ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

စမတ်ကတ်ရှိမှသာ ကော့သောင်း-ရနောင်း နယ်စပ်ဖြတ်ခွင့်ပေး

Dawei Watch

May 2, 2024

ကော့သောင်းမြို့မှ ထိုင်းနိုင်ငံ ရနောင်းမြို့သို့ သွားရာတွင် စစ်ကောင်စီထုတ်ပေးသည့် စမတ်ကတ်ဟုခေါ်သည့် UID ကတ်ရှိမှ သာ နယ်စပ်ဖြတ်သန်းခွင့်ရတော့ကြောင်း ကော့သောင်းမြို့ခံအချို့ထံမှ သိရသည်။ မေလ ၁ ရက်နေ့မှစကာ ယင်းသို့ကန့်သတ်လိုက်ခြင်းဖြစ်ပြီး စမတ်ကတ်ရှိမှသာ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် BP တွင် အထွက်တုံး ထုပေးခြင်းနှင့် TBP လက်မှတ် ထုတ်ပေးတော့ကြောင်း မြို့ခံများက ပြောသည်။ BP ဆိုသည်မှာ ၂ နှစ်သက်တမ်းရှိ နယ်စပ်ဖြတ်သန်းခွင့်စာအုပ်ဖြစ်ပြီး ထိုင်းနိုင်ငံအတွင်း ၁၄ ရက်နေထိုင်ခွင့်ရှိကာ ကော့သောင်း အိမ်ထောင်စုရှိသူများကို ထုတ်ပေးထားသည်။ TBP ဆိုသည်မှာ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ဖြစ်ပြီး ထိုင်းနိုင်ငံအတွင်း ၇ ရက် နေထိုင်ခွင့်ရှိသည်။ အဆိုပါ TBPလက်မှတ်လုပ်ရာတွင် ယခင်က မှတ်ပုံတင်ရှိရုံဖြင့် ပြုလုပ်နိုင်သော်လည်း မေလ ၁ ရက်နေ့မှစကာ စမတ်ကတ်ရှိမှသာ ထုတ်ပေးတော့ကြောင်း […]

မောင်မယ်ရှောင် ဘုရားမဲစစ်ဆေးရေးဂိတ်တွင် တပ်လာစွဲသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

Dawei Watch

May 2, 2024

ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာ ဘုရားမဲစစ်ဆေးရေးဂိတ်တွင် တပ်စွဲရန်လာသည့် စစ်ကောင်စီတပ် ယနေ့ မေလ ၂ရက် နံနက်တွင် ပစ်ခတ်တိုက်ခိုက်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ ကျောက်ကညာ အခြေစိုက် စစ်ကောင်စီတပ်က စစ်ကောင်စီတပ်သားများသည် မေလ ၁ ရက်နေ့ ညနေပိုင်းတွင် မောင်မယ်ရှောင်ရွာအနီး ဘုရားမဲစစ်ဆေးရေးဂိတ်တွင် လာရောက်တပ်စွဲနေထိုင်ကြောင်း ဒေသခံတို့က ပြောသည်။ ယင်းတပ်ကို ယနေ့ နံနက် ၆ နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ခုက စစ်ဆေးရေးဂိတ်၏ အရှေ့ဘက်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်တိုက်ခိုက်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “မနေ့ညနေကတည်းက စစ်သားတွေက တစ်ဖက်သတ်ပစ်နေတာ။ ဒီနေ့ မနက်မှ နှစ်ဖက်ပစ်တာ” ဟု ၎င်းက ပြောသည်။ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားနေချိန်တွင် ဇဟာရွာအခြေစိုက်စစ်ကောင်စီ၏ အမြောက်တပ်ရင်းကလည်း လက်နက်ကြီးများ ဖြင့် ပစ်ခတ်စစ်ကူပေးလာသည့်အတွက်ကြောင့် ဒေသခံအချို့မှာ […]

