ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မလေးရှားသွားမည့် မြန်မာလုပ်သား တစ်ရာနီးပါး ထိုင်းတောင်ပိုင်းတွင် ဖမ်းဆီးခံရ

Dawei Watch

April 24, 2024

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်တွင် မလေးရှားနိုင်ငံတွင် သွားရောက်လုပ်ကိုင်မည့် အထောက်အထားမဲ့ မြန်မာနိုင်ငံသား တစ်ရာနီးပါးကို ဖမ်းဆီးရမိကြောင်း ထိုင်းရဲတပ်ဖွဲ့က ယမန်နေ့က ထုတ်ပြန်သည်။ ထားချန့်ဒေသရှိ ဆီဆိုင်အနောက်က ဆီအုန်းခြံထဲတွင် မြန်မာနိုင်ငံသားများ ပုန်းခိုနေကြောင်း တိုင်ကြားချက် ရရှိသဖြင့် ထိုင်းရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးရာမှ ဧပြီလ ၂၂ ရက်နေ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ ဖမ်းဆီးခံရသူများတွင် ကလေးငယ်နှစ်ဦးအပါအဝင် အမျိုးသား ၆၁ ဦး၊ အမျိုးသမီး ၃၄ ဦး စုစုပေါင်း ၉၅ ဦးရှိပြီး ကျောပိုးအိတ်များ၊ အသုံးအဆောင်ပစ္စည်းများနှင့်အတူ တောထဲတွင် ပုန်းနေကြကြောင်း ဖော်ပြသည်။ မြန်မာနိုင်ငံသားများသည် နယ်စပ်ဒေသများဖြစ်သော တာ့ခ်ခရိုင်၊ ကန်ချနဘူရီခရိုင်နှင့် ပရာကျွတ်ခီရီခန်ခရိုင်၊ ရနောင်းခရိုင်များကတစ်ဆင့် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ စူရတ်ဌာနီခရိုင်မှတစ်ဆင့် ထိုင်း-မလေးရှားနယ်စပ် ဆုန်ခလာခရိုင် ဟတ်ယိုင်မြို့အထိ သွားရောက်ကြမည်ဖြစ်ပြီး […]

စစ်ကောင်စီရေတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်နေ၍ ရေဖြူဇာဒီရွာတွင် ခြံလုပ်ငန်းများရပ်ဆိုင်း

Dawei Watch

April 23, 2024

ရေဖြူမြို့နယ်၊ ဇာဒီကျေးရွာအုပ်စု ဇာဒီချောင်းဝရှိ စစ်ကောင်စီ၏ မောရဝတီရေတပ် စစ်သင်္ဘောက ယခုရက်ပိုင်းအတွင်း လက်နက်ကြီး ပစ်ခတ်မှုများ ဆက်တိုက်လုပ်ဆောင်နေသဖြင့် ဥယျာဉ်ခြံလုပ်ငန်းများ ရပ်နားထားရကြောင်း ဒေသခံများကပြောသည်။ ဧပြီလ ၁၉ ရက်မှ ၂၃ ရက်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်မှု နှစ်ကြိမ်ထက်မနည်းပြုလုပ်ခဲ့သည်ဟု ၎င်းတို့ကဆိုသည်။ ဇာဒီကျေးရွာအုပ်စုရှိ ဇာဒီရွာ၊ ထွက်ဝရွာ၊ ဒိုက်တကော်ရွာ နှင့် ကျောက်ထရံရွာ တို့တွင် လက်နက်ကြီးကျည်ဆန်များ ဥယျာဉ်ခြံများအတွင်း ကျရောက်ကာ ပေါက်ကွဲ ခြင်းများရှိသလို မပေါက်ကွဲသေးသည့် ကျည်ဆန်များလည်းရှိကြောင်း ရွာသားများထံကသိရသည်။ ” ညက(ဧပြီ၂၂) လက်နက်ကြီးအသံ ၈ ချက်ကြားရတယ်။ မီးအရောင်မြင်ရတာက လေးလုံး ၊ ဇာဒီ ကြက်မောက်တော ဘုန်းကြီးကျောင်းအနားနဲ့ ကျောက်ထရံ ဆင်ဘုရား ပတ်ဝန်းကျင်မှာကျတယ် ” ဟု […]

