ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဆင်ဖြူပြင်ရွာက လှေလုပ်သားတစ်ဦး ပစ်ခတ်ခံရပြီးဒဏ်ရာရ

Dawei Watch

December 27, 2023

သရက်ချောင်းမြို့နယ်၊ ဆင်ဖြူပြင်ကျေးရွာက လှေလုပ်သားတစ်ဦး ဒီဇင်ဘာလ၂၅ ရက် ညသန်းခေါင်ကျော်တွင် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာရကြောင်း ဒေသခံအချို့က ပြောသည်။ အသက် ၃၅ နှစ်ခန့်ရှိ ကိုဝေယံစိုးသည် ဆင်ဖြူပြင်ဆိပ်ကမ်းက လှေထဲတွင် အိပ်ပျော်နေရာမှ နိုးလာသည့်အချိန် ရွာထဲဝင်ရန် ထွက်လာစဉ် ဆိပ်ကမ်းတွင် ကင်းချထားသည့် စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ “လှေရှင်ပြောတာက သူကအရက်မူးပြီးလှေပေါ်မှာ အိပ်ကျန်ခဲ့တာလို့ပြောတယ်။ နိုးလာတော့ အိမ်ပြန်မယ်ဆိုပြီး ထွက်လာတဲ့ အချိန်မှာ ပစ်ခတ်ခံရတာလို့ သိရတယ်။ ည ၁ နာရီလောက်ရှိပြီပေါ့နော်” ဟု ဆင်ဖြူပြင်ကျေးရွာက ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ သေနတ်ဒဏ်ရာတစ်ချက်မှာ ချိုင်းအောက်က ဖောက်ဝင်သွားပြီး သရက်ချောင်းဆေးရုံကတစ်ဆင့် ထားဝယ်ဆေးရုံကြီးသို့ တင်ပို့ထားသည်ဟု ကြားသိရကြောင်း အထက်ပါအမျိုးသားက ပြောသည်။

လောင်းလုံးမြို့အောက်ဘက်ကျေးရွာများကို ပိတ်ဆို့စစ်ကြောင်းထိုးနေသဖြင့် ဒေသခံများစိုးရိမ်

Dawei Watch

December 27, 2023

စစ်ကောင်စီတပ်က လောင်းလုံးမြို့အောက်ဘက် ကျေးရွာများကို ရေကြောင်း၊ ကုန်းကြောင်းဖြင့် ပိတ်ဆို့စစ်ကြောင်းထိုးနေသဖြင့် စိုးရိမ်နေရကြောင်း ဒေသခံတို့က ပြောသည်။ “အခုက ဘာဖြစ်လာမယ် မှန်းလို့လည်း မတတ်ဘူး။ ဘယ်နေရာမှာ ဘယ်အချိန် တိုက်ပွဲထဖြစ်မလည်းပဲ စိုးရိမ်နေရတယ်။ လယ်ထဲမှာလည်း စပါးတွေသိမ်းလို့ မပြီးကြသေးဘူး” ဟု စစ်ပြဲကျေးရွာသားတစ်ဦးက ဆိုသည်။ စစ်ကောင်စီတပ်က လောင်းလုံးအောက်ဘက်လည်းဖြစ် ထားဝယ်မြစ်ကမ်းဘေးလည်းဖြစ်သည့် ဝေဒီကျေးရွာ၊ ကညုံကျွန်း ကျေးရွာတို့ကို ရေလမ်းဖြင့် ယနေ့ ဒီဇင်ဘာလ ၂၇ ရက် နံနက်ပိုင်းတွင်ရောက်ရှိလာခဲ့ကြောင်း ဒေသခံတို့က ပြောဆိုသည်။ ကညုံကျွန်းရွာရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းတွင်လည်း တပ်စွဲထားလိုက်သည့်အပြင် ရွာအနီး ထားဝယ်မြစ်ထဲတွင်လည်း လှေများဖြင့် စစ်ကောင်စီတပ်က နေရာယူထားကြောင်း ၎င်းတို့က ဆိုသည်။ ထို့အပြင် လွန်ခဲ့သည့် သုံးရက်ခန့်ကစပြီး စစ်ပြဲ၊ ညင်းမော်ကျေးရွာတို့သို့ ခြေလျင် စစ်ကြောင်းတစ်ကြောင်း ရောက်ရှိနေကြာင်း […]

