ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဘန်ကောက်တွင် ဇီကာဗိုင်းရပ်စ်ပိုး ပျံ့နှံ့နေသဖြင့် ခြင်ကိုက်မခံကြရန် သတိပေး

Dawei Watch

January 2, 2024

ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်တွင် ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်ပြန့်ပွားလာမှုကြောင့် ပြည်သူများအနေဖြင့် ခြင်ကိုက်မခံရရေး ဂရုစိုက်ကြရန် သတိပေးထားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ပြည်သူများအနေဖြင့် ခြင်ကိုက်မခံရရေးအတွက် သတိထားနေထိုင်ကြရန် ချူလာလောင်ကွန်းတက္ကသိုလ်၏ ဆေးပညာမဟာဌာန ရောဂါပိုးမွှားဗေဒပညာရှင် အကြီးအကဲက ဒီဇင်ဘာ နောက်ဆုံးပတ်တွင် သတိပေးပြောကြားခဲ့ဟုဆိုသည်။ ဇီကာဗိုင်းရပ်ပိုးသည် ခြင်မှတစ်ဆင့် ကူးစက်ပြီး သွေးလွန်တုပ်ကွေးရောဂါ လက္ခဏာများနှင့် ဆင်တူသော်လည်း သွေးလွန်တုပ်ကွေးကဲ့သို့ မပြင်းထန်ကြောင်း ဖော်ပြထားသည်။ သို့သော်လည်း အခြားရောဂါအသစ်များ ထပ်တိုးလာနိုင်သဖြင့် အသက်ရှူလမ်းကြောင်း ပိတ်နိုင်သည်အထိ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားသည်။ ဘန်ကောက်မြို့အတွင်းသာမက စေတီပုထိုးများတွင်ပါ ကူးစက်မှုများ ရှိလာနိုင်သဖြင့် ဗိုင်းရပ်စ်ကူးစက်မှုကို စောင့်ကြည့်နေကြောင်း သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားချက်ကို ဖော်ပြထားသည်။ လက်ရှိတွင် ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရသော လူနာအရေအတွက်ကို အတိအကျမသိရှိရသေးသော်လည်း ကူးစက်ခံထားရသော လူနာများတွင် သေဆုံးစေနိုင်သည့် အဆင့်အထိ […]

ကျောက်မဲတောင်ရဲစခန်း ဒရုန်းဖြင့်ဗုံးချခံရ

Dawei Watch

January 2, 2024

နှစ်သစ်ကူးနေ့ ညနေပိုင်းက ထားဝယ်အရှေ့တောဒေသ ကျောက်မဲတောင်ရဲစခန်း မောင်းသူမဲ့ဒရုန်းဖြင့် ဗုံးချခံရကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့နှင့် ရွာသူ၊ ရွာသားအချို့က ပြောသည်။ ဗုံးသီးမှာ စခန်းထဲကိုမကျဘဲ ရဲစခန်းနှင့်ကပ်လျက်ရှိသည့် ရဲတပ်ဖွဲ့ဝင်၏ နေအိမ်ဝန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း ကျောက်မဲတောင်ရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ “လူထိခိုက်မှု မရှိဘူးလို့တော့ကြားတာပဲ” ဟု အထက်ပါအမျိုးသမီးက ပြောဆိုသည်။ ဒရုန်းကို စစ်ကောင်စီတပ်သားများက ပစ်ချခဲ့သော်လည်း ထိမှန်ခြင်းမရှိကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ “တကယ်သွားရောက်တိုက်ခိုက်တဲ့အဆင့်မဟုတ်သေးဘူး။ စမ်းသပ်ပစ်ချခဲ့တာလို့တော့ကြားရတယ်” ဟု ၎င်းက ပြောသည်။ အဆိုပါဗုံးချတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုအခြေအနေကို စုံစမ်းနေဆဲဖြစ်ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့က ဆိုသည်။

ဂျပန်ငလျင်ကြောင့် သေဆုံးသူ အနည်းဆုံး လူ ၂၀ ဦးရှိလာ

Dawei Watch

January 2, 2024

ဂျပန်နိုင်ငံအလယ်ပိုင်းတွင် ယမန်နေ့ ညနေက လှုပ်ခတ်ခဲ့သော ပြင်းအား ၇ ဒသမ ၆ အဆင့်ရှိ အင်အားပြင်းငလျင်ကြောင့် သေဆုံးသူ အနည်းဆုံး ၂၀ ဦးရှိလာပြီဖြစ်ကြောင်း ယနေ့ ဇန်နဝါရီလ ၂ ရက် နံနက်ပိုင်းတွင် အတည်ပြုထားသည်။ ဂျပန်နိုင်ငံအလယ်ပိုင်းရှိ နိုတိုကျွန်းဆွယ်နှင့် အနီးပတ်ဝန်းကျင်နေရာများကို အဓိကထိခိုက်စေသော အင်အားပြင်းငလျင်သည် နှစ်သစ်ကူးနေ့ ဇန်နဝါရီလ ၁ ရက်နေ့ ညနေ ၄ နာရီ ၁၀ မိနစ်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။ အီရှီကာဝါစီရင်စုရှိ ဝါဂျီမာကမ်းရိုးတန်းမြို့၏ အရှေ့မြောက်ဘက် ကီလိုမီတာ ၃၀ အကွာ အနက်ပေ ၁၆ ကီလိုမီတာက ဗလိုပြုလှုပ်ခပ်ခဲ့ခြင်းဖြစ်ကြောင်း ဂျပန်မိုးလေဝသက ထုတ်ပြန်ထားသည်။ ငလျင်ကြောင့် ပျက်စီးမှုများထဲတွင် အသက်ရှင်ကျန်ရစ်သူများကို ထောင်နှင့်ချီသော ကယ်ဆယ်ရေးအဖွဲ့များက ယနေ့အထိ အပူတပြင်းရှာဖွေနေကြဆဲဖြစ်ကြောင်း ဖော်ပြထားသည်။ […]

