ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြဝတီတိုက်ပွဲကြောင့် မဲဆောက်ဘက်သို့ မြန်မာ ၂၇၀ကျော် တိမ်းရှောင်

Dawei Watch

April 20, 2024

မြဝတီ-မဲဆောက် အမှတ် ၂ တံတားအနီး ယနေ့ နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် မဲဆောက်ဘက်သို့ ထွက်ပြေးတိမ်းရှောင်လာသော မြန်မာဒုက္ခသည် ၂၇၀ ကျော် ရှိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သော မြဝတီမြို့တွင် ယနေ့ နံနက် ၁ နာရီမှစ၍ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ရဟတ်ယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်မှုများရှိခဲ့ကြောင်း ထိုင်းဘက်က ရိုက်ထားသော ဗီဒီယိုမှတ်တမ်းများနှင့် အမှတ် ၂ တံတားနေ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းပိုင်ရှင်ထံမှ သိရသည်။ “မြန်မာဘက်ခြမ်းက လူတွေကတော့ ထိုင်းဘက် တိမ်းရှောင်ကုန်ပြီ။ ရဟတ်ယာဉ်နဲ့ပါ လာပစ်နေတယ်” ဟု ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းပိုင်ရှင်တစ်ဦးက ပြောသည်။ တိုက်ပွဲကြောင့် တံတားအနီးက ပြည်သူများက သောင်ရင်းမြစ်ကို ဖြတ်ပြီး မဲဆောက်ဘက် ရှောင်ပြေးလာကြပြီး ထိုင်းနိုင်ငံ မဲဆောက်ဘက်ခြမ်းက ယာယီခိုလှုံရေးစခန်းတွင် နေရာချထားပေးကြောင်း ထိုင်းဘက်က ထုတ်ပြန်သည်။ […]

မြဝတီ-မဲဆောက် အမှတ် ၂ တံတားအနီး တိုက်ပွဲပြင်းထန်

Dawei Watch

April 20, 2024

မြန်မာနှင့်ထိုင်း နိုင်ငံနယ်စပ် မြဝတီ-မဲဆောက် အမှတ် (၂) ချစ်ကြည်ရေးတံတားအနီး ခိုအောင်းနေသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်မျာကို KLNA နှင့် ပူးပေါင်းတော်လှန်ရေးတပ်များက တိုက်ခိုက်ရာမှ တိုက်ပွဲပြင်းထန်နေကြောင်း မြဝတီမြို့ခံအချို့ထံမှ သိရသည်။ စစ်ကောင်စီ၏ မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ တပ်ရင်းက စခန်းစွန့်ခွာထွက်ပြေးကာ အမှတ် ၂ တံတားအနီး ခိုအောင်းပြီး ထိုင်းနိုင်ငံသို့ ဝင်ရောက်ခွင့်တောင်းနေသည့် စစ်ကောင်စီတပ်သားများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်နေခြင်းဖြစ်သည်။ အဆိုပါစစ်ကောင်စီတပ်သားများရှိရာနေရာကို တော်လှန်ရေးတပ်များက ဧပြီလ ၁၉ ရက် ညပိုင်းတွင် ဒရုန်းများဖြင့် စတင်တိုက်ခိုက်ပြီး လက်နက်မချသဖြင့် ယနေ့ ဧပြီလ ၂၀ ရက် နံနက် ၅နာရီခန့်တွင် စတင်ဝင်ရောက်တိုက်ခိုက်ကြောင်း ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်သည့် KIC သတင်းတစ်ရပ်တွင် ဖော်ပြသည်။ […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

