ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ်အရှေ့တောဒေသတိုက်ပွဲတွင် ဒေသခံလေးဦးသေဆုံးပြီး ဆယ်ဦးခန့်ဒဏ်ရာရ

Dawei Watch

February 28, 2024

ထားဝယ် အရှေ့တော‌ဒေသတွင်ဖြစ်ပွားနေသည့် တိုက်ပွဲကြောင့် ကျောက်မဲတောင်၊ တောင်သုံးလုံး၊ ရွှေချောင်း ကျေးရွာတို့က ဒေသခံလေးဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ဆယ်ဦးခန့်ရှိကြောင်း ဒေသခံအချို့က ပြောသည်။ ဖေဖော်ဝါရီလ ၂၅ ရက်မှ ၂၇ ရက်အထိ တောင်သုံးလုံး၊ ရွှေချောင်းရွာတစ်ဝိုက်တွင် စစ်ကောင်စီစစ်ကြောင်းနှင့် ကရင် အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA၊ PDF ပူးပေါင်းစစ်ကြောင်းတို့ နှစ်ဖက်တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားသည်။ ကျောက်မဲတောင်ရဲစခန်းရှိ စစ်ကောင်စီစခန်းနှင့် မေတ္တာဗျူဟာစခန်း၊ စစ်ကောင်စီတပ်စစ်ကြောင်းတို့က တောင်သုံးလုံးရွာနှင့် ရွှေချောင်းရွာဘက်သို့လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်နေသလို ဖေဖော်ဝါရီလ ၂၆ ရက်တွင် လေကြောင်းဖြင့် နှစ်ကြိမ် ဗုံးလာကြဲခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဖေဖော်ဝါရီလ ၂၆ရက် နံနက်ပိုင်းတွင် လက်နက်ကြီးကျည်စထိမှန်ကာ တောင်သုံးလုံးရွာသားနှစ်စ်ဦးသေဆုံးပြီး ကျောက်မဲတောင်ရွာက ဒေသခံတစ်ဦးလည်း လက်နက်ကြီးကျည်စထိမှန် သေဆုံးကြောင်း ဒေသခံအချို့နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့တို့က […]

မဲဆောက်တွင် သေနတ်နှစ်လက် သယ်လာသည့် မြန်မာတစ်ဦး ဖမ်းဆီးခံရ

Dawei Watch

February 28, 2024

ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင် မဲဆောက်မြို့တွင် သေနတ်ကိုင်ဆောင်ထားသော မြန်မာနိုင်ငံသားတစ်ဦးကို ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ သေနတ် ၂ လက် ကိုင်ဆောင်ထားသော မြန်မာနိုင်ငံသားကို တရားမဝင် လက်နက်ကိုင်ဆောင်မှုဖြင့် ထိုင်းတပ်မတော်က ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ညပိုင်းတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရေးသားသည်။ ဖမ်းဆီးခံရသူသည် ရှမ်းပြည်နယ်မြောက်ပိုင်း လာရှိုးမြို့ဇာတိဖြစ်ပြီး ကရင်ပြည်နယ် မြဝတီမြို့တွင် အလုပ်လုပ်နေသည်မှာ ၇ နှစ် ရှိပြီဖြစ်ကြောင်း အဆိုပါမြန်မာနိုင်ငံသားက ထွက်ဆိုကြောင်း သတင်းများတွင် ဖော်ပြသည်။ ထိုင်းနယ်ခြားစောင့်တပ်များက မြဝတီ-မဲဆောက် ချစ်ကြည်ရေး အမှတ် (၁) တံတားအနီးတွင် ကင်းလှည့်နေစဉ် မသင်္ကာ သဖြင့် အဆိုပါ မြန်မာနိုင်ငံသားကို စစ်ဆေးရာမှ လက်နက်နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ မြန်မာနိုင်ငံသား၏ ကျောပိုးအိတ်ထဲမှ ပစ္စတို ၂ လက်နှင့် […]

ရန်ကုန်-ထားဝယ်ကားလမ်းရှိ မိုးကောင်းတံတား မိုင်းခွဲဖျက်ဆီးခံရ

Dawei Watch

February 28, 2024

ရန်ကုန်-ထားဝယ်ကားလမ်းပေါ် မွန်ပြည်နယ် သထုံမြို့နယ်ထဲက မိုးကောင်းတံတား မိုင်းခွဲဖျက်ဆီးခံရ ယနေ့ နံနက်ပိုင်းက မိုင်းဖောက်ခွဲဖျက်ဆီးခံခဲ့ရပြီး တံတားတစ်ခုလုံး ပြိုကျပျက်စီးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။ သထုံမြို့နယ် မိုးကောင်းကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်းပိုင်းရှိ မိုးကောင်းတံတား မိုးကောင်းတံတားသည် ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နံနက် ၃ နာရီခွဲခန့်က ဖောက်ခွဲဖျက်ဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ တံတားတစ်ခုလုံး ပြိုကျပျက်စီးသွားသောကြောင့် လက်ရှိတွင် ကားများဖြတ်သန်းသွားလာ၍ မရတော့ကြောင်း ဒေသခံတို့က ဆိုသည်။ “တံတားက လုံးဝကို ပြိုကျသွားတော့ ကားတွေ ဘာတွေ သွားလာလို့ မရတော့ဘူး။ ကားအသေးတွေကျတော့ ရွာလမ်းကနေ ပတ်သွားနေကြတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ မိုးကောင်းတံတား မိုင်းခွဲဖျက်စီးခံရမှုကြောင့် တံတားအနီးရှိ ဈေးဆိုင်အချို့ ပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရခြင်း မရှိကြောင်း […]