ဇမ္ဗူသီရိ အရေးပေါ်ဖုန်း ဆက်သွယ်ရခက်သဖြင့် ဖုန်းနံပါတ်အသစ်ထုတ်ပြန်

Dawei Watch

December 27, 2023

အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ ဖြစ်သည့် ဇမ္ဗူသီရိအဖွဲ့၏ အရေးပေါ်ဖုန်းနံပါတ်မှာ ခေါ်ဆို ဆက်သွယ်ရခက်ခဲနေသဖြင့် အရေးပေါ် ဆက်သွယ်နိုင်မည့် ဖုန်းနံပါတ်အသစ် အဆိုပါအဖွဲ့က ထုတ်ပြန်လိုက်သည်။ အရေးပေါ်ဖြစ်လာပါက ဆက်သွယ်နိုင်မည့် ဇမ္ဗူသီရိအဖွဲ့၏ မူလအရေးပေါ် ဖုန်းနံပါတ်ဖြစ်သော ၀၉၄၉၁၀၀၁၅၆ အစား ၀၉၂၅၁၁၄၂၁၅၅ ဖုန်းနံပါတ်သို့‌ ပြောင်းလဲခေါ်ဆိုရန် ယင်းအဖွဲ့ ထုတ်ပြန်သည်။ ယခုရက်ပိုင်းအတွင်း မူလအရေး‌ပေါ်ဖုန်းနံပါတ်မှာ ခေါ်ဆိုမရသည့် အခက်အခဲများဖြစ်ပေါ်နေသောကြောင့် ဖုန်းနံပါတ် ပြောင်းလဲ အသိပေးရခြင်းဖြစ်ကြောင်း ဇမ္ဗူသီရိအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်မျိုးသွင်က ပြောသည်။ “၄၉နဲ့ စတဲ့ ဖုန်းနံပါတ်တချို့ ခေါ်ဆိုမရဖြစ်နေတာကြောင့် ပြောင်းလိုက်တာ” ဟု ၎င်းက ပြောဆိုသည်။ မူလအရေးပေါ်ဖုန်းလိုင်း ပြန်လည်ကောင်းမွန်လာပါက ဖုန်းနှစ်လုံးစလုံးကို ဆက်သွယ်အကူအညီတောင်းခံနိုင်မည်ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ ဇမ္ဗူသီအဖွဲ့သည် ထားဝယ်ခရိုင်အတွင်းရှိ သဘာဝဘေးကယ်ဆယ်ရေးနှင့် အရေးပေါ်လူနာများကို မြို့နယ်အ‌ခြေစိုက် အသင်းအဖွဲ့များနှင့် ချိတ်ဆက်ကူညီသယ်ဆောင်ပေးနေသည့် […]