Dawei Watch

April 19, 2024

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဧပြီလ ၁၃ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကင်ညာစစ်တပ်အကြီးအကဲ ရဟတ်ယာဉ်ပျက်ကျသဖြင့် သေဆုံး ကင်ညာစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ဖရန်စစ် အိုဂိုလာဟာ နိုင်ငံအနောက်ပိုင်းမှာ ဧပြီလ ၁၈ ရက်နေ့က ရဟတ်ယာဉ်ပျက်ကျပြီး သေဆုံးသွားခဲ့ပါတယ်။ အိုဂိုလာဟာ ကင်ညာစစ်တပ်ရဲ့ စစ်ဦးချုပ်တစ်ဦးဖြစ်ပြီး အခြားစစ်ဘက်အရာရှိ ၁၁ ဦးနဲ့အတူ ရဟတ်ယာဉ်မှာ လိုက်ပါလာတာပါ။ ကံမကောင်းစွာနဲ့ သူတို့စီးလာတဲ့ ရဟတ်ယာဉ်က ပျက်ကျခဲ့ပြီး သူနဲ့ နောက် လိုက်ပါလာတဲ့သူ ၉ ဦးသေဆုံးကာ ၂ ဦးသာ အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။ ရဟတ်ယာဉ်ဟာ နိုင်ငံ အနောက်ပိုင်းမှာရှိတဲ့ အယ်လ်ဂီယိုမာရက်ဝက်ကောင်တီမှာ ဧပြီလ ၁၈ ရက်နေ့ နေ့လယ်ပိုင်းက ပျံတက်ပြီး […]

အစ္စရေး-အီရန်ပဋိပက္ခကြောင့် ကမ္ဘာ့ရွှေစျေးတက်၊ ပြည်တွင်းရွှေစျေးလည်းတက်နိုင်

Dawei Watch

April 19, 2024

အစ္စရေးက အီရန်နိုင်ငံကို ဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့ဟု အမေရိကန်က ပြောဆိုခဲ့ပြီးနောက် ကမ္ဘာ့ရွှေဈေး မြင့်တက်သွားပြီး ပြည်တွင်းရွှေဈေးလည်း မြင့်လာနိုင်ကြောင်း ရွှေလုပ်ငန်းရှင်အချို့က ခန့်မှန်းကြသည်။ ပြီးခဲ့သည့်အပတ်က အီရန်နိုင်ငံက အစ္စရေးနိုင်ငံကို ဒရုန်းနှင့် တာဝေးပစ်ဒုံးရာချီပစ်ခတ်ခဲ့မှုကို အစ္စရေးက လက်တုန့်ပြန်သည့်အနေဖြင့် အီရန်နိုင်ငံထဲကို ယနေ့တွင် ဒရုန်းဖြင့်ပြန်လည်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် အီရန်နိုင်ငံရှိ ခရိုင်အများစုတွင် လေကြောင်းရန် ကာကွယ်ရေးစနစ်များ လည်ပတ်ထားပြီး ဖြစ်ကြောင်း အီရန်နိုင်ငံပိုင်မီဒီယာ၏ ရေးသားချက်ကို BBC သတင်းတွင် ဖော်ပြထားသည်။ ထိုသို့ အစ္စရေးက အီရန်နိုင်ငံအား ဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့ကြောင်း အမေရိကန်အရာရှိများ၏ ပြောဆိုချက်ထွက်ပေါပြီးနောက် ကမ္ဘာ့ရွှေဈေးနှင့် ရေနံဈေးများ ထိုးတက်သွားသလို ဟောင်ကောင်၊ ဂျပန်နှင့် တောင်ကိုးရီးယားရှိ စတော့ရှယ်ယာဈေးလည်း ကျသွားကြောင်း BBC သတင်းက ဆိုသည်။ လက်ရှိတွင် ကမ္ဘာ့ရွှေတစ်အောင်စလျှင် ၂၃၈၈ […]

