ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

သိမ်းခံထားရသည့် ကံပေါက် သဘာဝဓာတ်ငွေ့ စီမံကိန်း မှ ကား ၃ စီး ပြန်ပေး

Dawei Watch

May 4, 2024

လက်နက်ကိုင် အဖွဲ့တစ်ခုက သိမ်းဆည်းထားသည့် ရေဖြူမြို့နယ် ၊ ကံပေါက်ဒေသအခြေစိုက် ဇောတိက-ရတနာ သဘာဝဓာတ်ငွေ့စီမံကိန်းမှ လုပ်ငန်းသုံးကား ၃ စီးမှာ စီမံကိန်းထံ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း စီမံကိန်းဝန်ထမ်းများထံကသိရသည်။ သိမ်းဆည်းခံရသည့် ကား ၃ စီးစလုံးကို မေလ ၂ ရက်နေ့ ညနေပိုင်းတွင် စီမံကိန်း အော်ပရေးရှင်း စင်တာဧရိယာ၌ ပြန်လည်မြင်တွေ့ရကြောင်း စီမံကိန်းဝန်ထမ်းတစ်ဦးကပြောသည်။ ” ညနေ ၃ နာရီလောက်မှာ ကားတွေ အကုန်ပြန်ရောက်လာတယ်။ ဘယ်လို ပြန်ပေးလိုက်လဲတော့ သေချာမသိရဘူး “ ဟု ၎င်းကပြောပြသည်။ သိမ်းဆည်းခံထားရသည့် ကားများ ပြန်လည်လက်ခံရရှိသည့် အကြောင်းအရင်းနှင့်ပတ်သက်၍ မေးမြန်းရန် စီမံကိန်း အရပ်ဘက်ဆက်ဆံရေးတာဝန်ရှိသူထံ တယ်လီဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေဆိုခြင်းမရှိပေ။ ဧပြီ ၂၅ ရက်နေ့က နတ်အိမ်တောင်ဒေသရှိ ဓာတ်ငွေ့တိုင်းတာရေးစခန်းသို့သွားရောက်စဉ် လမ်းခရီးတွင် […]

ပျက်နေသည့် အင်ဂျင် ၅ လုံးအနက် တစ်လုံးသာ ပြင်ပြီးသေးဟု ထားဝယ်လျှပ်စစ်ကုမ္ပဏီ ထုတ်ပြန်

Dawei Watch

May 4, 2024

ပျက်နေသည့် သဘာဝဓာတ်ငွေ့သုံး အင်ဂျင် ၅ လုံးအနက် တစ်လုံးသာပြုပြင်ပြီးသေးကြောင်း ထားဝယ်ခရိုင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးကုမ္ပဏီက Petro&Trans က ယနေ့(မေ ၄)ထုတ်ပြန်သည်။ ထားဝယ်ခရိုင်တွင် လျှပ်စစ်ဓာတ်အား ဆိုးဆိုးရွားရွား ပြတ်တောက်နေသည်မှာ တစ်လဝန်းကျင်ရှိနေပြီဖြစ်သည်။ ယင်းတစ်လဝန်းကျင်အတွင်း ပျက်သွားသည့် စက်ငါးလုံးအနက် တစ်လုံးပြုပြင်းပြီးပြီဖြစ်သောကြောင့် တပ်ဆင်နေပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ကျန် ၄ လုံးကိုမူ ဆက်လက်ပြုပြင်နေဆဲဖြစ်ပြီး မည်သည့်အချိန်ပြီးမည်ကိုမူ ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်းမရှိပေ။ Petro & Trans ကုမ္ပဏီသည် သဘာဝဓာတ်ငွေ့သုံး ၂ မဂ္ဂဝပ်အင်ဂျင် ၉ လုံး၊ ၁ ဒဿမ ၃ မဂ္ဂဝပ်အင်ဂျင် ၂ လုံး၊ ၆၅၀ ကီလိုဝပ် ဒီဇယ်အင်ဂျင် ၆ လုံးတို့ဖြင့် ထားဝယ်ခရိုင်အား လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနေခြင်းဖြစ်သည်။ ယခုနွေရာသီတွင် ရာသီဥတုအလွန်ပူပြင်းသဖြင့် […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

