ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

စစ်ကောင်စီ လွတ်ငြိမ်း နိုင်ငံရေးသမားအချို့နှင့် ထင်ရှားသူအချို့ပါဝင်

Dawei Watch

April 17, 2024

မြန်မာနှစ်ဆန်းတစ်ရက်တွင် စစ်ကောင်စီက လွတ်ငြိမ်းခွင့်ဖြင့် လွှတ်ပေးရာ၌ ဝန်ကြီး၊ လွှတ်တော်အမတ်အချို့နှင့် ထင်ရှားသူအချို့သာ ပါဝင်လာသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD အစိုးရလက်ထက်တွင် ကချင်ပြည်နယ် လူမှုရေးဝန်ကြီး တာဝန်ယူခဲ့သည့် ဦးနေဝင်းနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးတာဝန်ယူခဲ့သည့် ဦးဇော်ဝင်းတို့ မြစ်ကြီးနားအကျဉ်းထောင်မှ ယနေ့ လွတ်မြောက် လာသည်ကို တွေ့ရသည်။ အဆိုပါ ဝန်ကြီးနှစ်ဦးသည် စစ်ကောင်စီအာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီလ ၁ရက်နေ့တွင် ဖမ်းဆီးခံရသူများဖြစ်သည်။ ယင်းနောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ (၅၅) ဖြင့် ထောင်ဒဏ်သုံးနှစ်စီ ချမှတ်ခံခဲ့ရပြီး လွတ်ရက်စေ့ခါနီးတွင် လွတ်မြောက်လာခြင်း ဖြစ်သည်။ မြစ်ကြီးနားအကျဉ်းထောင်က ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌဟောင်းလည်းဖြစ် အကြံပေးပုဂ္ဂိုလ် လည်းဖြစ်သူ ဒေါက်တာ ခလမ်ဆမ်ဆွန်လည်း ယနေ့ လွတ်မြောက်လာသည်ကို တွေ့ရသည်။ မတရားအသင်းဆက်သွယ်မှု၊ ရာဇသတ်ကြီး […]

ရခိုင်မြောက်ပိုင်း ဘူးသီးတောင်မြို့ရှိ နယ်စည်းမထားဆရာဝန်များအဖွဲ့ရုံး မီးလောင်ပျက်စီး

Dawei Watch

April 17, 2024

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့ရှိ နယ်စည်းမထားဆရာဝန်များအဖွဲ့ MSF ရုံးနှင့် ဆေးထားသိုသည့်နေရာ ဧပြီလ ၁၅ရက်က မီးလောင်ပျက်စီးသွားကြောင်း MSF က ထုတ်ပြန်သည်။ ဝန်ထမ်းများ ထိခိုက်မှု မရှိခဲ့သော်လည်း ဆေးပစ္စည်းများနှင့် ရုံးသုံးပစ္စည်းများ အားလုံးပျက်စီးခဲ့ရပြီး အသက် (၅) နှစ်အောက် ကလေးငယ်များတွင် အဓိကဖြစ်ပွားတတ်သည့် အဆုတ်ရောင်ရောဂါနှင့် ဖျားနာခြင်းများကို ကုသရာတွင် အရေးပါသည့် အသက်ကယ် ပဋိဇီဝဆေးများလည်း ပါဝင်သွားကြောင်း ဖော်ပြသည်။ ဧပြီလ ၁၂ ရက်မှစတင်၍ ဘူးသီးတောင်မြို့နယ်အတွင်း ပဋိပက္ခဖြစ်ပွားမှုများ မြင့်တက်လာပြီးနောက် နေအိမ်နှစ်ရာကျော် မီးလောင်ကျွမ်းရာတွင် MSF ရုံးလည်း မီးလောင်ပျက်စီးသွားခြင်းဖြစ်ကြောင်း ဆိုသည်။ MSF ရုံးတည်ရှိရာနေရာနှင့် အနီးတစ်ဝိုက်နေရာများတွင် အကြမ်းဖက်မှုများကြောင့် ထောင်နှင့်ချီသော ပြည်သူများ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရကြောင်းလည်း MSF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ […]

