ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ရွှေ့ပြောင်းလုပ်သား ထားဝယ်ဇနီးမောင်နှံ ထိုင်းထီ ဘတ် ၆ သန်းပေါက်

Dawei Watch

April 19, 2024

ထိုင်းနိုင်ငံ စူရတ်ဌာနီခရိုင်တွင် လုပ်ကိုင်နေသော ထားဝယ်ဇနီးမောင်နှံသည် ဧပြီလ ၁၆ ရက်နေ့က ဖွင့်လှစ်သော ထိုင်းထီ၏ အမြင့်ဆုံးဆု ဘတ် ၆ သန်းကို ကံထူးခဲ့ကြောင်း MHAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။ ထီပေါက်သူမှာ အသက် ၂၀ အရွယ် ထားဝယ်ဒေသခံ လူငယ်ဇနီးမောင်နှံနှစ်ဦးဖြစ်ပြီး ထိုင်းတောင်ပိုင်း စူရတ်ဌာနီမြို့ရှိ ရေခဲစက်ရုံတွင် လုပ်ကိုင်နေသည်မှာ ၃ နှစ်ခန့်ရှိပြီဖြစ်သည်။ ၂ နှစ်သားလေးက ထီထိုးရန် ပြောသဖြင့် ပထမဆုံးအကြိမ် ထီတစ်စောင် ကံစမ်းလိုက်ရာမှ အမြင့်ဆုံးဆုဖြစ်သည့် ဘတ် ၆ သန်း ကံထူးခဲ့ခြင်းဖြစ်ကြောင်း MHAC အဖွဲ့ဦးဆောင်သူ ကိုရဲမင်းက ဆိုသည်။ “ကလေးလေးက သူကိုယ်တိုင် ထီလက်မှတ်ကို ရွေးယူလိုက်တာ။ ကလေးက အကျိုးပေးတာပေါ့” ဟု ကိုရဲမင်းက ဆိုသည်။ ထီပေါက်သော […]

ဖောင်းတောရွာတွင် သားအဖနှစ်ဦး ဖမ်းဆီးခံရ

Dawei Watch

April 19, 2024

ရေဖြူမြို့နယ်၊ ဖောင်းတောရွာတွင် ဧပြီ၁၈ ရက် ညနေပိုင်းက သားအဖနှစ်ဦးကို နေအိမ်၌ စစ်ကောင်စီတပ်သားများနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်အချို့က လာရောက်ဖမ်းဆီးသွားကြောင်း ရွာသားများထံက သိရသည်။ အုန်းသီး ရောင်းဝယ်ရေး လုပ်ကိုင်သည့် ဦးဝင်းဘိုနှင့် ၎င်း၏သားဖြစ်သူ ကိုရဲသွေးနောင်တို့ကို လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ရွာသားများက ဆိုသည်။ “မိသားစုကတော့ တွေ့ခွင့်ရဖို့လိုက်စုံစမ်းနေတယ်။ ဘယ်နေရာမှာရှိနေလဲဆိုတာ အတိအကျပြောလို့မရသေးဘူး” ဟု ဖောင်းတောရွာသားတစ်ဦးက ပြောသည်။ အဆိုပါ သားအဖနှစ်ဦး ဖမ်းဆီးခံရသည့်အပြင် နေအိမ်ရှိ လက်ကိုင်ဖုန်းအားလုံးကိုလည်း သိမ်းဆည်းသွားကြောင်း ၎င်းက ဆိုသည်။ ဦးဝင်းဘိုတို့ သားအဖကို စစ်ကောင်စီက မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးသွားသည်ကို မသိရသေးကြောင်း ဒေသခံရွာသားတို့က ပြောဆိုသည်။ ယခုနှစ် ဖေဖော်ဝါရီလတွင် ဖောင်းတောရွာ အုပ်ချုပ်ရေးမှူးဟောင်း အပါအဝင် ဖောင်းတောရွာသား သုံးဦးကို စစ်ကောင်စီ မောရဝတီရေတပ်က ဖမ်းဆီးခဲ့ပြီး အုပ်ချုပ်ရေးမှူးဟောင်းကိုသာပြန်လွှတ်ပေးကာ […]

ပလောက်မြို့တံတားအနီး စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် တစ်နာရီနီးပါးကြာ တိုက်ပွဲဖြစ်