Dawei Watch

May 3, 2024

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဧပြီလ ၂၇ ရက်နေ့မှ မေလ ၃ ရက်နေ့အထိ အမေရိကန်တွင် လာအိုနွယ်ဖွား ကင်ဆာရောဂါသည်တစ်ဦး ဒေါ်လာ ၁ ဘီလီယံကျော် ထီပေါက် အမေရိကန်ပြည်ထောင်စုမှာ Powerball ထီ ဒေါ်လာ သန်းတစ်ထောင်သုံးရာဆုကို လာအိုနိုင်ငံဖွား ရွှေ့ပြောင်းနေထိုင်သူတစ်ဦးက ဆွတ်ခူးသွားပါတယ်။ စေဖန်းလို့ခေါ်တဲ့သူက လာအိုနိုင်ငံကနေ ၁၉၈၇ ခုနှစ်မှာ ထိုင်းနိုင်ငံကို ပြောင်းရွှေ့နေထိုင်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုကို ပြောင်းရွှေ့လာသူပါ။ သူက ၂၀၁၆ ခုနှစ်ကတည်းက ကင်ဆာရောဂါဝေဒနာကို ရှစ်နှစ်ကြာ ခံစားနေရသူလည်း ဖြစ်ပါတယ်။ ထီဆုငွေကို စပ်တူထိုးကြတဲ့ ဇနီးဖြစ်သူနဲ့ သူငယ်ချင်းဖြစ်သူတို့ သုံးဦး ခွဲယူကြမယ်လို့ ဆိုပါတယ်။ ထီဆုငွေကို တလုံးတည်း တခဲတည်း ယူမယ်ဆိုရင် […]

ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အဆိုးရွားဆုံး ၁၀နိုင်ငံစာရင်းတွင် မြန်မာပါဝင်

Dawei Watch

May 3, 2024

ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အဆိုးရွားဆုံး ၁၀ နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံပါဝင်ကြောင်း နယ်စည်းမခြားသတင်းထောက်များ အဖွဲ့ (RSF) ထုတ်ပြန်သည်။ ယနေ့ မေ ၃ရက်တွင် ကျရောက်သည့် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့တွင် RSF က ထုတ်ပြန်သည့် ၂၀၂၄ ခုနှစ် ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းတွင် အထက်ပါအတိုင်း ဖော်ပြခြင်းဖြစ်သည်။ ကမ္ဘာ့နိုင်ငံ ၁၈၀ ၏ သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းကို ထုတ်ပြန်ရာတွင် မြန်မာနိုင်ငံက ၁၇၁ တွင် ရှိနေခြင်းဖြစ်သည်။ သတင်းလွတ်လပ်ခွင့် အဆိုးရွားဆုံး နိုင်ငံ ၁၀ နိုင်ငံတွင် အီရီထရီးယား၊ ဆီးရီးယား၊ အာဖဂန်နစ္စတန်၊ မြောက်ကိုရီးယား၊ အီရန်၊ တာ့ခ်မင်နစ္စတန်၊ ဗီယက်နမ်၊ ဘာရိန်း၊ တရုတ်၊ မြန်မာတို့က အစဉ်အတိုင်း ရှိနေသည်။ သတင်းလွတ်လပ်မှု အရှိဆုံးနိုင်ငံများတွင် နော်ဝေ၊ ဒိန်းမတ်၊ ဆွီဒင်၊ […]