စစ်သင်္ဘောက လက်နက်ကြီးပစ်ခတ်မည်စိုး၍ လောင်းလုံး၊ကညုံကျွန်းရွာသားများ နေရပ်စွန့်ခွာ

Dawei Watch

April 23, 2024

စစ်သင်္ဘောမှ လက်နက်ကြီးပစ်ခတ်လာနိုင်သဖြင့် ထားဝယ်မြစ်ကမ်းဘေး လောင်းလုံးမြို့နယ်ရှိ ကညုံကျွန်းကျေးရွာခံအချို့ နေရပ်စွန်ခွာ ထွက်ပြေးနေကြရကြောင်း ဒေသခံအချို့က ပြောသည်။ ယနေ့ (ဧပြီ ၂၃) ထားဝယ်မြစ်အတိုင်းဆင်းလာသည့် စစ်သင်္ဘောတစ်စီး ကညုံကျွန်းကျေးရွာအနီးသို့ ရောက်ရှိလာပြီး နေ့လယ် ၁ နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အဆိုပါ စစ်သင်္ဘောကို သွားရောက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံတို့ကဆိုသည်။ ယင်းကြောင့် စစ်သင်္ဘောကလက်နက်ကြီးဖြင့် ပစ်ခတ်မည်ကို ဒေသခံများက စိုးရိမ်နေကြခြင်းဖြစ်ကြောင်း‌ ဒေသခံတို့ကဆိုသည်။ “စစ်သ‌င်္ဘောကတော့ မရှိတော့ဘူး အောက်ဖက်( ကျောက်နီမော်ရွာဖက်) ဆင်းသွားပြီ။ ဒါပေမဲ့ ရွာသားတစ်ချို့က‌တော့ ရှောင်နေကြတယ်။ တစ်ချို့တွေကလည်းရွာထဲမှာပဲ အခြေအနေကြည့်ပြီး နေကြတာပေါ့” ဟု ဒေသခံတစ်ဦးကဆိုသည်။ စစ်သင်္ဘောမှာ ညဘက်ရောက်လာပြီး လာရောက်ပစ်ခတ်မည်ကို ဒေသခံများက စိုးရိမ်နေခြင်းဖြစ်သည်။ ဧပြီလ ၁၉ ရက်က စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချယ်နယ်တစ်ခုတွင် ထားဝယ်မြစ်ကမ်း‌ဘေး ကျေးရွာများဖြစ်သည့် […]

စစ်ကောင်စီ အင်အားတိုးချဲ့ထားသည့် ကျိုက်မရောမြို့နယ်တွင် နေ့စဉ်တိုက်ပွဲဖြစ်

Dawei Watch

April 23, 2024

စစ်ရေးပြင်းထန်နေသည့် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ထဲကို စစ်ကောင်စီက အင်အား အလုံအရင်းဖြင့် တိုးချဲ့ထားပြီး နေ့စဉ်တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံနှင့် ဒေသတွင်းစစ်ရေးအခြေအနေကို လေ့လာစောင့်ကြည့်နေသူတို့ထံမှ သိရသည်။ ကော့ဘိန်းနယ်မြေရဲစခန်း သိမ်းပိုက်ခံရပြီးနောက် ရမ္မာဝတီလမ်းတစ်လျှောက်ရှိ ဓမ္မသ၊ သံကလောင်၊ တရနာ၊ ကော့ပေါက် အစရှိသည့် ကျေးရွာများထဲသို့ စစ်ကောင်စီတပ် ဝင်ရောက်တပ်စွဲထားသည့်အပြင် ဧပြီလ ၁၉ ရက်ကလည်း သံချပ်ကာ ကား များဖြင့် တရနာ၊ သံကလောင်ကျေးရွာဘက်သို့ စစ်ကြောင်း ထပ်မံဝင်ရောက်လာခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။ ဒေသတွင်း ဝင်ရောက်တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား နေ့စဉ်လိုလို ထိတွေ့တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း ဒေသခံတို့က ဆိုသည်။ “တိုက်ပွဲကတော့ နေ့တိုင်းလိုလို ဖြစ်နေတယ်။ စစ်တပ်ကတော့ ရွာတွေထဲမှာ အခိုင်အမာ နေရာဝင်ယူထားတယ်။ နှစ်ဖက် စလုံးက ရှိနေတော့ တိုက်ပွဲက ဖြစ်နေမှာပဲ” […]