ထားဝယ်က ဘဏ်များတွင် တစ်ကျော့ပြန် ငွေထုတ်ရခက်ခဲလာ

Dawei Watch

May 2, 2024

ထားဝယ်မြို့ရှိ ပုဂ္ဂလိဘဏ်များတွင် လှည့်ပတ်သုံးစွဲနေသည့် ‌ငွေသားလက်ကျန်နည်းပါးနေသဖြင့် ပိုက်ဆံထုတ်ယူရ ခက်ခဲလာကြောင်း ကိုယ်တိုင် ငွေထုတ်ယူခဲ့သည့် ‌မြို့ခံအချို့က ပြောသည်။ ငွေကျပ်ဆယ်သိန်းဝန်းကျင်မျှကိုသာ ထုတ်ယူရလွယ်ကူပြီး သိန်းငါးဆယ်၊ တစ်ရာဆိုပါက ထုတ်ယူရခက်ခဲလာကြောင်း ၎င်းတို့က ဆိုသည်။ ငွေကျပ်သိန်းတစ်ရာ ထုတ်ယူလိုပါက တစ်ရက်လျှင် သိန်းသုံးဆယ်ကျော်ဖြင့် သုံးရက်စောင့်ပြီး ထုတ်ယူနေရ‌ကြောင်း ကိုယ်တိုင်ငွေထုတ်ယူခဲ့သူတစ်ဦးက ပြောဆိုသည်။ “လုံးဝမထုတ်ပေးတာတော့မဟုတ်ဘူး။ ငွေများရင် အခုလွှဲ အခုထုတ် မရဘူး။ သုံးလေးခါခွဲပြီး ထုတ်ပေးတယ်။ စောင့်ရကြတာပေါ့။ အရေးတကြီးလိုရင် အခုလို အခုမရဘူး” ဟု ဧပြီလ ၃၀ ရက်က ငွေသွားထုတ်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။ ယင်းသို့ဖြစ်ရခြင်းမှာ အပ်ငွေနည်းပြီး၊ ထုတ်ငွေများနေခြင်း တစ်နည်းအားဖြင့် ငွေသားအဝင်နည်းပြီး ထုတ်ယူငွေသားပမာဏ များပြားနေခြင်းကြောင်း ပုဂ္ဂလိ ဘဏ်ဝန်ထမ်းတစ်ဦးက ပြောဆိုသည်။ “လကုန်ရက်တွေဆိုရင် ပိုဆိုးတယ်။ […]

မွန် မြို့နယ်အချို့တွင် သောက်သုံးရေပြတ်လပ်

Dawei Watch

May 2, 2024

မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့တွင် သောက်သုံးရေ ပြတ်လပ်မှုဖြင့် ကြုံတွေ့နေရကြောင်း ဒေသခံများနှင့် အကူအညီပေးနေသည့် ပရဟိတအဖွဲ့တို့ထံမှ သိရသည်။ မော်လမြိုင်၊ ဘီလူးကျွန်း၊ ပေါင်၊ ဘီးလင်း စသည့် မြို့နယ်တို့တွင် သောက်သုံးရေ ရှားပါးနေပြီး အထူးသဖြင့် ပင်လယ်နှင့် နီးသည့် နေရာတို့တွင် သောက်သုံးရေပြတ်လပ်မှု ဆိုးရွားစွာကြုံတွေ့နေကြရကြောင်း ၎င်းတို့က ပြောသည်။ “အဓိက ပင်လယ်ကမ်းစပ်ကရွာတွေ ရေလိုအပ်ချက်ရှိတယ်။ အဓိက သောက်ရေ ပြီးတော့ ချက်ပြုတ်ဖို့အတွက်ရေ လိုအပ်တယ်။ ပင်လယ်ကမ်းစပ်ဖြစ်တော့ သွားလာရေးကလည်း အခက်အခဲရှိကြတယ်။ ရေလှူတဲ့အဖွဲ့တွေကလည်း မရောက်” ဟု ရေလိုအပ်နေသည့် ရပ်ကွက်၊ ကျေးရွာတို့ကို အခမဲ့ လိုက်လံရေဖြန့်ဝေပေးနေသူတစ်ဦးက ဆိုသည်။ ရာသီဥတု အလွန်ပူပြင်းသည့်အတွက် ဧပြီလဆန်းပိုင်းမှစပြီး ရေတွင်းရေကန်များ ခန်းခြောက်လာသလို ရေတွင်းရေကန် တူးဖော်၍ မရသည့် ပင်လယ်ကမ်းခြေနှင့် နီးစပ်သည့် […]