ထားဝယ်မြစ်အနောက်ဘက်တွင် ပေါက်ကွဲမှုဖြစ်ပြီး ကလေးငယ်တစ်ဦးပြင်းထန်ဒဏ်ရာရ

Dawei Watch

December 27, 2023

ထားဝယ်မြစ်၏အ‌နောက်ဘက် တောစပ်အနီးတွင် ဒီဇင်ဘာလ ၂၆ ရက် ညနေပိုင်းက ပေါက်ကွဲမှုဖြစ်ပွားပြီး အသက် ၈ နှစ်ဝန်းကျင်အရွယ်ရှိ ကလေးငယ်တစ်ဦး အပြင်းအထန် ဒဏ်ရာရကြောင်း ဒေသခံတို့ထံမှ သိရသည်။ အဆိုပါကလေးငယ်မှာ အခြားကလေးများနှင့်အတူ ကဘူရွာ၏အနောက်ဘက် သင်္ချိုင်းအနီး တောစပ်တစ်နေရာတွင် ကစားနေစဉ် ပေါက်ကွဲခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ပေါက်ကွဲသံ တစ်ချက်တည်း ကြားရတယ်။ သိပ်တော့မကျယ်ဘူး” ဟု ၎င်းက ပြောဆိုသည်။ ပေါက်ကွဲမှုကြောင့် အဆိုပါကလေးငယ်မှာ လည်ပင်းတစ်ဝိုက် ပြင်းထန်ဒဏ်ရာရပြီး ထားဝယ်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေကြောင်း ဒေသခံတို့ထံမှ သိရသည်။ ပေါက်ကွဲမှုဖြစ်ရသည့် အကြောင်းအရင်းကိုမူ အသေးစိတ် မသိရသေးပေ။

ထိုင်းမှ မလေးရှားသို့ တရားမဝင် ဝင်သော မြန်မာလုပ်သားကိုးဦး ဖမ်းဆီးခံရ

Dawei Watch

December 27, 2023

ထိုင်းနိုင်ငံမှတစ်ဆင့် မလေးရှားနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသော မြန်မာအလုပ်သမား ကိုးဦးကို ဒီဇင်ဘာ ၂၆ ရက်နေ့က ဖမ်းမိကြောင်း မလေးရှားသတင်းဌာနများတွင် ဖော်ပြထားသည်။ ထိုင်း-မလေးရှားနယ်စပ် ကဲဒက်ပြည်နယ် ဘူကစ်ကာယူဟီတန်ဒေသရှိ ရော်ဘာတောထဲတွင် ပုန်းခိုနေသော မြန်မာအလုပ်သမားများကို ကင်းလှည့်နေသော မလေးရှားနယ်ခြားစောင့်တပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ အသက် ၁၈ နှစ်မှ ၃၆ နှစ်အရွယ်ရှိ မြန်မာအလုပ်သမား အမျိုးသား ငါးဦးနှင့် အမျိုးသမီး လေးဦးတို့ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး အားလုံးတွင် ခရီးသွား အထောက်အထားစာရွက်များ မတွေ့ရှိရကြောင်း ရေးသားထားသည်။ မြန်မာအလုပ်သမားများနှင့်အတူပါလာသော ဖုန်း ရှစ်လုံးနှင့် မလေးရှားငွေ ရင်းဂစ် ၅၀၀၀ ကျော်ကိုလည်း သိမ်းဆည်းခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ အဆိုပါမြန်မာနိုင်ငံသား ကိုးဦးကို ဘူကစ်ကာယူဟီတန်ရဲစခန်းသို့ ပို့ဆောင်ခဲ့ပြီး လဝကဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ဆိုသည်။ […]

မြိတ်နည်းပညာတက္ကသိုလ်ကျောင်းသားတစ်ဦး နတ်သံကွင်းတိုက်ပွဲတွင်ကျဆုံး

Dawei Watch

December 27, 2023

ပဲခူးတိုင်း၊ နတ်သံကွင်းမြို့တိုက်ပွဲတွင် မြိတ်နည်းပညာတက္ကသိုလ်ကျောင်းသား ကိုကောင်းထက်စံ (ခ) ရဲဘော်ဗြသုန် ကျဆုံးကြောင်း မြိတ်နည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂထံက သိရသည်။ ဒီဇင်ဘာလ ၂၆ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲတွင် ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း သမဂ္ဂထံက သိရသည်။ ကိုကောင်းထက်စံသည် မြိတ်နည်းပညာတက္ကသိုလ်တွင် စက်မှုအင်ဂျင်နီယာဘာသာရပ်ကို သင်ယူနေဆဲ တတိယနှစ် ကျောင်းသားဖြစ်ပြီး စတုတ္ထအကြိမ် မြိတ်နည်းပညာကျောင်းသားများသမဂ္ဂ အလုပ်အမှုဆောင်အဖွဲ့ ၏ ကျောင်းသားထု အခွင့်အရေးတာဝန်ခံ ဖြစ်သည်။ အာဏာသိမ်းမှုဖြစ်စဥ်နောက်ပိုင်း မြိတ်နည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ တော်လှန်ရေးဦးဆောင် ကော်မတီဝင် အဖြစ် တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့ကြောင်း သမဂ္ဂထံမှ သိရသည်။ ကိုကောင်းထက်စံသည် ကေအဲန်ယူ တပ်မဟာ (၃) ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ တပ်ရင်း ၉ တွင် […]