ထားဝယ်ထောင်က အကျဥ်းသား ၁၂ ဦးလွတ်မြောက်၊ နိုင်ငံရေးအကျဥ်းသူတစ်ဦးသာပါဝင်

Dawei Watch

April 17, 2024

ထားဝယ်အကျဥ်းထောင်က အကျဥ်သား ၁၁ ဦးနှင့် အကျဥ်းသူတစ်ဦး စုစုပေါင်း ၁၂ဦး လွတ်‌မြောက်လာပြီး ယင်းအနက် နိုင်ငံရေးအကျဉ်းသူတစ်ဦးသာ ပါဝင်ကြောင်း ထောင်ရှေ့တွင် သွားရောက်စောင့်ဆိုင်းသူများနှင့် လွတ်‌မြောက်လာသည့် နိုင်ငံရေးအကျဉ်းသူ၏ မိသားစုနှင့် နီးစပ်သူတို့ထံမှ သိရသည်။ စစ်ကောင်စီက ယန့ ဧပြီလ ၁၇ ရက် နှစ်ဆန်းတစ်ရက်တွင် နိုင်ငံတစ်ဝန်းက အကျဉ်းသား၊ အကျဉ်းသူ သုံးထောင်ကျော်ကို ပြစ်ဒဏ်က လွတ်ငြိမ်းခွင့်ပေးခြင်းဖြစ်သည်။ ယနေ့ မွန်းလွဲ ၁ နာရီတွင် ထားဝယ်ထောင်က အကျဥ်သား၊ အကျဥ်းသူ ၁၂ ဦး ပြန်လွတ်လာခြင်း ဖြစ်ကြောင်း ထောင်ရှေ့တွင် သွားရောက်စောင့်ဆိုင်းသူတို့က ပြောသည်။ ယင်းအနက် စစ်ကောင်စီက ထောင်ဒဏ် ၇ နှစ်ချမှတ်ထားသည့် နိုင်ငံရေးအကျဥ်းသူ မသျှားပြည်ခင် တစ်ဦးတည်းသာ ပါဝင်ကြောင်း ၎င်းနှင့်နီးစပ်သူတစ်ဦးက ဆိုသည်။ […]

လူငယ်ပိုင်းမရှိသလောက်နည်းသည့် ထားဝယ်သင်္ကြန်

Dawei Watch

April 17, 2024

ထားဝယ်မြို့ သင်္ကြန်အတက်နေ့ဖြစ်သည့် ဧပြီလ ၁၆ ရက်တွင် မြို့ထဲ၌ ရေပက်ကစားသူများလာသော်လည်း လူငယ်ပိုင်းများ မရှိသလောက်ပင်ဖြစ်သည်။ ရေပက်နေသည့်အုပ်စုများထဲတွင် ကလေးနှင့် လူကြီးများကိုသာ တွေ့ရသည်။ လူငယ်များကို မဖြစ်မနေ စစ်မှုထမ်းခိုင်းသဖြင့် လူငယ်အများ တိမ်းရှောင်သွားကြခြင်းကြောင့် ဖြစ်နိုင်သည်ဟု မြို့ခံအချိုက ဆိုသည်။ အခုနှစ် သင်္ကြန်တွင် ရေကစားသူများ များလာကြောင်း မြို့ခံတို့ထံမှ သိရသည်။ ထားဝယ်မြို့ခံတစ်ဦးက “ရေပက်နေကြတာကတော့ ပုံမှန်နီးနီးပဲ။ သူ့တို့ဘာသာသူတို့ အိမ်ရှေ့မှာ ထွက်ပက်နေကြတာ” ဟု ပြောသည်။ စစ်ကောင်စီသင်္ကြန်မဏ္ဍပ်သို့ သွားရောက်သူများရှိသော်လည်း အနည်းစုဖြစ်ကြောင်း ၎င်းကဆိုသည်။ ထားဝယ်မြိုထဲတွင် အမျိုးသားနှစ်ဦး ဆိုင်ကယ်မစီးရဟု တင်းကြပ်ထားသော်လည်း သင်္ကြန်တွင်းထဲတွင်မူ အမျိုးသားနှစ်ဦး ဆိုင်ကယ်အတူစီးနေကြသည့်အပြင် ဆိုင်ကယ်ဦးထုတ် မဆောင်သူများလည်းတွေ့ရသည်။ ပုံမှန် ညပိုင်း ၈ နာရီ‌ကျော် ၉ နာရီ လမ်းပေါ်တွင် […]