အစ္စရေးက အီရန်ကို ဒုံးကျည်တွေနဲ့ ပြန်လည်တိုက်ခိုက်

Dawei Watch

April 19, 2024

အစ္စရေးဘက်က အီရန်နိုင်ငံကို ဒုံးကျည်တွေနဲ့ ယနေ့ ဧပြီလ ၁၉ ရက်မှာ တန်ပြန်တိုက်ခိုက်ပါတယ်။ အခုလို တိုက်ခိုက်တာကို အမေရိကန် အာဏာပိုင်တွေဘက်က အတည်ပြုထားတာဖြစ်ပြီး အစ္စရေးဘက်ကတော့ ဘာမှ မဖြေကြားသေးပါဘူး။ ပြီးခဲ့တဲ့ အပတ်ကတော့ အီရန်က အဝေးထိန်း ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ အစ္စရေးကို ပစ်ခတ်ခဲ့ပြီးနောက်ပိုင်း အစ္စရေးက လက်တုန့်ပြန်လိုက်တာ ဖြစ်ပါတယ်။ အီရန်နိုင်ငံ အစ်ဖာဟန်မြို့က လေတပ်စခန်းအနီးနားမှာ ပေါက်ကွဲသံတွေကြားခဲ့ရတာပါ။ ဒီနေ့မနက်ပိုင်းမှာတော့ အီရန်ဘက်က လေကြောင်းကာကွယ်ရေး ဒုံးလက်နက်တွေနဲ့ ဒုံးကျည်သုံးခုကို ပစ်ချနိုင်ခဲ့တယ်လို့ အီရန်သတင်းဌာနတွေက ဖော်ပြကြပါတယ်။ အခုတိုက်ခိုက်မှုမှာ ထိခိုက်မှု မရှိဘူးလို့ အီရန်စစ်ဘက်ဗိုလ်ချုပ်တစ်ဦးက ပြောကြားထားပါတယ်။ တိုက်ခိုက်ခံရတဲ့ အီရန်နိုင်ငံ အစ်ဖာဟန်ဒေသဟာ အီရန်ရဲ့ နျူကလီးယားထုတ်လုပ်ရေးကြိုးပမ်းတဲ့ စက်ရုံတွေ တည်ရှိတဲ့ ဒေသဖြစ်ပါတယ်။ နျူးကလီးယားစက်ရုံတွေကို တိုက်ခိုက်လာရင် ချက်ချင်း […]

ကျိုက်မရောတွင် တိုက်ပွဲပြင်းထန်နေ

Dawei Watch

April 19, 2024

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ တရနာကျေးရွာအနီးတဝိုက်တွင် ယနေ့ ဧပြီလ ၁၉ ရက်နေ့ နံနက်ပိုင်းကစပြီး တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေကြောင်း ဒေသခံတို့ထံမှ သိရသည်။ သံချပ်ကာကားများဖြင့် တရနာ၊ သံကလောင်ကျေးရွာဘက်သို့ ထိုးစစ်ဆင်ဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD ပူးပေါင်းတပ်တို့ကြား ယနေ့ နံနက် ၇ နာရီဝန်းကျင်က တိုက်ပွဲစတင်ဖြစ်ပွားကြောင်း ဒေသခံတို့က ဆိုသည်။ “မနက်ပိုင်းလောက်ကတည်းက ပစ်နေတာ။ တရနာ၊ သံကလောင် အဲဒီဘက်မှာဖြစ်နေတာ။ စစ်တပ်တွေက အဲဒီဘက်ကို ဝင်လာလို့ တိုက်ပွဲဖြစ်တာ။ လေယာဉ်နဲ့လည်း ပစ်နေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေယာဉ်ဖြင့် ဗုံးကြဲချ တိုက်ခိုက်နေသည့်အပြင် လက်နက်ကြီးများ ဖြင့်လည်း ဆက်တိုက်ပစ်ခတ်နေသည်ဟုလည်း ဒေသခံတို့ထံမှ သိရသည်။ ကော့ဘိန်းနယ်မြေရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ […]