ထားဝယ်ခရိုင်တွင် ဆားအဝယ်မရှိသလောက်နီးပါးဖြစ်နေ

Dawei Watch

May 3, 2024

ထားဝယ်ခရိုင်တွင် ဆား အဝယ်မရှိသလောက်နီးပါးဖြစ်နေကြောင်း ဆားလုပ်ငန်းရှင်အချို့က ပြောသည်။ ဆားကို ချက်ပြုတ်စားသောက်ရာတွင် အသုံးပြုကြသလို ရေလုပ်ငန်း၊ ရေခဲစက်၊ ငပိ၊ ငါးခြောက် စသည့် လုပ်ငန်းအတွက် လည်း အဓိကအသုံးပြုကြပြီး လုပ်ငန်းများတွင် အသုံးပြုရန် ဝယ်ယူမှု မရှိသလောက်ဖြစ်နေကြောင်း ၎င်းတို့က ဆိုသည်။ လုပ်ငန်းများတွင် အသုံးပြုရန် မဝယ်ကြသဖြင့် ဆားများ ရောင်းမထွက်ဘဲ သောင်တင်နေကြောင်း ဆားလုပ်ငန်းရှင်အချို့က ပြောဆိုသည်။ ပြီးခဲ့သည့်နှစ်က ဆားပိဿာချိန် သုံးသောင်းကျော်ထွက်ရှိသော်လည်း နှစ်သောင်းကျော် ကျန်နေသေးသဖြင့် ထုတ်လုပ်မှု စရိတ်၊ အလုပ်သမားစရိတ်များ မကာမိသောကြောင့် လုပ်ငန်းရပ်ဆိုင်းထားကြောင်း သရက်ချောင်းမြို့နယ်၊ ပြင်းဖြူကြီးရွာက မီးချက်ဆားလုပ်ငန်းလုပ်ကိုင်သူ မမြင့်စန်းက ဆိုသည်။ “အခုကို တစ်သောင်းခွဲလောက် ကျန်နေသေးတယ်။ ခေါင်းရွက်ဖျပ်ထိုးသမားတွေလည်း လာမဝယ်ကြတော့ဘူးလေ။ အခုက တစ်ရွာနဲ့တစ်ရွာ ခေါင်းရွက်ဗျပ်ထိုးလည်း ရောင်းလို့လည်းမရတော့ သူတို့လည်း […]

ဂါဇာစစ်ဆန့်ကျင်ရေးလှုပ်ရှားသော အမေရိကန်တက္ကသိုလ်ကျောင်းသားများ ဖြိုခွဲခံနေရ

Dawei Watch

May 3, 2024

အစ္စရေး-ဟားမတ်စ် စစ်ပွဲရပ်တန့်ရေး စခန်းချဆန္ဒပြနေကြသော အမေရိကန်ပြည်ထောင်စုရှိ တက္ကသိုလ်ကျောင်းသား တက်ကြွလှုပ်ရှားသူများကို ရဲတပ်ဖွဲ့က ဖြိုခွင်းဖမ်းဆီးမှုများ ဧပြီလနှင့် မေလအစောပိုင်းများအထိ ဆက်တိုက်လှုပ်ဆောင် နေသည်။ အစ္စရေးနှင့် စီးပွားရေးလုပ်ဆောင်နေသော အမေရိကန်တက္ကသိုလ်များ၊ ကုမ္ပဏီများ ချက်ချင်း ရပ်တန့်ပေးရန် ပါလက်စတိုင်း ထောက်ခံအားပေးသည့် အမေရိကန် တက္ကသိုလ်ကျောင်းသားများက တောင်းဆိုနေကြရာမှ နိုင်ငံတဝန်းဆန္ဒပြမှုများ ဆက်တိုက်ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ နယူးယောက်ပြည်နယ်က ကိုလံဘီယာတက္ကသိုလ်ကျောင်းဝင်းအတွင်း ပြီးခဲ့သော ဧပြီလ ၁၇ ရက်နေ့မှစ၍ စာကြည့်တိုက်ရှေ့တွင် စခန်းချဆန္ဒပြမှု စတင်ခဲ့ကြသည်။ ယင်းနောက် နိုင်ငံတဝန်း မြို့များရှိ ကျောင်းဝင်းများတွင် ဆန္ဒပြမှုများ ဆက်တိုက်တိုးပွားလာခဲ့ကြသည်။ ရဲတပ်ဖွဲ့များက ကိုလံဘီယာတက္ကသိုလ်ဟောခန်းအထဲထိ ညဘက်အချိန် ပြတင်းပေါက်များကတစ်ဆင့် လှေကားများသုံး၍ ဝင်ရောက်ဖြိုခွင်းခဲ့ပြီး ကျောင်းသားများကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ကိုလံဘီယာ တက္ကသိုလ်ကဲ့သို့ပင် လော့်စ်အိန်ဂျလိန်ပြည်နယ်က ကယ်လီဖိုးနီးယားတက္ကသိုလ်တွင်လည်း ဧပြီလ ၂၅ […]