ထားဝယ်မြို့ နှစ်ဆန်းတစ်ရက် ဘုရားသွားကျောင်းတက်မြင်ကွင်းများ

Dawei Watch

April 17, 2024

ထားဝယ်မြို့ ရွှေတောင်စားစေတီ ၊ လောကမာရဇိန်ဘုရားကြီး နှင့် ရှင်ကိုးရှင်စာရင်းဝင် ရှင်ပင်ခရုစေတီ ဘုရားတို့တွင် ဧပြီ၁၇ ရက် မြန်မာနှစ်ဆန်းတစ်ရက် ဘုရားသွားကျောင်းတက် မြင်ကွင်းပုံရိပ်များကို ဖော်ပြလိုက်ပါသည်။ အတာအိုးလာရောက်ပို့ဆောင်သူ ၊ ဘုရားဖူးလာရောက်သူများတွေ့ရပြီး စတုဒီသာလှူဒါန်းနေသူများကိုမူ မမြင်တွေ့ရပေ။ နှစ်ဆန်းတစ်ရက် နံနက်ပိုင်းထက် ညနေပိုင်းတွင် အတာအိုးလာရောက်ပို့ဆောင်သူပိုများနိုင်ကြောင်း ဘုရားဖူးလာသူများက ဆိုသည်။ ထားဝယ်ဒေသက ရပ်ကွက်နှင့် ကျေးရွာအချို့တွင် နှစ်ဆန်းတစ်ရက်ညနေပိုင်းအထိ အတာအိုးပို့ပြီး ပြန်လာသူများအား ရေပက်သည့် ဓလေ့ရှိသော်လည်း ကိုဗစ်နှင့်အာဏာသိမ်းပြီးနောက် ယင်းဓလေ့လည်း ပျောက်ကွယ်လုဆဲဆဲအခြေအနေတွင် ရှိသည်။

နှစ်ဆန်းတစ်ရက်နေ့တွင် စစ်ကောင်စီက အကျဉ်းသားသုံးထောင်ကျော် လွတ်ငြိမ်းခွင့်ပြု

Dawei Watch

April 17, 2024

ယနေ့ကျရောက်သည့် မြန်မာနှစ်ဆန်း တစ်ရက်နေ့တွင် အကျဉ်းသား၊ အကျဉ်းသူ သုံးထောင်ကျော်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုလိုက်ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသူ ၃၃၀၃ ဦးကို စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပြုလိုက်သည်။ နောက်တစ်ကြိမ်ပြစ်မှုကျူးလွန်လျှင် ယခုကျခံရန်ကျန်ရှိသည် ပြစ်ဒဏ်ကိုပါ ဆက်လက်ကျခံရမည်ဆိုသည့် ကန့်သတ်ချက်ဖြင့် ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။ ယင်းအပြင် နိုင်ငံတစ်ဝန်းတွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား၊ အကျဉ်းသူများကို ပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းသက်သာခွင့်ပြုကြောင်းလည်း စစ်ကောင်စီက ထုတ်ပြန်သည်။ ယင်းသို့ လွတ်ငြိမ်းခွင့်ပြုရာတွင် လူသတ်မှု၊ မုဒိမ်းမှု၊ ပေါက်ကွဲစေတတ်သောဝတ္ထုပစ္စည်းများအက်ဥပဒေ၊ မတရားအသင်း များအက်ဥပဒေ၊ ၁၈၇၈ ခုနှစ် လက်နက်များ အက်ဥပဒေပုဒ်မ ၁၉ (စ) ၊ ၁၉၄၉ ခုနှစ် လက်နက် (အရေးပေါ် ပြစ်ဒဏ်စီရင်မှု) (ယာယီ) […]