ထားဝယ်လူထုသပိတ် အကြမ်းဖက်ဖြိုခွင်းခံရမှု ၃ နှစ်ပြည့်လှုပ်ရှားမှုပြုလုပ်

Dawei Watch

February 28, 2024

ထားဝယ်သပိတ် အကြမ်းဖက်ဖြိုခွင်းခံရခြင်း သုံးနှစ်ပြည့်အောက်မေ့ဖွယ်အခမ်းအနားကို လောင်းလုံးမြို့နယ်မှာ ဒီနေ့ (ဖေဖော်ဝါရီ ၂၈) ကျင်းပခဲ့ပါတယ်။ အဲဒီအခမ်းအနားမှာ လူထုလမ်းလျှောက်သပိတ်အပါအဝင် ကဗျာရွတ်တာနဲ့ အမှတ်တရ စကားပြောတာ​တွေ ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီအပြင် ၂၀၂၁ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ အသက်ပေးကျဆုံးသွားကြသူ လေးဦးအပါအဝင် နွေဦးတော်လှန်ရေးအတွင်း အသက်ပေးကျဆုံးသွားသူ​တွေကို လွမ်းသူပန်းခွေများနဲ့ ဂုဏ်ပြုခဲ့ကြပါတယ်။ ယခုနှစ်ပတ်လည် အောက်မေ့ဖွယ်အခမ်းအနားကို ဒေသခံ ရာချီပါဝင်ခဲ့ကြပါတယ်။

မင်းပြားမြို့နယ်တွင် တစ်ခုတည်းကျန်သော စစ်ကောင်စီ၏ အမှတ် (၉) တိုင်းဗဟိုကျောင်းကို AA သိမ်းယူ

Dawei Watch

February 28, 2024

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တွင် တစ်ခုတည်းကျန်ရှိသည့် စစ်ကောင်စီတပ်၏ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းကို သိမ်းယူလိုက်ပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်သည်။ စစ်ကောင်စီတပ်၏ တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းလည်းဖြစ်သည့် ယင်းကျောင်းကို စတင်တိုက်ခိုက်ပြီး ၁၀ ရက်အကြာ ဖေဖော်ဝါရီလ ၂၆ ရက်တွင် သိမ်းယူနိုင်ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ တိုင်းဗဟို (၉) ကို တိုက်ခိုက်နေစဉ်အတွင်း စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဆက်တိုက်ပစ်ခတ်တိုက်ခိုက်ခဲ့သလို လက်နက်ကြီး ပစ်ကူအမြောက်အများ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း AA က ဆိုသည်။ အဆိုပါ သင်တန်းကျောင်းအတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ရုပ်အလောင်များ၊ စစ်လက်နက်ခဲယမ်းအမြောက်အမြားအား သိမ်းဆည်းရမိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ တိုက်ပွဲအတွင်း AA ဘက်က ထိခိုက်သေဆုံးမှုရှိကြောင်း ဖော်ပြသည်။ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ မောင်တောမြို့ရှိ စစ်ကောင်စီတပ် […]

