ဆုန်ကရန် သွားလည်ပြီး ထမင်းမချက်ထားသည့်ကိစ္စ မြန်မာဇနီးမောင်နှံ အချင်းများရာမှ ဇနီးသည်ဓားထိုးခံရ
Dawei Watch
April 16, 2024ထိုင်းနိုင်ငံ စမွတ်ပရကန်မြို့တွင် ခင်ပွန်းသည်မှာ ဆုန်ကရန် သွားလည်သော်လည်း ပြန်ရောက်ချိန်တွင် ထမင်း မချက် ထားသဖြင့် ဇနီးသည် အလုပ်မှ ပြန်လာချိန် အချင်းများကြပြီး ဓားထိုးမှုဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ စကားများ ရန်ဖြစ်ကြသော ဇနီးမောင်နှံနှစ်ဦးစလုံးသည် မြန်မာရွှေ့ပြောင်းအလုပ်သမားများဖြစ်ကြသည်။ ဆုန်ကရန်ပွဲတော်ဖြစ်သော်လည်း အလုပ်မနားရသော အမျိုးသမီးဖြစ်သူမှာ ယနေ့ ဧပြီလ ၁၆ ရက်နေ့ နံနက် ၂ နာရီခန့်တွင် အခန်းသို့ ပြန်လည်ရောက်ရှိကြောင်း ဖော်ပြသည်။ ခင်ပွန်းသည်မှာ ဆုန်ကရမ်တွင် အပြင်ထွက် ရေကစားပျော်ပါးခဲ့သော်လည်း ထမင်းမချက်ထားသဖြင့် စကားများ ရန်ဖြစ်ကြကြောင်း ဆိုသည်။ အမျိုးသမီးဖြစ်သူက စိတ်ဆိုးပြီး အမျိုးသား၏ ဦးခေါင်းကို နံရံနှင့် ဆောင့်လိုက်သဖြင့် ခေါင်းကွဲသွားရာမှ အမျိုးသားဖြစ်သူက ဓားဖြင့် ပြန်ထိုးခဲ့ကြောင်း သတင်းများတွင် ရေးသားထားသည်။ အလုပ်နားသဖြင့် အပြင်ထွက် […]


