တနင်္သာရီတွင် ဘက်ပြောင်းခိုလှုံသည့် ပျူစောထီးတစ်ဦးကို ကျပ်သိန်းခြောက်ဆယ်ချီးမြှင့်
Dawei Watch
June 1, 2024တနင်္သာရီမြို့နယ်ရှိ မြိတ်ခရိုင် တပ်ရင်း-၂ ထံ လက်နက်ဖြင့် ဘက်ပြောင်းခိုလှုံလာသည့် ပျူစောထီးတစ်ဦးကို ထောက်ပံ့ငွေကျပ်သိန်း ၆၀ ချီးမြှင့်ခဲ့ကြောင်း အထက်ပါ တပ်ရင်းထံမှ သိရသည်။ တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းကျေးရွာရှိ ၅၆၁ တပ်ရင်းအောက်တွင် ဖွဲ့စည်းထားသည့် ပျူစောထီးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကတည်းကပင် တော်လှန်ရေးတပ်ဖွဲ့များထံ ဆက်သွယ်ပြီး ဘက်ပြောင်းခိုလှုံလာခြင်း ဖြစ်ကြောင်း မြိတ်ခရိုင်၊တပ်ရင်း-၂ မှ ရဲဘော်တစ်ဦးက ပြောသည်။ လုံခြုံရေးအခြေအနေအရ ဘက်ပြောင်းခိုလှုံလာသည့်အကြောင်းကို ဇွန်လ ၁ရက်နေ့မှသာ တရားဝင်ထုတ်ပြန်ရခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြပြီး အချက်အလက် အသေးစိတ်ကိုမူ ထုတ်ပြန်ပြောဆိုခြင်း မရှိပေ။ အထက်ပါ ပျူစောထီး ဘက်ပြောင်းခိုလှုံလာရာတွင် AK မောင်းပြန်ရိုင်ဖယ် ၁လက်၊ ကျည်ဘောက် ၂ခု၊ ကျည် ၁၁၈ တောင့်ကို ပါယူဆောင်လာကြောင်း မြိတ်ခရိုင် […]