ထိုင်းတောင်ပိုင်းတွင် မြန်မာလုပ်သားတစ်ဦးကို ကြိုးဆွဲချသတ်သေ

Dawei Watch

February 27, 2024

ထိုင်းနိုင်ငံတောင်ပိုင်း နခွန်စီထမရတ်ခရိုင် ချဝမ်ဒေသတွင် မြန်မာအလုပ်သမားတစ်ဦး နေထိုင်ရာအခန်းတွင် ကြိုးဆွဲချသတ်သေခဲ့ကြောင်း ထိုင်းသတင်းဌာနတွင် ဖော်ပြထားသည်။ ခလောကျန်းဒီး မီးရထားဘူတာနောက်ရှိ အခန်းတွင် တစ်ဦးတည်းရှိနေစဉ် ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်က ကြိုးဆွဲချသတ်သေခဲ့ခြင်းဖြစ်သည်။ သေဆုံးသူသည် အသက် ၃၅ နှစ်အရွယ် ကိုကောင်းအမည်ရှိ မြန်မာအလုပ်သမားတစ်ဦးဖြစ်ပြီး မြန်မာပြည်နေရပ်ကို ဖော်ပြထားခြင်းမရှိပေ။ အခန်းတွင် တစ်ဦးတည်းရှိနေချိန် သေဆုံးနေသည်ကို လူတစ်ဦးက တွေ့ရှိခဲ့သဖြင့် ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သတ်သေရသည့် အကြောင်းအရင်းကိုမူ မသိရှိရသေးကြောင်း သတင်းတွင် ဖော်ပြထားသည်။ ၂၀၂၃ ခုနှစ်ကလည်း မြန်မာပြည်ပြန်ခွင့်မရသည့် မြန်မာအလုပ်သမားတစ်ဦး ကြိုးဆွဲချသတ်သေခဲ့ပြီး နေစရာ စားစရာမရှိသဖြင့် နောက်ထပ်မြန်မာတစ်ဦးလည်း မြောင်းထဲခုန်ချ သတ်သေခဲ့သည်။ Ref: สื่อมวลชน ข่าวท้องถิ่น ฉวาง

တနင်္သာရီ ရမ်းဖိုရွာအနီးတွင် စစ်ကောင်စီ​ ခြေလျင်စစ်ကြောင်း မိုင်းဆွဲခံရ

Dawei Watch

February 27, 2024

တနင်္သာရီမြို့နယ် ၊ ဘန်းလမွတ်ကျေးရွာအုပ်စု ၊ ရမ်းဖိုရွာအနီး ဆီအုန်းတောတွင် ဖေဖော်ဝါရီလ ၂၆ ရက်မနက်ပိုင်းက ခမရ ၅၅၆ စစ်ကောင်စီ တပ်ရင်းမှ အင်အား ၅၀ ဝန်းကျင်ပါ စစ်ကောင်စီခြေလျင် စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်ဒေသခံများထံမှသိရသည်။ အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို တနင်္သာရီလွတ်မြောက်ရေးအင်အားစု (TLF) က ပြုလုပ်ခဲ့ကြောင်း ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်တွင်ထုတ်ပြန်သည်။ မိုင်းဆွဲတိုက်ခိုက်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်က ပြန်လည်ပစ်ခတ်မှုပြုလုပ်ခဲ့သော်လည်း ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြောင်း ယင်းအဖွဲ့ တာဝန်ရှိသူ ရဲ​ဘော်ထက်မာန် ကပြောသည်။ “ကျွန်​တော်တို့ဘက်က လက်နက်အားနည်းချက်ကြောင့် ပြောက်ကျားမိုင်းဆွဲတာပဲ လုပ်ဆောင်လုပ်ခဲ့တာပါဗျ ။ နှစ်ဘက်ပစ်ခတ်မှု မဖြစ်ခဲ့ပါဘူး” ဟု ၎င်းကပြောသည်။ မိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၁၅ ဦး သေဆုံးပြီး ၅ ဦး […]

ထားဝယ်နှင့် မော်လမြိုင်တွင် ​​နေ့အပူချိန်မြင့်တက်​နေပြီး စံချိန်သစ်တင်

Dawei Watch

February 27, 2024

ထားဝယ်မြို့နှင့် မော်လမြိုင်မြို့များတွင် ယခုအပတ်အတွင်း ​နေ့အပူချိန်ဆက်တိုက် မြင့်တက်​နေပြီး အပူချိန်စံချိန်အသစ်သို့ ရောက်ရှိခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားရေးဦးစီးဌာန ထံမှသိရသည်။ ယခုနှစ်မှာ အစွန်း​ရောက် ရာသီဥတုဖြစ်သည့် ပူပြင်း​ခြောက်​သွေ့​သော အယ်နီညိုရာသီဥတုကို ကြုံ​တွေ့ရမည်ဟု မိုး​လေဝသနှင့် ဇလ​ဗေဒပညာရှင်များက ​ပြောဆိုထားသည်။ ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက် နေ့လယ်ပိုင်းက မိုးဇလ၏ ထုတ်ပြန်ချက်တွင် မွန်ပြည်နယ် ၊ မော်လမြိုင်မြို့နှင့် ရှမ်းပြည်နယ် လွိုင်လင်မြို့များ၏ အပူချိန်များသည် ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း အမြင့်ဆုံးအပူချိန်အဖြစ် စံချိန်ချိုးခဲ့ကြောင်းဖော်ပြထားသည်။ မော်လမြိုင်တွင် ဖေဖော်ဝါရီလ ၂၆ ရက်၌ အပူချိန် ၃၉ ဒသမ ၁ ဒီဂရီစင်တီဂရိတ် (၁၀၂ ဒသမ ၄ ဒီဂရီဖာရင်ဟိုက်) အထိရှိခဲ့ပြီး ၂၀၁၂ ခုနှစ်က အမြင့်ဆုံးအပူချိန်စံချိန်ဖြစ်သည့် ၃၈ဒသမ၈ ဒီဂရီစင်တီဂရိတ် (၁၀၁ဒသမ၈ […]