ထိုင်းတွင် ဘတ်ကတ်လျှောက်သည့်မြန်မာများအတွက် CI စာအုပ်ထုတ်ပေးရေးစခန်းများ နောက်လဖွင့်မည်

Dawei Watch

December 26, 2023

ထိုင်းနိုင်ငံရှိ ယာယီနေထိုင်အလုပ်လုပ်ခွင့်လက်မှတ် ဘတ်ကတ်ခေါ် ပန်းရောင်ကတ် ပြုလုပ်ရန် အမည်စာရင်း တင်သွင်း ထားသူများအတွက် မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI စာအုပ်) ထုတ်ပေးမည့် စခန်းများကို လာမည့် ဇန်နဝါရီလ ၄ ရက်နေ့မှ စ၍ ဖွင့်လှစ်မည်ဖြစ်ကြောင်း ဘန်ကောက်ရှိ မြန်မာအလုပ်သမားသံအရာရှိရုံးထံမှ သိရသည်။ ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity-CI) ထုတ်ပေးရေးစခန်း ငါးခုကို စမွတ်စခွန်၊ စမွတ်ပရကန်၊ ချွန်ဘူရီ၊ ပထုံဌာနီနှင့် စူရတ်ဌာနီ ခရိုင်များတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အဆိုပါရုံးမှ သိရသည်။ နောက်ထပ် Mobile Unit သုံးခုကိုလည်း ချင်းမိုင်၊ နခွန်စဝမ်နှင့် စွန်ခရာခရိုင်များတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အဆိုပါရုံးထံမှ သိရသည်။ ယခုဖွင့်လှစ်လိုက်သော CI စခန်းများသည် ထိုင်းနိုင်ငံတွင် လုပ်ကိုင်နေပြီး […]

KNU တပ်မဟာ ၄ က ဖမ်းဆီးထားသည့် PDF ၁၀ဦး တစ်ပတ်ကျော်ကြာသည်အထိ ပြန်မလွတ်သေး

Dawei Watch

December 26, 2023

KNU တပ်မဟာ ၄ က ဖမ်းဆီးထားသည့် PDF ရဲဘော် ၁၀ ဦးမှာ သီတင်းတစ်ပတ်ကျော်လာသည်အထိ ပြန်မလွတ်လာ သေးကြောင်း ဖမ်းဆီးထိန်းသိမ်းခံရသည့်တပ်ဖွဲ့နှင့် အခြားတော်လှန်ရေးအင်အားစုများ၏ ပြောဆိုချက်အရ သိရသည်။ ဒီဇင်ဘာလ ၁၈ရက်က ရေးမြို့နယ်ဘက်မှ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်သို့ ပြန်ဝင်လာသည့် ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဦးက ရဲဘော် ၁၀ ဦးကို လက်နက်နှင့်အတူ KNU တပ်မဟာ ၄ က ဖမ်းဆီးထားခြင်းဖြစ်ကြာင်း ၎င်းတို့၏ ပြောဆိုချက်များအရ သိရသည်။ ထားဝယ်ခရိုင်တပ်ဦးက ရဲဘော်များကို KNU တပ်မဟာ ၄ ၊ KNLA တပ်ရင်း ၁၀ က လမ်းခရီးတွင် ခေါ်ယူစစ်ဆေးရာ ကျောပိုး အိတ်ထဲတွင် ကော်သူးလေတပ်မတော် KTLA အမှတ်တံဆိပ်နှစ်ခုတွေ့ရှိသဖြင့် တပ်ဦးသည် KTLA၏ […]