ဖမ်းဆီးစစ်ဆေးမှုတင်းကြပ်နေသည့် ကံပေါက်တွင် ပေါ်တာဆွဲမည်ကို မစိုးရိမ်ရန် စစ်ကောင်စီ လက်ကမ်းစာစောင်ဝေ
Dawei Watch
February 20, 2024ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာအုပ်စု၊ စည်ပင်သာယာဈေးတွင် စစ်မှုထမ်းမှုဥပဒေအတွက် မစိုးရိမ်ကြရန် လက်ကမ်း စာစောင်များကို ဖေဖော်ဝါရီလ ၁၉ ရက် နှင့် ၂၀ ရက် နှစ်ရက်ဆက်တိုက် လာရောက်ဖြန့်ဝေနေကြောင်း ဒေသခံများက ပြောသည်။ “လက်ကမ်းစာစောင်က ဘယ်သူလာဝေနေလဲတောင် မသိဘူး။ ဈေးထဲမှာတော့ တော်တော်ပျံ့နေတယ်။ စာရွက် နှစ်ချပ်တွဲလေးပဲ” ဟု ကံပေါက်ဈေးက ဈေးသည်တစ်ဦးက ပြောသည်။ အဆိုပါ လက်ကမ်းစာရွက်တွင် စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ မစိုးရိမ်ရန်၊ တစ်မျိုးသားလုံး စစ်ပညာသင်ရန်၊ စစ်မှုထမ်းရန် တာဝန်ရှိကြောင်းအပြင် ပြည်ပထွက်ခွင့် ပိတ်ပင်ထားခြင်း မရှိကြောင်း၊ ပေါ်တာဆွဲနေခြင်းလည်း မရှိကြောင်း ဖော်ပြထားသည်။ လက်ကမ်းစာစောင်များကို ကံပေါက်တိုက်နယ်အတွင်းရှိ ကျေးရွာများအားလုံး အရောင်းအဝယ်အဓိက ပြုလုပ်သည့် ကံပေါက် ဈေးတစ်ခုတည်းတွင် ဖြန့်ဝေနေခြင်းဖြစ်သည်။ တိုက်နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် ယခုကဲ့သို့ လက်ကမ်းစာစောင်ဝေငှ […]