Dawei Watch

April 18, 2024

ပုလောမြို့နယ် ပလောက်မြို့ရှိ တံတားအနီးရှိ စစ်ကောင်စီတပ်စစ်ဆေးရးဂိတ်တွင် ဧပြီလ ၁၇ ရက်နေ့က တစ်နာရီနီးပါးကြာ တိုက်ပွဲဖြစ်ပွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းထံမှ သိရသည်။ စစ်ကောင်စီတပ်သား ၃၀ ခန့် တပ်စွဲထားသည့် အဆိုပါစစ်ဆေးရေးဂိတ်ကို ဒေသတွင်းတော်လှန်ရေးပူးပေါင်းတပ်များက မွန်းလွဲ ၁နာရီဝန်းကျင်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း တပ်ရင်း၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။ အပြန်အလှန်ပစ်ခတ်မှု တစ်နာရီနီးပါးကြာချိန်တွင် စစ်ကောင်စီတပ်ဘက်က အင်အား ၃၀ကျော် စစ်ကူထပ်ရောက်လာသည့် အတွက် ပြန်လည်ဆုတ်ခွာလာရကြောင်း ၎င်းက ဆိုသည်။ “ကျွန်တော်တို့ဘက်က စစချင်း ၄၀ မမရော၊ RPG‌ ရော ဂိတ်က ဘန်ကာကို ပစ်ခဲ့တာပေါ့။ သူတို့ (စကစ) ဘက်က အထိအခိုက် များတယ်လို့ ဒေသခံတွေဆီက သိထားရတယ်” ဟု ပြန်ကြားရေးတာဝန်ခံက […]

KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ကို လွတ်ငြိမ်းခွင့်ပေးသည့်ရက်တွင် စစ်ကောင်စီပြန်ဖမ်း

Dawei Watch

April 18, 2024

ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌဟောင်းလည်းဖြစ် အကြံပေးပုဂ္ဂိုလ်လည်းဖြစ်သူ ဒေါက်တာ ခလမ်ဆမ်ဆွန် ကို လွတ်ငြိမ်းခွင့်ဖြင့် ဧပြီလ ၁၇ ရက်တွင် ပြန်လွှတ်ပေးလိုက်ပြီး ယင်းနေ့ညတွင် စစ်ကောင်စီက ပြန်လည်ဖမ်းဆီးသွား ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ထံမှ သိရသည်။ ‌ဒေါက်တာ ခလမ်ဆမ်ဆွန်သည် ဧပြီလ ၁၇ ရက်တွင် မြစ်ကြီးနားအကျဉ်းထောင်မှ လွတ်မြောက်လာခြင်း ဖြစ်သည်။ ယင်းနောက် ညပိုင်းတွင် စစ်ကောင်စီက ပြန်လည်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး ယနေ့ ဧပြီလ ၁၈ ရက် မွန်းလွဲ ၂နာရီအထိ အိမ်သို့ ပြန်လည်ပို့ဆောင်ပေးခြင်း မရှိသေးကြောင်း အဆိုပါကွန်ရက်က ထုတ်ပြန်ထားသည်။ ဒေါက်တာ ခလမ်ဆမ်ဆွန်ကို မြစ်ကြီးနားမြို့ရှိ နေအိမ်၌ ဧပြီလ ၁၇ ရက် ည ၁၀နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် […]

စစ်ကောင်စီလွတ်ငြိမ်း နိုင်ငံရေးအကျဉ်းသား တစ်ရာကျော်သာပါဝင်

Dawei Watch

April 18, 2024

မြန်မာနှစ်ဆန်းတစ်ရက်တွင် စစ်ကောင်စီက အကျဉ်းသား သုံးထောင်ကျော်ကို လွတ်ငြိမ်းခွင့်ဖြင့် ပြန်လွှတ်ပေးရာတွင် နိုင်ငံရေးအကျဉ်းသားတစ်ရာကျော် ရာခိုင်နှုန်းအားဖြင့် ၄ ရာခိုင်နှုန်းသာ ပါဝင်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် (PPNM) က ယနေ့ဧပြီလ ၁၈ရက်တွင် ထုတ်ပြန်သည်။ ကနဦးကောက်ယူထားသည့် အချက်အလက်များအရ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ ၁၀၁ဦးသာ လွတ်မြောက်ခဲ့ကြောင်း ဖော်ပြသည်။ ရမည်းသင်းထောင်က နိုင်ငံရေးအကျဉ်းသား ၁၉ဦးဖြင့် အများဆုံး လွတ်မြောက်လာပြီး အင်းစိန်ထောင်က ၁၈ ဦးဖြင့် ဒုတိယအများဆုံးဖြစ်ကြောင်း PPNM ထံမှ သိရသည်။ တနင်္သာရီတိုင်းထဲက ထားဝယ်နှင့် မြိတ်တို့က နိုင်ငံရေးအကျဉ်းသား တစ်ဦးစီလွတ်မြောက်ကြောင်းလည်း ဆိုသည်။ အကျဉ်းထောင် ၁၈ ခုက အကျဉ်းသားများလွတ်ပေးရာတွင် နိုင်ငံရေးအကျဉ်းသားများ ပါဝင်ကြောင်း ဖော်ပြသည်။ သို့သော် စစ်ကိုင်းတိုင်းထဲက ရွှေဘိုအကျဉ်းထောင်၊ ကသာထောင်၊ […]

ထိုင်းတွင် ရေခဲစက်ရုံ ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် လူ ၁၀၀ ကျော် ထိခိုက်

