ဗီဇာထုတ်ပေးတာ လူ ခုနစ်ထောင်ကျော်ရှိပြီလို့ ဖေဖော်ဝါရီလ […]

တပို့တွဲလပြည့် ထားဝယ်ရိုးရာ ဘုရားမီးပူဇော်ပွဲ

Dawei Watch

February 24, 2024

ထားဝယ်ခရိုင် ၊ ရေဖြူမြို့နယ် နှင့် လောင်းလုံးမြို့နယ် တို့တွင် ယနေ့(ဖေဖော်ဝါရီ၂၄) တပို့တွဲ့လပြည့်ည ၌ ပြုလုပ်သည့် ဘုရားမီးကမ်(ဘုရားမီးပူဇော်ပွဲ) ကျင်းပသည့် ပုံရိပ်များကို ဖော်ပြပေးလိုက်ပါသည်။ လောင်းလုံးမြို့နယ် ၊ ဝံတွင်းရွာတွင် ကိုဗစ်ကာလနောက်ပိုင်းရပ်နားထားသည့် ဘုရားမီးကမ်ပွဲကို ရွာသူရွာသားများစုပေါင်း၍ ယခုနှစ်တွင်ပြန်လည်ကျင်းပခဲ့သည်။ ရေဖြူမြို့နယ် ၊ ကံပေါက်ဒေသတွင်လည်း ဘုရားမီးကမ်ပူဇော်ပွဲကို အစဥ်အလာမပျက် ဖောင်းတောကျေးရွာအုပ်စု၊ ကောင်းမှုရွာတွင်ပြုလုပ်ခဲ့သည်။ ဘုရားရှင်အား အနွေးဓာတ်ရစေရန် ရည်ရွယ်ချက်ဖြင့် ဝါးများ၊ အမွှေးနံ့သာများ၊အုန်းခက်များ၊မီးလောင်နိုင်သည့်အပင်များကို စေတီပုံစံစုပုံ၍ မီးရှို့ပူဇော်ကြခြင်းဖြစ်သည်။ ဘုရားမီးကမ်ပွဲကို ထားဝယ်ဘုရင် ဝေဒီမင်းကြီးလက်ထက်မှစ၍ ကျင်းပခဲ့ခြင်းဖြစ်ပြီး လောင်းလုံးမြို့နယ် ၊ ဝံတွင်းရွာနှင့် ရှင်ကိုးရှင်စာရင်းဝင် ရှင်မုတ္ထီးဘုရားကြီး နှစ်နေရာတွင် ကိုဗစ်မတိုင်မီကာလအထိ ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားစွာ ကျင်းပခဲ့ကြသည်။ ထားဝယ်ဒေသက ဘုရားမီးကမ်ပွဲနှင့်အလားတူ ပြည်မြို့၊ရွှေဆံတော်ဘုရားတွင်လည်း ဉာဏ်ရိုးမီးပူဇော်ပွဲကို တပို့တွဲလပြည့်ညတိုင်းကျင်းပလေ့ရှိသည်။

တိုက်ပွဲကြောင့် ထားဝယ်အရှေ့တောဒေသရှိ ကျေးရွာတစ်ဆယ်ကျော်က ဒေသခံများ နေရပ်စွန့်ခွာထွက်ပြေးနေရ

Dawei Watch

February 24, 2024

တိုက်ပွဲကြောင့် ထားဝယ်အရှေ့တောဒေသရှိ ကျေးရွာတစ်ဆယ်ကျော်က ဒေသခံများ နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း ဒေသခံအချို့က ပြောသည်။ ဖေဖော်ဝါရီလ ၁၇ ရက်ကစပြီး ၂၃ ရက်နေ့အထိ ထားဝယ်အရှေ့တောဒေသတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေသည်။ နှစ်ဖက်တိုက်ပွဲနှင့် လက်နက်ကြီး၊ လေကြောင်းရန်ကိုကြောက်သဖြင့် ပခပ်၊ ရမ္မဇူ၊ လိပ်ကြယ်ပြောင်၊ သရက်ငုတ်၊ ဝကုန်း၊ ကျောက်မဲတောင်၊ ဟိန္ဒား၊ မေတ္တာကျေးရွာအုပ်စုရှိ ကျေးရွာတစ်ဆယ်ကျော်က ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ဆိုသည်။ “ကျွန်မတို့လည်း အခုတခြားကိုရောက်နေတယ်။ လက်နက်ကြီးအစစင်တဲ့ အိမ်တွေကတော့ သုံးဆောင်ရှိတယ်။ မနက်ကလည်း လက်နက်ကြီးပစ်သံ ကြားရသေးတယ်” ဟု မေတ္တာရွာက စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။ တိုက်ပွဲဖြစ်နေသည့် အဓိကနေရာက ကျေးရွာများမှာ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရပြီး ကျန်သည့်ရွာက ဒေသခံများလည်း နေရာရွှေ့ပြောင်းကြကြောင်း ပခပ်ရွာက ဒေသခံအမျိုးသားတစ်ဦးက […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