မြန်မာလုပ်သားများထံက ခြိမ်းခြောက်ငွေညှစ်ခဲ့သော ထိုင်းရဲ ရှစ်ဦးကို တာဝန်မှယာယီဆိုင်းငံ့

Dawei Watch

April 23, 2024

ထိုင်းနိုင်ငံ နခွန်ပထုံခရိုင်ရှိ ကြက်သားစက်ရုံတွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမား ငါးဦးကို ရဲစခန်းသို့ ခေါ်ဆောင်ပြီး ခြိမ်းခြောက်ငွေညှစ်ခဲ့သော ရဲတပ်ဖွဲ့ဝင် ရှစ်ဦးကို ဧပြီလ ၂၂ ရက်နေ့တွင် တာဝန်မှ ယာယီဆိုင်းငံ့လိုက်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ပြီးခဲ့သော မတ်လ ၂၉ ရက်နေ့က ထိုင်းရဲတပ်ဖွဲ့ဝင်များသည် ကြက်သားစက်ရုံသို့ ရောက်ရှိလာပြီး အလုပ်သမားများကို လာရောက်စစ်ဆေးရာ မြန်မာအလုပ်သမား ငါးဦးကို ရဲစခန်းသို့ ခေါ်ဆောင်၍ စစ်ဆေးခဲ့သည်။ အလုပ်ရှင်နှင့် အလုပ်သမားများအား အလုပ်ခန့်ထားမှုဆိုင်ရာ စာရွက်စာတမ်းများကို စစ်ဆေးသောအခါ လိုအပ်သော စာရွက်စာတမ်းအားလုံး ပြည့်စုံနေခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။ သို့သော်လည်း ရဲတပ်ဖွဲ့ဝင်များက ကျန်သော အထောက်အထား သက်သေများကို တောင်းခံခဲ့ပြီး အလုပ်ရှင်နှင့် အလုပ်သမား များကို တရားစွဲမည်ဟု ခြိမ်းခြောက်ကာ အလုပ်သမားနှင့် အလုပ်ရှင်တို့ထံမှ […]

ဆင်ကူးရွာတွင် အိမ်သုံးလုံးကို စစ်ကောင်စီတပ်မီးရှို့၊ မြိတ်-ထားဝယ် ခရီးသည်သုံးရာကျော် တစ်ညပိတ်မိ

Dawei Watch

April 23, 2024

သရက်ချောင်းမြို့အနီးက ဆင်ကူးကျေးရွာတွင် ဧပြီလ ၂၂ ရက် ညပိုင်းက ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီတပ်က နေအိမ်သုံးလုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ ဆင်ကူးရွာ သံတံတားအနီးရှိ နေအိမ်သုံးလုံးကို မီးရှို့သွားခြင်းဖြစ်ကြောင်း ဆင်ကူးရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ အဆိုပါနေရာအနီးသို့ PDF အချို့ ရောက်ရှိခဲ့သည်ဟု သတင်းကြားရပြီး ယင်းနောက်ပိုင်းတွင် စစ်ကောင်စီတပ်က ရောက်ရှိလာကာ မီးရှို့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ဒေသခံနေအိမ်အချို့ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဖက်ဒရယ်စစ်ကြောင်းက ဒုစစ်ကြောင်းမှူး ကိုမင်းထက်က ပြောဆိုသည်။ “ဆင်ကူးနဲ့ ဘုတ်ကိုင်းပေါ့ဗျာ၊ အဲ့ဒီရွာတွေမှာရှိတဲ့ ပြည်သူလူထုနေအိမ်တွေကို မီးရှို့တာတော့သိရတယ်။ ဒါပေမဲ့ ဘယ်နှစ်ဆောင် ရ (ပါ) သွားလဲဆိုတာတော့ အခြေအနေက ရှုပ်ထွေးနေတဲ့အချိန်မို့ ကျွန်တော်တို့လည်း သေချာတော့ မသိရသေး။ […]