တရုတ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ လုံခြုံရေးကို ထိန်းသိမ်းကာကွယ်မည်ဟု NUG ပြော

Dawei Watch

January 2, 2024

မြန်မာနိုင်ငံတွင်းရှိ တရုတ်နိုင်ငံ၏ စီးပွားရေးအရ ရင်းနှီးမြှုပ်နှံမှုများနှင့် အခြားလူမှုစီးပွားလုပ်ငန်းများ၏ လုံခြုံရေးကို ထိန်းသိမ်းကာကွယ်မည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ၏ တရုတ်နိုင်ငံဆိုင်ရာသဘောထားကို NUG နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဇန်နဝါရီလ ၁ ရက်နေ့က ထုတ်ပြန်ရာတွင် အထက်ပါအတိုင်းထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်။ တရုတ်နှင့် မြန်မာ နှစ်နိုင်ငံကြား ပြည်သူနှင့် ပြည်သူဆက်ဆံရေးကို အလေးထားပြီး အပြန်အလှန် ချစ်ကြည်မှု၊ ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အစွမ်းကုန် မြှင့်တင်ဆောင်ရွက်သွားမည်ကြောင်း ဖော်ပြသည်။ နှစ်နိုင်ငံကြား လူမှုစီးပွားအရ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများကို အစဉ်သဖြင့် ထိန်းသိမ်းမြှင့်တင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းလည်း ဆိုသည်။ ယင်းအပြင် အိမ်နီးချင်းနိုင်ငံများ၏ နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်နေသည့် မည်သည့် အဖွဲ့ အစည်းကိုမျှ မြန်မာ့ပိုင်နက်အတွင်း အခြေချခွင့်မပြုကြောင်း NUG က ထုတ်ပြန်ထားသည်။ ၂၀၂၁ ခုနှစ် […]

ပကာရီရဲကင်းစခန်းတိုက်ခိုက်မှုတွင် ပြည်သူ့ကာကွယ်ရေး ရဲဘော်နှစ်ဦးကျဆုံး

Dawei Watch

January 1, 2024

ပကာရီရဲကင်းစခန်းတိုက်ခိုက်မှုတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်နှစ်ဦးကျဆုံးကြောင်း ဒေသကာကွယ်ရေးတပ်နှင့် ဒေသခံအချို့က ပြောသည်။ ပစ်ခတ်တိုက်ခိုက်ပြီး ပြန်လည်ဆုတ်ခွာချိန်တွင် ပကာရီတံတားနှင့် အညာဖျားချောင်းကြားကို စစ်တပ်ကပစ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် PDF ရဲဘော်နှစ်ဦး ကျဆုံးခဲ့ခြင်းဖြစ်သည်ဟု ပူးပေါင်းတပ်ဖွဲ့တစ်ခုမှ တာဝန်ရှိသူက ဆိုသည်။ နှစ်သစ်ကူးညသန်းခေါင်ယံအချိန်တွင် ပကာရီရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပူးပေါင်းတပ်ဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ည ၁၂ နာရီ ၃ မိနစ်ခန့်တွင် ပကာရီကျေးရွာအပြင်ဘက်ရှိ တံတားဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံများ စတင်ကြားရပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်သံ မိနစ် ၃၀ ခန့်ကြားရကြောင်း ပကာရီကျေးရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ “၁၂ ခွဲလောက်ထိတော့ နှစ်ဖက်ပစ်ခတ်သံမျိုးကြားရတယ်၊ စစ်တပ်ဘက်က ည ၂ နာရီအထိ လက်နက်ကြီးနဲ့ပြန်ပစ်တာမျိုးကြားရတယ်၊ ဒီမနက်ကြားရတာ PDF […]

