ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဖူးခက်တွင် ပင်လယ်ထဲ ရေဆင်းကူးသည့် မြန်မာတစ်ဦးမျောပါသေဆုံး

Dawei Watch

May 6, 2024

ထိုင်းနိုင်ငံတောင်ပိုင်း ခရီးသွားကျွန်းဖြစ်သော ဖူးခက်မြို့တွင် ပင်လယ်ထဲ ရေဆင်းကူးသော မြန်မာနိုင်ငံသားတစ်ဦး မျောပါသေဆုံးကြောင်း ထိုင်းသတင်းဌာန များတွင် ဖော်ပြသည်။ ပင်လယ်ထဲ ရေဆင်းမကူးရန် သတိပေးထားသည့် အနီရောင်အလံပြထားသော်လည်း ရေဆင်းကူးခြင်းဖြစ်သည်ဟု သတင်းများတွင် ရေးသားထားသည်။ သေဆုံးသူသည် အသက် ၂၀ အရွယ် ကိုနေမျိုးဇော်အမည်ရှိသူဖြစ်ကြောင်း ဆိုသည်။ မေလ ၅ရက်က ၎င်းနှင့်အတူ သူငယ်ချင်းများက ကလင်ကမ်းခြေသို့ လာရောက်အပန်းဖြေပြီး ဂီတာတီး သီချင်းဆိုနေခဲ့ကြကြောင်း ဖော်ပြသည်။ ယင်းနောက် ကိုနေမျိုးဇော်နှင့် သူငယ်ချင်းတစ်ဦးတို့သည် နေ့လယ်ပိုင်းတွင် ပင်လယ်ထဲ ရေဆင်းကူးခဲ့ကြကြောင်း သတင်းများတွင် ရေးသားသည်။ ရေကူးဆင်းပြီး အနည်းငယ်အကြာတွင် လှိုင်းလုံးများကြား မျောပါနေခဲ့ကြသဖြင့် ကယ်ဆယ်ရေးအဖွဲ့များက ဂျက်စကီးများဖြင့် လိုက်လံကယ်ဆယ်ခဲ့ကြကြောင်း ဆိုသည်။ သို့သော်လည်း ကယ်ဆယ်ရေးအဖွဲ့များက သူငယ်ချင်းဖြစ်သူကိုသာ ကယ်ဆယ်နိုင်ခဲ့ပြီး ကိုနေမျိုးဇော်မှာ မျောပါပျောက်ဆုံးသွားခဲ့ကြောင်း ဖော်ပြသည်။ […]

သရက်ချောင်း၊ ပဲဒက်အနီးဝန်းကျင်ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးထပ်ကြဲ

Dawei Watch

May 6, 2024

မြိတ်-ထားဝယ်ကားလမ်း သရက်ချောင်းမြို့နယ် ပဲဒက်ရွာ စစ်ကောင်စီတပ်စခန်းအနီးဝန်းကျင်ကို ယနေ့ မေလ ၆ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် လေကြောင်းဖြင့် ထပ်မံလာရောက်ဗုံးကြဲကြောင်း ဒေသခံအချို့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။ ပဲဒက်ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက မေလ ၅ ရက် နံနက် ၇ နာရီခန့်တွင် ဝင်ရောက်တိုက်ခိုက်‌ပြီးနောက် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေသည်။ မေလ ၅ ရက်တွင်လည်း စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ယနေ့တွင်လည်း ထပ်မံလာရောက် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ မေလ ၅ ရက်တွင် တစ်ရက်လုံးတိုက်ပွဲဖြစ်ပွားပြီး ယနေ့တွင်လည်း ဆက်လက်ဖြစ်ပွားနေကြောင်း ပဲဒက်ရွာက ဒေသခံတစ်ဦးက ပြောဆိုသည်။ “ဒီမနက်လည်း လေယာဉ်ထပ်လာ (ဗုံး) ကြဲတာဟုတ်ပါတယ်။ တိုက်ပွဲထပ်ဖြစ်နေတယ်” ဟု […]

ဘူးသီးတောင် စကခ (၁၅) ဒုတပ်မမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်ရာချီနှင့် မိသားစုဝင်များ လက်နက်ချ

Dawei Watch

May 6, 2024

ရခိုင်မြောက်ပိုင်း ဘူးသီးတောင်မြို့ရှိ စစ်ကောင်စီ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် – စကခ (၁၅) တပ်မဌာနချုပ်မှ ဒုတပ်မမှူး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်ရာချီနှင့် မိသားစုဝင်များ လက်နက်ချကြောင်း ရက္ခိုင့်တပ်တော် (AA) က ရုပ်သံမှတ်တမ်း ဖြင့် ထုတ်ပြန်သည်။ တပ်မဌာနချုပ်ကို ၁၂ ရက်ကြာ အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် မေလ ၂ ရက်နေ့တွင် သိမ်းယူနိုင်ခဲ့ကြောင်း ဆိုသည်။ ယနေ့ မေလ ၆ရက်တွင် ထုတ်ပြန်သည့် ရုပ်သံမှတ်တမ်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနှင့်ချီပါဝင်ပြီး ကလေးငယ်များအပါအဝင် မိသားစုဝင် ရာနှင့်ချီလည်း ပါဝင်သည်ကိုလည်း တွေ့ရသည်။ ယင်းအပြင် လက်နက်ချရာတွင် မွတ်ဆလင်များ ပါဝင်သည့် ဓာတ်ပုံနှစ်ပုံကိုလည်း AA စစ်ဦးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ X အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်ကို တွေ့ရသည်။ ဘူးသီးတောင်မြို့ရှိ စကခ (၁၅) […]