လျှပ်စစ်ဓာတ်အား ပုံမှန်မရသောကြောင့် ထားဝယ်အာယုဒါနအဖွဲ့၏ အောက်ဆီဂျင်ထုတ်လုပ်မှုလျော့ကျ

Dawei Watch

May 3, 2024

ဧပြီလဆန်းပိုင်းကစပြီး ထားဝယ်ခရိုင်တွင် လျှပ်စစ်ဓာတ်အားပုံမှန် မရရှိသောကြောင့် ထားဝယ်အာယုဒါနအဖွဲ့၏ အောက်ဆီဂျင်ထုတ်လုပ်မှုမှာ ပုံမှန်ထက်လျော့ကျနေကြောင်း အာယုဒါန အရေးပေါ်အောက်ဆီဂျင်လှူဒါန်းရေး -ထားဝယ်အဖွဲ့ထံမှ သိရသည်။ လျှပ်စစ်ဓာတ်အား ပုံမှန်ရရှိနေသည့် အခြေအနေတွင် အာယုဒါနအဖွဲ့ရှိ စက်ကြီးတစ်လုံး၏ တစ်ရက်လျှင် အောက်ဆီဂျင် ထုတ်လုပ်မှုနှုန်းမှာ ၄၀ လီတာအိုးကြီး အလုံး ၂၀ ထက်မနည်း ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။ ဓာတ်အား ပုံမှန်မရရှိတော့သည့် ပြီးခဲ့သည့် ဧပြီလဆန်းပိုင်းကစပြီး တစ်ရက် ထုတ်လုပ်မှုနှုန်းမှာ ၄၀ လီတာ အိုးကြီး ၅လုံး ခန့်သာ ထုတ်လုပ်ပေးနိုင်တော့ကြောင်း အာယုဒါန အရေးပေါ်အောက်ဆီဂျင်လှူဒါန်းရေးအဖွဲ့၏ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ “မီးလာတုန်းပဲ ရသလောက်ထုတ်ပြီး ပေးနေရတယ်။ လျှပ်စစ်အပေါ်မှာပဲ မူတည်တယ်။ ကျွန်တော်တို့ ဆိုလာနဲ့ တွဲသုံးတယ် ဆိုတာက လျှစ်စစ်သုံးစွဲခ သက်အောင်၊ […]

မဲဆောက်တွင် တရားမဝင် ဝင်လာသော မြန်မာနိုင်ငံသား ၇၀ ကျော် ဖမ်းဆီးခံရ

Dawei Watch

May 3, 2024

ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင် မဲဆောက်ဒေသတွင် တရားမဝင် လမ်းကြောင်းဖြင့် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၇၄ ဦးကို ယမန်နေ့ (မေ ၂) တွင် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံသားများသည် တရားမဝင် နယ်စပ်ဖြတ်ကျော်လာပြီး ဖို့ဖရာ့ဒေသရှိ တောထဲတွင် ပုန်းခိုနေကြကြောင်း သတင်းပေးတိုင်ကြားသူရှိသဖြင့် ရဲတပ်ဖွဲ့များက သွားရောက်စစ်ဆေးခဲ့စဉ်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူများမှာ အမျိုးသား ၃၃ ဦး၊ အမျိုးသမီး ၂၂ ဦး စုစုပေါင်း ၅၅ ဦးဖြစ်ပြီး လမ်းပြလာသော လူ ၄ ဦးခန့်က နယ်မြေကျွမ်းကျင်မှုအရ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်းသိရသည်။ မြန်မာနိုင်ငံသား အားလုံးတွင် နယ်စပ်ဖြတ်ကျော်လက်မှတ်များ မတွေ့ရကြောင်းနှင့် အားလုံးသည် ဘန်ကောက်နှင့် အခြားခရိုင်များတွင် အလုပ်လုပ်ကိုင်ရန် ပွဲစားများကို ဘတ် ၂၅၀၀၀ မှ […]