သရက်ချောင်းမြို့နယ်၊ ကင်းရှေ့ရွာက ကလေးငယ်တစ်ဦး မိုင်းနင်းမိ
Dawei Watch
February 16, 2024သရက်ချောင်းမြို့နယ်၊ ကင်းရှေ့ရွာက အသက် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦး မိုင်းနင်းမိသည်ဟု ဒေသခံအချို့က ပြောသည်။ ဖေဖော်ဝါရီလ ၁၅ ရက် နံနက် ၉ နာရီခန့်တွင် အိမ်နှင့်ကပ်နေသည့် ရော်ဘာခြံတွင်း ကစားနေစဉ် မိုင်းနင်းမိပြီး ခြေတစ်ဖက်ပြတ်ထွက်သွားသည်ဟု ဒေသခံအချို့က ပြောသည်။ “ပုံထဲမှာတွေ့တာတော့ ညာဖက်ခြေထောက်ထင်တယ်၊ ဒူးအောက်ကနေပြတ်ထွက်သွားတယ်၊ ကိုယ်မှာလည်း ကျည်စ စင်ထားတာတွေအများကြီးပဲ၊ ထားဝယ်ဆေးရုံကြီးကိုတင်ထားတယ်လို့ ကြားတယ်၊ အဲ့ဒီလမ်းကနေ စစ်တပ်သွားခဲ့တယ်ဆိုတော့ စစ်တပ်ကထောင်ခဲ့တဲ့မိုင်းလို့တော့ ပြောနေကြတယ်” ဟုကင်းရှေ့ရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ ဖေဖော်ဝါရီ ၁၁ ရက်နေ့ကလည်း အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးမှာ ရော်ဘာခြစ်သွားရင်း ပန်းတော့ရွာနှင့် ကျောက်လှေကားရွာကြားတွင် မြေမြုပ်မိုင်းနင်းမိပြီး ခြေဖဝါးတစ်ပိုင်းပြတ်ထွက် ဒဏ်ရာရခဲ့သည်ဟု ဒေသခံအချို့က ပြောသည်။ “အဲ့လိုဖြစ်နေတော့ ဒေသခံတွေ ဥယာဉ်ခြံထဲမသွားရဲကြတော့ဘူး။ […]