သရက်ချောင်း ပဲဒက် စခန်းတိုက်ခိုက်ခံရပြီး စစ်ကောင်စီက လေကြောင်းဖြင့် ပြန်လည်တိုက်ခိုက်

Dawei Watch

May 5, 2024

သရက်ချောင်းမြို့နယ် မြိတ်-ထားဝယ် ကားလမ်းဘေးက ပဲဒက်ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီစခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပြန်လည်ဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသခံအချို့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တို့က ပြောသည်။ ယနေ့ မေလ ၅ ရက် နံနက် ၇ နာရီခန့်ကစပြီး ညနေပိုင်းအထိ နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေယာဉ်ဖြင့် သုံးကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ကြောင်း ၎င်းတို့က ဆိုသည်။ “မနက်တည်းက ပစ်သံခတ်သံကြားတည်းက ကျွန်တော်တို့လည်း ထွက်ပြေးလာတာ ရွာထဲမှာ လူတစ်ယောက်မှ မရှိတော့ဘူး။ ထိခိုက်မှုအခြေနေတော့ မသိရသေးဘူး” ဟု ပဲဒက်ကျေးရွာက ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ တိုက်ပွဲဖြစ်ပြီး ၂ နာရီကျော်အကြာ နံနက် ၉ နာရီခန့်တွင် တစ်ကြိမ်၊ နံနက် ၁၁ နာရီခန့်တွင် တစ်ကြိမ်၊ မွန်းလွဲ ၂ နာရီခန့်တွင် တစ်ကြိမ် […]

၁၃ နှစ်မပြည့်မီ ကလေးတွေကို ဖုန်းပေးမသုံးဖို့

Dawei Watch

May 5, 2024

အသက် ၁၃ နှစ် မပြည့်သေးတဲ့ ကလေးတွေကို စမတ်ဖုန်း သုံးစွဲခွင့်မပေးသင့်ဘူး လို့ မကြာသေးမီက ထွက်လာတဲ့ ပြင်သစ်အစီရင်ခံစာ တစ်ရပ်က သတိပေးလိုက်ပါတယ်။ TikTok, Instagram, Snapchat အစရှိတဲ့ ဆိုရှယ်မီဒီယာအက်ပလီကေးရှင်းတွေကို အသက် ၁၈ နှစ် မပြည့်ခင်မှာ သုံးစွဲခွင့်မပြုသင့်ကြောင်း အဲဒီ အစီအရင်ခံစာတစ်ရပ်မှာ သတိပေးထားပါတယ်။ ဒီလေ့လာမှုအစီအရင်ခံစာဟာ ပြင်သစ်သမ္မတ Emmanuel Macron က ကလေးတွေအတွက် ဖုန်း ၊ တက်ဘလက် ၊ ကွန်ပျူတာဖန်သားပြင်တွေနဲ့ ထိတွေ့ချိန်တွေကို ကန့်သတ်နိုင်ဖို့ ရည်ရွယ်ပြီး ပညာရှင်အုပ်စုတစ်စုကို တာဝန်ပေးလေ့လာစေခဲ့ရာကနေ ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ စီးပွားရေးအကျိုးအမြတ်ရရှိရေးကို အဓိကဦးတည်နေကြတဲ့ နည်းပညာကုမ္ပဏီကြီးတွေဟာ လူ့ဦးနှောက်ရဲ့ သိမှတ်မှုအစွဲမှားတွေကို အသုံးချပြီး ကလေးတွေရဲ့ အာရုံစူးစိုက်နိုင်စွမ်းကို လိုသလို ခြယ်လှယ်လွှမ်းမိုးနေပါတယ်။ ကလေးတွေရဲ့ […]