ကံပေါက်-နဘုလယ်လမ်း ဖြတ်တောက်ခံရ၍ ကျေးရွာ သုံးရွာထက်မနည်း လူမှုစီးပွားထိခိုက်

Dawei Watch

May 1, 2024

ရေဖြူမြို့နယ် ကံပေါက်နှင့် နဘုလယ်တိုက်နယ်တို့ကို ဆက်သွယ်ထားသည့် လမ်းကို စစ်ကောင်စီတပ်က ဖျက်ဆီးဖြတ်တောက်ပိတ်ဆို့လိုက်သဖြင့် ‌ဇာဒီကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများရှိ ဒေသခံများ၏ လူမှုစီးပွားထိခိုက်ကြောင်း ဒေသခံတို့က ပြောသည်။ လမ်းပိုင်းဖြတ်တောက်ခံရသည့် ဇာဒီကျေးရွာအုပ်စုနှင့် ပရဒတ်ကျေးရွာအုပ်စုအကြားရှိ ခေါင်ပြန်၊ ဒိုက်တကော်နှင့် ခရင်းချောင်းရွာတို့က ဒေသခံများ အဓိက အခက်အခဲကြုံရကြောင်း ၎င်းတို့က ဆိုသည်။ အဆိုပါကျေးရွာ သုံးရွာသည် ဥယျာဉ်ခြံလုပ်ငန်းအပြင် ဇာဒီချောင်းဝကို အမှီပြု၍ တံငါလုပ်ငန်း အဓိကလုပ်ကိုင်ကြပြီး ကံပေါက်ဈေးတွင် ဒေသထွက်ကုန်များ သွားရောက်ရောင်းချကြရကြောင်း ဈေးသည်များထံမှ သိရသည်။ “ကားတွေ သွားမရတော့ ဈေးတက် (ဈေးကို သွားလို့) မရတော့ဘူးလေ။ ပြီးတော့ ဈေးက ကံပေါက်နဲ့က ပိုနီးတယ်။ နဘုလယ်ဘက် ဈေးရောင်းဈေးဝယ်လုပ်ဖို့က ဝေးတယ်။ အရင်က ဆန်၊ ဆီပဲ သယ်ရခက်တာ အခုတော့ သွားလို့ပါ […]

ဘီးလင်း အင်္ဂဘိုအကျဉ်းစခန်း လက်ထောက်ညွှန်မှူး ပစ်သတ်ခံရ၊ ဇနီးဖြစ်သူ ဒဏ်ရာရ

Dawei Watch

May 1, 2024

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အင်္ဂဘိုကျေးရွာ ရွှေဖြူရော်ဘာအကျဉ်းစခန်းက လက်ထောက်ညွှန်ကြားရေးမှူး ဦးစင်းအောင် ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဦးစင်းအောင်သည် ဧပြီ ၂၉ ရက် နံနက် ၁၁ နာရီဝန်းကျင်က ယက္ကန်းသည်မရွာထိပ်ရှိ ၎င်းပိုင်ဆိုင်သည့် စားသောက်ဆိုင်နှင့် စိုက်ပျိုးရေးပစ္စည်းအရောင်းဆိုင်တို့ တွဲဖွင့်ထားသည့် အိမ်ဆိုင်ထဲတွင် သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံတို့က ပြောသည်။ ဆိုင်ကယ်နှစ်စီးဖြင့် အရပ်ဝတ် အမျိုးသားလေးဦး လာရောက်ကာ ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ သေနတ်ဖြင့် ပစ်ခတ်ခံ‌ရမှုကြောင့် ဦးစင်းအောင်သည် နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့သွားခဲ့ပြီး ဇနီးဖြစ်သူလည်း သေနတ်ဒဏ်ရာရကြောင်း ဒေသခံတို့က ဆိုသည်။ “အပစ်ခံရတာက သူ့ရဲ့အိမ်ဆိုင်မှာပဲ။ သူကတော့ ပွဲချင်းပြီးဖြစ်သွားတယ်။ သူ့မိန်းမလည်း ဒဏ်ရာရသွားတယ်” ဟု ဘီးလင်းမြို့ခံတစ်ဦးက ပြောသည်။ လက်ထောက်ညွှန်ကြားရေးမှူး ဦးစင်းအောင်ကို […]