Dawei Watch

April 18, 2024

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်ရှိ ရေခဲစက်ရုံတစ်ခုတွင် အမိုးနီးယားဓာတ်ငွေ့ယိုစိမ့်မှုကြောင့် ဓာတ်ငွေ့ရှူသွင်းမိသော လူပေါင်း ၁၂၀ ကျော် ထိခိုက်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဓာတ်ငွေ့ ရှူရှိုက်မိသူများသည် မျက်လုံး၊ လည်ချောင်းနှင့် နှာခေါင်းများတွင် ကျိန်းစပ်ခြင်းမျိုး ကြုံတွေ့ရပြီး အချို့မှာ မူးဝေကာ သတိမေ့မြောခဲ့ကြောင်း ဖော်ပြသည်။ ရေခဲရုံတွင် ဧပြီလ ၁၇ရက် ည ၁၁ နာရီကျော်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် ဓာတ်ငွေ့ယိုစိမ့် ခြင်းဖြစ်သည်။ စက်ရုံနှင့် အနီးပတ်ဝန်းကျင် ၁ ကီလိုမီတာကျော်အကွာအထိ ဓာတ်ငွေ့ယိုစိမ့်ခဲ့သဖြင့် ညတွင်းချင်း ခရိုင်အတွင်းရှိ ကယ်ဆယ်ရေးအဖွဲ့များက လာရောက်ကူညီဆောင်ရွက်ပေးကြကြောင်း သတင်းတွင် ဖော်ပြသည်။ စက်ရုံအတွင်းရှိ အလုပ်သမားများနှင့် အနီး ၂ ကီလိုမီတာအကွာရှိ ပြည်သူများကို ညတွင်းချင်း ကယ်ထုတ်ခဲ့ကြပြီး ဓာတ်ငွေ့ယိုစိမ့်သော နေရာဝန်းကျင်ကို သတိပေးချက်များ ထုတ်ပြန်ခဲ့သည်။ […]

မြဝတီပို့မည့် ငွေသား ဘတ်သန်း ၈၀ မဲဆောက်တွင် ဖမ်းမိ

Dawei Watch

April 18, 2024

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် မြန်မာနိုင်ငံ မြဝတီသို့ပို့ဆောင်မည့် ငွေသား ဘတ်သန်း ၈၀ ကို ယမန်နေ့က သိမ်းဆည်းရမိကြောင်း ထိုင်းသတင်းဌာနတွင် ဖော်ပြသည်။ အဆိုပါငွေကြေးများသည် အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့် ဆက်စပ်နေသော ငွေကြေးများဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ဧပြီလ ၁၇ ရက်နေ့တွင် ထုတ်ပြန်သည်။ တာခ့်ခရိုင်ရဲတပ်ဖွဲ့က သတင်းရရှိမှုကြောင့် မဲဆောက်မြို့ကို ရောက်ရှိလာသည့် တိုယိုတာကားတစ်စီးကို စစ်ဆေးရေးဂိတ်ချပြီး တားဆီးစစ်ဆေးရာမှ ကားအတွင်း အိတ် ငါးလုံးဖြင့် ထည့်ထားသော ငွေသား ဘတ် သန်း ၈၀ ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ကားပေါ်တွင် ထိုင်းကားသမားနှင့် နောက်လိုက်တစ်ဦးတို့ လိုက်ပါလာကြပြီး ကားသည် အယုဒ္ဓယခရိုင်ရှိ ဘန်ပအင်းဒေသမှ မဲဆောက်သို့ ဘတ်ငွေ ၅၀၀၀ ဖြင့် ပို့ဆောင်ပေးရန် ငှားရမ်းခဲ့သဖြင့် ပို့ပေးခြင်းဖြစ်ကြောင်း ကားသမားက ဝန်ခံထားသည်။ မြန်မာနိုင်ငံ […]

မြန်မာနှစ်ဆန်းတစ်ရက်နေ့ ညနေပိုင်း ထားဝယ်ဘုရားကြီးမြင်ကွင်း

Dawei Watch

April 17, 2024

ယနေ့ကျရောက်သည့် မြန်မာနှစ်ဆန်း တစ်ရက်နေ့ ညနေပိုင်းတွင် ထားဝယ်မြို့ လောကမာရဇိန် ဘုရားကြီးတွင် ဘုရားဖူးလာသူများနှင့် စည်ကားနေသည်ကို တွေ့ရသည်။ အာဏာမသိမ်းခင်က ထားဝယ်မြို့နယ် အတွင်းရှိ မောင်မယ်ရှောင်၊ ဇဟာလမ်းပိုင်းများနှင့် ထားဝယ်မြို့တွင်း နေရာအများစုတွင် နှစ်ဆန်း ၁ရက်နေ့ ညနေပိုင်းအထိ သင်္ကြန်ရေပက်ကစားကြသည်။ အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်စ၍ နောက်ပိုင်းတွင် ရေပက်ကစားသည်ကို တွေ့ရခြင်း မရှိတော့ပေ။ သို့သော် အာဏာသိမ်းမှု လေးနှစ်မြောက်ဖြစ်သည့် ယခုနှစ် ညနေပိုင်းတွင် ထားဝယ်မြို့၏ ဥဿာရံရပ်ကွက်နှင့် ဝဲကျွန်းရပ်ကွယ် များတွင် ယနေ့ ညနေ ၇ နာရီအထိ သင်္ကြန်ရေပက်ကစားနေကြသည်ကိုတွေ့ရသည်။