ဘူးသီးတောင် စကခ ၁၅ တပ်မဌာနချုပ်နှင့် တပ်ရင်းလေးခုတို့ကို AA သိမ်းယူ

Dawei Watch

May 5, 2024

ရခိုင်မြောက်ပိုင်း ဘူးသီးတောင်မြို့ရှိ စစ်ကောင်စီ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် – စကခ (၁၅) တပ်မဌာနချုပ်နှင့် လက်အောက်ခံ တပ်ရင်း‌လေးခုတို့ကို သိမ်းယူထားကြောင်း ရက္ခိုင့်တပ်တော် (AA) က မေလ ၄ရက်တွင် ထုတ်ပြန်သည်။ စကခ (၁၅) ဘူးသီးတောင် တပ်မဌာနချုပ်အား မေလ ၂ ရက်နေ့တွင် သိမ်းယူနိုင်ခဲ့ပြီး စကခ ၁၅ လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ ၅၅၁ ကို မေလ ၃ရက်တွင် သိမ်းယူနိုင်ခဲ့ကြောင်း ဖော်ပြသည်။ တပ်ရင်းဌာနချုပ်ကို ၁၂ ရက်ကြာ အပြင်းအထန်တိုက်ခိုက်ပြီးနောက် သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ စကခ ၁၅ လက်အောက်ခံ နောက်ထပ်တပ်ရင်းများဖြစ်သည့် ခမရ ၅၆၅ ကို ဧပြီလ ၂၄ရက်၊ ခမရ ၅၆၄ ကို ဧပြီလ […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

May 4, 2024

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဧပြီ ၂၈ ရက်မှ မေ ၄ ရက်နေ့အထိ အမျိုးသားတွေကို ပြည်ပထွက် အလုပ်လုပ်ခွင့် စစ်ကောင်စီပိတ် လူငယ်တွေကို မဖြစ်မနေ စစ်မှုထမ်းခိုင်းနေတဲ့ စစ်ကောင်စီဟာ အမျိုးသားတွေကို ပြည်ပထွက် အလုပ်လုပ်ခွင့် ပိတ်ပင်လိုက်ပါတယ်။ အမျိုးသားအလုပ်သမား အလုပ်ခေါ်စာတင်သွင်းမှုကို မေလ ၂ရက်နေ့ကစလို့ ရပ်ဆိုင်းလိုက်တာဖြစ်ပြီး အမျိုးသမီးအလုပ်သမားတွေကိုပဲ လက်ခံတော့တယ်လို့ အလုပ်အကိုင်အေဂျင်စီတွေက ဆိုပါတယ်။ လက်ရှိမှာ အလုပ်ခေါ်စာ ရရှိထားသူတွေကတော့ ပြည်ပထွက် အလုပ်လုပ်ခွင့်ရမှာပါ။ ဒီလိုပိတ်ပင်မှုမှာ အလုပ်အကိုင်အမျိုးအစားနဲ့ ပတ်စ်ပို့ ကိုင်ဆောင်ထားသူ အားလုံး အကျုံးဝင်သွား နိုင်တယ်လို့ အလုပ်အကိုင်အေဂျင်စီတွေက သုံးသပ်ကြပါတယ်။ အခုလို ပိတ်ပင်မှုဟာ ပြည်ပနိုင်ငံတွေမှာ သွားရောက်လုပ်ကိုင်ခွင့်ရဖို့ အချိန်ပေး ငွေကုန်ကြေးကျ […]

စစ်ကောင်စီကို တိုက်ခိုက်တော့မည်ဟု SSPP/SSA ကြေညာ

Dawei Watch

May 4, 2024

စစ်ကောင်စီနှင့် နိုင်ငံရေးစားပွဲဝိုင်းတွင် အဖြေရှာသည့် နည်းလမ်းမရှိတော့သဖြင့် လက်နက်ကိုင်တိုက်ခိုက်တော့မည် ဖြစ်ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် (SSPP/SSA) ဒုဥက္ကဋ္ဌ၊ ဒုဗိုလ်ချုပ်ကြီး စဝ်ခွန်ဆိုင်က ပြောသည်။ ဧပြီလ ၂၄ ရက်က ကျင်းပသည့် SSA တည်ထောင်ခြင်း နှစ် ၆၀ ပြည့်အခမ်းအနားတွင်း ယင်းသို့ ပြောဆိုခြင်းဖြစ်ကြောင်း SSPP/SSA က မေလ ၃ရက်တွင် ထုတ်ပြန်ထားသည်။ စစ်မှန်သည့် ပြည်ထောင်စုကို တည်ထောင်နိုင်ရန်ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်ကို မဟာလူမျိုးကြီးဝါဒကျင့်သုံးသည့် စစ်အုပ်စု အဆက်ဆက်က လစ်လျူရှုပစ်ပယ်ကာ တစ်ပြည်ထောင်စနစ် တည်ဆောက်ခဲ့သောကြောင့် ယခုကဲ့သို့ ဆုံးဖြတ်ရခြင်း ဖြစ်ကြောင်း ဒုဗိုလ်ချုပ်ကြီး စဝ်ခွန်ဆိုင်က ဆိုသည်။ ပင်လုံစာချုပ် ချုပ်ဆိုချိန်ကပင် ၇၇ နှစ်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြသော်လည်း ပင်လုံစာချုပ်ပါ သဘောတူညီချက်တွေကို မလိုက်နာခဲ့ကြကြောင်း ၎င်းက ပြောဆိုသည်။ […]