ကင်ညာ စစ်တပ်ခေါင်းဆောင် ရဟတ်ယာဉ်ပျက်ကျလို့ သေဆုံး

Dawei Watch

April 19, 2024

ကင်ညာစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ဖရန်စစ် အိုဂိုလာ ဧပြီလ ၁၈ ရက်နေ့က ရဟတ်ယာဉ်ပျက်ကျပြီး သေဆုံးသွားခဲ့ပါတယ်။ အိုဂိုလာဟာ ကင်ညာစစ်တပ်ရဲ့ စစ်ဦးစီးချုပ်တစ်ဦးဖြစ်ပြီး အခြားစစ်ဘက်အရာရှိ ၁၁ ဦးနဲ့အတူ ရဟတ်ယာဉ်မှာ လိုက်ပါလာတာပါ။ သူတို့စီးလာတဲ့ ရဟတ်ယာဉ်က နိုင်ငံအနောက်ပိုင်းမှာ ပျက်ကျခဲ့ပြီး သူနဲ့လိုက်ပါလာတဲ့သူ ၉ ဦးသေဆုံးကာ ၂ ဦးသာ အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။ ရဟတ်ယာဉ်ဟာ နိုင်ငံ အနောက်ပိုင်းမှာရှိတဲ့ အယ်လ်ဂီယိုမာရက်ဝက်ကောင်တီမှာ ဧပြီလ ၁၈ ရက်နေ့ နေ့လယ်ပိုင်းက ပျံတက်ပြီး မကြာခင်မှာပဲ ပျက်ကျခဲ့တာဖြစ်ပါတယ်။ ရဟတ်ယာဉ်ပျက်ကျရတဲ့ အကြောင်းအရင်းကိုတော့ စုံစမ်းစစ်ဆေးနေဆဲပါ။ စစ်ဦးစီးချုပ်သေဆုံးခဲ့ရတာနဲ့ ပတ်သက်ပြီး အလွန်ဝမ်းနည်းမိတယ်လို့ ကင်ညာသမ္မတ ဝီလီယံရူတိုက ဆိုထားပါတယ်။ ဗိုလ်ချုပ်ကြီး အိုဂိုလာဟာ ကင်ညာစစ်တပ်အကြီးအကဲအဖြစ် ပြီးခဲ့တဲ့နှစ် ဧပြီလက ခန့်အပ်ခံခဲ့ရတာဖြစ်ပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ […]

လူသန်းတစ်ထောင်နီးပါး မဲပေးမည့် အိန္ဒိယရွေးကောက်ပွဲ စတင်ကျင်းပ

Dawei Watch

April 19, 2024

ကမ္ဘာတွင် လူဦးရေအများဆုံးဖြစ်သော အိန္ဒိယနိုင်ငံ၏ ၂၀၂၄ ခုနှစ် အထွေထွေရွေးကောက်ပွဲကို ယနေ့ ဧပြီလ ၁၉ ရက်နေ့တွင် စတင်ကျင်းပနေပြီဖြစ်သည်။ မဲပေးခွင့်ရှိသော လူဦးရေ ၉၆၉ သန်းအထိရှိပြီး အချိန် ၆ ပတ်ကျော်ကြာ ကျင်းပသွားမည်ဖြစ်သည်။ ယင်းကြောင့် ကမ္ဘာ့အကြီးဆုံးရွေးကောက်ပွဲတစ်ခုကို မြင်တွေ့ရမည်ဖြစ်သည်။ ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ်ဟောင်း ရာဂျစ်ဂန္ဒီ၏ သားသမီးများ ဦးဆောင်သော INDIA (Indian National Developmental Inclusive Alliance) ညွှန့်ပေါင်းအဖွဲ့ပါတီနှင့် လက်ရှိဝန်ကြီးချုပ် နာရမ်ဒြာ မိုဒီ၏ BJP ပါတီနှစ်ခု အဓိက အားပြိုင်ကြမည်ဖြစ်သည်။ မိုဒီ၏ BJP ပါတီကို ယှဉ်ပြိုင်နိုင်ရန်အတွက် အိန္ဒိယ၏ အကြီးဆုံးအတိုက်အခံပါတီကြီး ဖြစ်သော အမျိုးသားရေးကွန်ဂရက်ပါတီနှင့်အတူ ပါတီပေါင်း ၂၀ ကျော်က လာရောက်ပူးပေါင်းခဲ့ပြီး INDIA ညွန့်ပေါင်းပါတီဖွဲ့ခဲ့ကြခြင်းဖြစ်သည်။ […]