စစ်ကောင်စီ မဏ္ဍပ်ပဲရှိခဲ့တဲ့ ထားဝယ်သင်္ကြန်

Dawei Watch

April 16, 2024

ထားဝယ်က နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်မှာ ပုဂ္ဂလိကဖျော်ဖြေမဏ္ဍပ်တွေ မပါရှိဘဲ စစ်ကောင်စီ မဏ္ဍပ်တွေပဲ ရှိခဲ့ပါတယ်။ သင်္ကြန်အကြိုနေ့ကစ၍ သင်္ကြန်အတက်နေ့အထိ စစ်ကောင်စီက စီစဥ်ထားတဲ့ ဖျော်ဖြေရေးမဏ္ဍပ် သုံးခုနဲ့ ကျင်းပခဲ့တာပါ။ အဲဒီထဲက ဗဟိုမဏ္ဍပ်မှာပဲ လာရောက်ရေကစားသူတွေ များခဲ့ပါတယ်။ အခုနှစ်သင်္ကြန်မှာ စစ်ကောင်စီက မြို့နယ်အဆင့်ဖျော်ဖြေရေးမဏ္ဍပ်တွေကို တည်ဆောက်ခြင်း မပြုတော့ဘဲ ထားဝယ်မြို့ပေါ် ရှိတဲ့ တိုင်းရဲတပ်ဖွဲ့ရုံးအနီးမှာပဲ မဏ္ဍပ်တွေ ဆောက်လုပ်ခဲ့တာပါ။ စစ်ကောင်စီက သင်္ကြန်မတိုင်မီကတည်းက သင်္ကြန်စည်ကားစေဖို့အတွက် သင်္ကြန်လည်မယ့်သူတွေကို ငွေပေးငှားရမ်းတာတွေ လုပ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။ ထားဝယ်မြို့တွင်းမှာ ကလေးသင်္ကြန်ရက် ဧပြီ ၁၁ ရက်ကတည်းစ၍ ရေကစားသူတွေရှိခဲ့ပေမယ့် ကိုဗစ်မတိုင်မီ ကာလကဲ့သို့ စတုဒီသာမဏ္ဍပ်၊ ပုဂ္ဂလိကမဏ္ဍပ်နှင့် အုန်းလက်ရေကစားမဏ္ဍပ်တွေနဲ့ စည်စည်ကားကား ကျင်းပကြတာကိုတော့ မတွေ့ရတော့ ပါဘူး။ သင်္ကြန်ရက်တွေအတွင်းမှာဆိုရင် ထားဝယ်မြို့အဝင်ဂိတ်တွေအနီးမှာရှိတဲ့ ကျေးရွာတွေမှာ စစ်ကောင်စီတပ်က […]

သင်္ကြန်အတက်နေ့ ကံပေါက်ဒေသ သင်္ကြန်မြင်ကွင်း

Dawei Watch

April 16, 2024

ရေဖြူမြို့နယ်၊ ကံပေါက်ဒေသက ဧပြီ ၁၆ ရက် သင်္ကြန်အတက်နေ့ မြင်ကွင်းများကို စုစည်းဖော်ပြလိုက်ပါသည်။ သင်္ကြန်အကြိုနေ့ကစ၍ ရေကစားသူများရှိခဲ့ပြီး ဘေးတွဲဆိုင်ကယ်တွေနဲ့ သင်္ကြန်လည်ခဲ့သူတွေလည်း ရှိကြသည်။ တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီက ဆိုင်ကယ်စီးနင်းခွင့် ပိတ်ထားခံရသည့် တစ်ခုတည်းသော ဒေသဖြစ်သဖြင့် ဘေးတွဲဆိုင်ကယ်များဖြင့် သင်္ကြန်လည်ရသည်မှာလည်း ကံပေါက်သင်္ကြန်၏ ထူးခြားချက်ဖြစ်သည်။ ကိုဗစ်ကာလနှင့် အာဏာသိမ်းကာလတွင် ကံပေါက်သင်္ကြန်၌ ဖျော်ဖြေရေးမဏ္ဍပ်နှင့် ဘုန်းကြီးကျောင်း၊ ရပ်ကွက်အုပ်စုအလိုက် ထွက်ကြသည့် မြေဝိုင်းဖျော်ဖြေရေးယဥ်ကျေးမှုလည်း ပျောက်ကွယ်သွားခဲ့သည်။ ယခုနှစ်သင်္ကြန်သည် ကံပေါက်ဒေသတွင် ကိုဗစ်ကာလနောက်ပိုင်း ရေကစားသူပြန်ရှိလာသည့် သင်္ကြန်ဖြစ်သည်ဟု ဒေသခံတို့က ဆိုသည်။