ပြည်ထောင်စုလမ်းပေါ်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်က ဝင်တိုက်

Dawei Watch

May 1, 2024

မြိတ်မြိုနယ်နှင့် တနင်္သာရီမြို့နယ်အကြား ပြည်ထောင်စုကားလမ်းပေါ်တွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင်၊ ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း-၂ ထံမှ သိရသည်။ ဧပြီလ ၃၀ ရက်နေ့ နံနက် ၅နာရီခွဲခန့်တွင် အနီးကပ်ထိုးစစ်ဖြင့် ဝင်ရောက်တိုက်ခိုက်ရာက မိနစ် ၂၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ တိုက်ပွဲအတွင်း စစ်‌ဆေးရေးဂိတ်အနီးရှိ တုံးဗျောကြီးကျေးရွာ စာသင်ကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က လက်နက်ကြီး အချက် ၂၀ ခန့် ပစ်ကူပေးရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရသွားကြောင်း ပူးပေါင်းစစ်ကြောင်း-၂ ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။ “သူတို့(စကစ) ဘက်က တနင်္သာရီဘက်က သိန္ဓောစခန်းကိုပဲ အာရုံစိုက်‌နေတဲ့အချိန်မှာ ကျွန်တော်တို့ဘက်က သွားဖြို တိုက်ခိုက်ခဲ့တာမျိုးပေါ့။ တိုက်ပွဲအတွင်း သူတို့ဘက်က […]

ပန်းရောင်ဘတ် အသစ်လျှောက်ခွင့်ပြုရန် အစီအစဉ်မရှိသေးဟု ထိုင်းအစိုးရထုတ်ပြန်

Dawei Watch

May 1, 2024

ထိုင်းနိုင်ငံအတွင်း အထောက်အထားမဲ့ အလုပ်သမားများအတွက် နေထိုင်အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောက်ဘတ်) အသစ်လျှောက်ထားခွင့်ပေးရန် အစီအစဉ် မရှိသေးသဖြင့် အယုံမလွယ်ကြရန် ထိုင်းအလုပ်သမားရုံးက ဧပြီ ၃၀ တွင် ထုတ်ပြန်သတိပေးလိုက်သည်။ ပန်းရောက်ဘတ်အသစ်ဖွင့်ပေးမည်ဟု ပြင်ပတွင် ကောလာဟလသတင်းများ ထွက်နေသည့်အပေါ် မဟုတ်မှန်ကြောင်း ငြင်းဆိုထားပြီး အကယ်၍ အထောက်အထားမဲ့ အလုပ်သမားများ အလုပ်ခန့်ထားသည်ကို စစ်ဆေးတွေ့ရှိပါက အလုပ်ရှင်နှင့် အလုပ်သမားများ ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ အထောက်အထားမဲ့ နိုင်ငံခြားသားအလုပ်သမားများကို အမည်စာရင်းတင်သွင်းရန် ခွင့်ပြုပေးမည့်အစီအစဉ်နှင့် ပတ်သက်၍ သတင်းမေးကြားမှုများ၊ ထိုင်းအလုပ်သမားရုံးထံသို့ စာတိုပေးပို့မှုများ များပြားလာသဖြင့် အဆိုပါသတင်းသည် မဟုတ်မှန်ကြောင်းနှင့် တရားဝင် ဖွင့်လှစ်ပေးရန် အစီအစဉ်မရှိသေးကြောင်း အလုပ်သမားရုံးက ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ တရားမဝင် အလုပ်ခန့်ထားပါက ချက်ချင်း အရေးယူသွားမည်ဖြစ်ပြီး အကယ်၍ တရားဝင် အလုပ်ခန့်ထားလိုပါက အလုပ်ရှင်ကိုယ်တိုင်ဖြစ်စေ […]