မိုင်းငေါ့မြို့ကို တအာင်းတပ်သိမ်းယူ

Dawei Watch

January 1, 2024

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်ရှိ မိုင်းငေါ့မြို့ကို သိမ်းယူလိုက်ကြောင်း တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်သည်။ မိုင်းငေါ့မြို့ရှိ စစ်ကောင်စီ ဗျူဟာမှူးအခြေချ ကွပ်ကဲနေသည့် တပ်စခန်းတို့ကို ဒီဇင်ဘာလ ၂၉ရက်တွင် စတင်တိုက်ခိုက်ခဲ့ပြီး သုံးရက်အကြာ ဒီဇင်ဘာလ ၃၁ ရက် ညတွင် သိမ်းယူနိုင်ခဲ့ကြောင်း ဖော်ပြသည်။ မိုင်းငေါ့မြို့တပ်စခန်း ဗျုဟာကုန်းအပါအဝင် ရဲစခန်းနှင့် ဌာနဆိုင်ရာရုံးများ အလုံးစုံသိမ်းပိုက်ရရှိခြင်း ဖြစ်သည်ဟု ဆိုသည်။ မိုင်းငေါ့မြို့ စစ်ကောင်စီတပ်စခန်းသည် တပ်မ-၁၀၁ လက်အောက်ခံ ခလရ-၂၅၃၊ ခလရ-၂၃၅ တို့မှ လာရောက် ထိုးစစ်ဆင် အခြေချလှုပ်ရှားသည့် တပ်ဖြစ်ကြောင်း TNLA က ထုတ်ပြန်သည်။ မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ဂျက်တိုက်လေယာဉ်ဖြင့် ငါးကြိမ်၊ Y12 လေယာဥ်ဖြင့် ၁၉ ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး မြို့နှင့် မြို့ပတ်ဝန်းကျင်သို့ […]

ဘန်ကောက်တွင် ဆိုင်ကယ်စီးလာသော မြန်မာလုပ်သားနှစ်ဦး တံတားပေါ်က ပြုတ်ကျသေဆုံး

Dawei Watch

January 1, 2024

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မြန်မာအလုပ်သမားနှစ်ဦး စီးလာသည့်ဆိုင်ကယ် တံတားပေါ်က ဂငယ်ကွေ့ ကွေ့စဉ် အရှိန်လွန်ကာ တံတားဘောင်နှင့် တိုက်မိပြီး ပြုတ်ကျသေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဘန်ကောက်မြို့ ဘန်ခွန်ထီယမ်နယ်မြေ ဖလန်ဆောင်လမ်းတွင် မဟာချိုင်ဘက်သို့ ဦးတည်မောင်းနှင်ချိန် ဒီဇင်ဘာလ ၃၀ ရက်နေ့ ညတွင် တံတားပေါ်က ပြုတ်ကျသေဆုံးခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ တံတားပေါ်က ပြုတ်ကျလာပြီးနောက် တံတားအောက်က ဖြတ်သွားသည့် ထိုင်းအငှားကားတစ်စီးနှင့် ထပ်မံတိုက်မိသေးကြောင်း ရေးသားထားသည်။ မြန်မာနှစ်ဦးအနက် အသက် ၃၀ နှစ်အရွယ် ကိုဇော်အမည်ရှိ မြန်မာအလုပ်သမားသည် တံတားပေါ်မှ ဦးခေါင်းကွဲကြေဒဏ်ရာဖြင့် သေဆုံးနေသည်ကို အခင်းဖြစ်နေရာသို့ ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိချိန် တွေ့ရှိ ရကြောင်း သတင်းများတွင် ဖော်ပြထားသည်။ နောက်ထပ် အမည်မသိရသေးသော အသက် ၃၀နှင့် ၄၀ ကြားအရွယ်ရှိ […]

နှစ်သစ်ကူးချိန် တနင်္သာရီ ညောင်ပင်ကွင်းရွာတွင် လက်နက်ကြီးကျ၍ နေအိမ် ၇ လုံးပျက်စီး

Dawei Watch

January 1, 2024

တနင်္သာရီမြို့နယ် ၊ ညောင်ပင်ကွင်းရွာ ၊ အရှေ့ဘက်ကမ်းတွင် နှစ်သစ်ကူးချိန် (ဒီဇင်ဘာ ၃၁ ည ၁၂ နာရီဝန်းကျင်)၌ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ် ၇ လုံး ပျက်စီးခဲ့ကြောင်း ရွာသားများထံကသိရသည်။ “ ၁၂ နာရီအတိမှာ လက်နက်ငယ်အသံတွေကြားပြီးတဲ့နောက် ၊ လက်နက်ကြီးသံတွေ ဆက်တိုက်ကြားရတယ် ” ညောင်ပင်ကွင်း ရွာသားတစ်ဦး ကပြောသည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ညောင်ပင်ကွင်းရွာအခြေစိုက် စစ်ကောင်စီ ခမရ ၅၆၁ တပ်ရင်းကို သွားရောက်တိုက်ခိုက်သဖြင့် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ကျေးရွာတွင်းသို့ ပြန်လည်ပစ်ခတ်ခဲ့ဟု ဒေသခံများက ပြောဆိုနေကြသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ် ၇ လုံးခန့် ပျက်စီးသွားပြီး လူထိခိုက်ဒဏ်ရာရမှုမရှိကြောင်း ဒေသခံများကပြောသည်။ ဇန်နဝါရီလ မနက်ပိုင်းတွင်မူ ညောင်ပင်ကွင်းရွာအတွင်း […]