Dawei Watch

February 23, 2024

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှ၂၃ ရက်နေ့အထိ ရုရှားအတိုက်အခံခေါင်းဆောင် သေဆုံး အသက် ၄၇ နှစ်အရွယ် ရုရှားအတိုက်အခံခေါင်းဆောင် Alexei Navalny က အာတိတ်စက်ဝိုင်းပေါ်မှာ အကျဉ်းချခံထားချိန်မှာပဲ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က သေဆုံးသွားခဲ့ပါတယ်။ ရှေ့နေနဲ့ မိခင်ဖြစ်သူ Lyudmila တို့ဟာ သူသေဆုံးခဲ့တဲ့ အကျဉ်းထောင်ရှိရာအရပ်က ရင်ခွဲရုံကို ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ ရောက်သွားပေမဲ့ သူ့အလောင်း အဲဒီမှာ မရှိခဲ့ပါဘူး။ သူသေဆုံးရခြင်း အကြောင်းရင်းကို တိတိကျကျမသိရှိရသေးဘဲ ရုတ်တရက်သေဆုံးခဲ့တာလို့ အာဏာပိုင်တွေက ဆိုထားပါတယ်။ Navalny ရုတ်တရက် သေဆုံးသွားတဲ့သတင်းထွက်ပေါ်လာပြီးနောက် မော်စကိုမြို့တော်ထဲက အထိမ်းအမှတ်နေရာမှာ ဝမ်းနည်းကြောင်း ပြသခဲ့ကြပါတယ်။ ရာနဲ့ချီတဲ့ပြည်သူတွေ […]

ထားဝယ်တွင် မေတ္တာရဲစခန်းနှင့် ဟိန္ဒားစစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်များ မီးရှို့

Dawei Watch

February 23, 2024

ထားဝယ်အရှေ့တောဒေသရှိ မေတ္တာမြို့ရဲစခန်းနှင့် ဟိန္ဒားကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်များက မီးရှို့လိုက်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ စစ်ကောင်စီတပ်သားများတပ်စွဲထားသည့် နာမည်ကျော် ဟိန္ဒားသတ္တုမိုင်းရှိ မြန်မာပွန်ပီပက် ကုမ္ပဏီ (MPC) နေရာကို ဖေဖော်ဝါရီလ ၂၂ ရက်နှင့် ၂၃ ရက်နေ့တွင် တော်လှန်ရေးတပ်များက မီးရှို့ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “(စကစ) တပ်တွေက ကျောက်မဲတောင်ကို ဆင်းသွားတယ်။ စစ်တပ်ကို ရေသယ်ပေးနေတဲ့ MPC ကုမ္ပဏီက ရေသယ်ကား တစ်စီးကို တော်လှန်ရေးတပ်တွေက ယူသွားတယ်” ဟု ၎င်းက ပြောသည်။ ထားဝယ်-မေတ္တာလမ်းရှိ ကျောက်မဲတောင်ရွာတွင် စစ်ကောင်စီတပ်သားများ အခိုင်အမာတပ်စွဲထားသည့် နယ်မြေရဲစခန်းရှိပြီး ဖေဖော်ဝါရီလ ၂၁ ရက်နေ့က စစ်ကောင်စီတပ် အထိနာခဲ့သည့်တိုက်ပွဲဖြစ်ပွားရာနေရာနှင့် ၂ မိုင်ကျော်သာ ကွာဝေးသည်။ မေတ္တာမြို့ထိပ်ရှိ ရဲစခန်းကိုမူ […]