စစ်ကောင်စီက စစ်ဆေးနေ၍ မြိတ်-ထားဝယ်အတက်အဆင်းကားများ သရက်ချောင်းတွင် ပိတ်မိ

Dawei Watch

April 22, 2024

မြိတ်-ထားဝယ် အတက်အဆင်းကားများ သရက်ချောင်းမြို့လမ်းပိုင်းတွင် ပိတ်မိနေကြောင်း ဒေသခံများနှင့် အဝေးပြေးယာဉ်လိုင်းလုပ်ငန်း လုပ်ကိုင်နေသူအချို့က ပြောသည်။ သရက်ချောင်းမြို့ ပန်းတောရပ်ကွက် မြို့မအားကစားကွင်းတွင် ရောက်ရှိနေသည့် အင်အား ၁၀၀ ကျော်ခန့်ရှိ စစ်ကောင်စီတပ်က ခရီးသည်များနှင့်ယာဉ်များကို ဖြတ်သန်းခွင့်မပြုဘဲ စစ်ဆေးနေသည်ဟု ဒေသခံအချို့က ပြောသည်။ ယနေ့ နံနက်အစောပိုင်းကတည်းက စတင်စစ်ဆေးနေခြင်းဖြစ်ပြီး ယနေ့ မွန်းလွဲပိုင်းအထိ ပြန်မဖွင့်ပေးသေးဟု မြို့ပေါ်ရပ်ကွက် နေသူအချို့နှင့် အနီးဝန်းကျင်က ဒေသခံများက ပြောသည်။ “စကစတပ်တွေ ပန်းတောကိုရောက်နေတယ်လို့ သတင်းရတယ်၊ အဲ့မှာ ထားဝယ်ကနေ လိုင်းကားနဲ့ဆင်းလာတဲ့ ကျွန်တော့်အကိုစီးလာတဲ့ကားကို ပေးမသွားလို့ အဲ့ဒီမှာပဲနေနေရတယ်လို့ နေ့လယ်က ဖုန်းဆက်လာတယ်၊ ကားတွေကိုလည်းစစ်ဆေးနေတယ်လို့ပြောတယ်” ဟု သရက်ချောင်းမြို့က ဒေသခံတစ်ဦးက ပြောသည်။ မနက် ၉ နာရီတည်းက မြိတ်ဘက်ကို ဆင်းသွားသည့်ကားမှာ သရက်ချောင်းမြို့ ပန်းတောရပ်ကွက်တွင် […]

စက်အချို့ ပျက်နေသဖြင့် ထားဝယ်တွင် မီးအလှည့်ကျပေးနေရသည်ဟု လျှပ်စစ်ကုမ္ပဏီထုတ်ပြန်

Dawei Watch

April 22, 2024

ထားဝယ်ခရိုင်သို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေသည့် ဓာတ်အားပေးစက်အချို့ ချွတ်ယွင်းနေသဖြင့် လျှပ်စစ်ဓာတ်အား အလှည့်ကျပေးနေရခြင်းဖြစ်ကြောင်း Petrol & Trans ကုမ္ပဏီက ယနေ့ ဧပြီလ ၂၂ ရက်တွင် ထုတ်ပြန်သည်။ ယခင်က ၂ မဂ္ဂဝပ် သဘာဝဓာတ်ငွေ့သုံး အင်ဂျင် ၉ လုံး၊ ၁ ဒသမ ၃ မဂ္ဂဝပ် အင်ဂျင် ၂ လုံး၊ ၆၅၀ ကီလိုဝပ် ဒီဇယ်မီးစက် ၆ လုံးတို့ဖြင့် ထားဝယ်ခရိုင်သို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေခြင်းဖြစ်ကြောင်း ဆိုသည်။ ထိုသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေချိန် နွေရာသီ ရာသီဥတုအလွန်ပူပြင်းသဖြင့် လျှပ်စစ်သုံးစွဲမှုများ အလွန်များလာကြောင်း ဆိုထားသည်။ ထိုသို့မီးသုံးများနေချိန် ၂ မဂ္ဂဝပ် သဘာဝဓာတ်ငွေ့သုံး အင်ဂျင် ၃ လုံး၊ ၁ ဒသမ ၃ မဂ္ဂဝပ်အင်ဂျင် […]