မိုးခေါ်ပွဲ ကျင်းပခဲ့သည့် ကော့သောင်းတွင် မိုးရွာ
Dawei Watch
May 7, 2024ကော့သောင်းမြို့၌ ယနေ့ မေလ ၇ ရက်တွင် မိုးရွာနေကြောင်း မြို့ခံအချို့က ပြောသည်။ နေ့လယ်ပိုင်းတွင် ပထမအကြိမ် မိနစ် ၂၀ ခန့်ကြာ မိုးရွာသွန်းပြီးနောက် တစ်နာရီခန့်အကြာ မိုးတိတ်သွားကြောင်း ၎င်းတို့က ဆိုသည်။ ယခု မွန်းလွဲ ၂ နာရီကျော်တွင် မိုးပြန်ရွာနေကြောင်း ပြောဆိုသည်။ “မိုးရွာလိုက်တော့ နေရထိုင်ရတာ အတော်အဆင်ပြေသွားတယ်။ နေ့တိုင်း အင်္ကျီမကပ်နိုင်တာ ဒီနေ့တော့ စွပ်ကျယ် အင်္ကျီလေး ဝတ်ပြီးနေရတယ်” ဟု မြို့ခံတစ်ဦးက ယနေ့ ညနေ ၃ နာရီကျော်တွင် ပြောသည်။ မိုးမှာ သည်းထန်စွာရွာသွန်းခြင်းမျိုးမဟုတ်ဘဲ ပုံမှန်သာ ရွာသွန်းနေကြောင်းလည်း မြို့ခံတို့က ဆိုသည်။ အီကွေတာနှင့် ပိုနီးသည့် ကော့သောင်းမြို့မှာ တနင်္သာရီတိုင်းရှိ အခြားမြို့တို့ထက် အပူချိန်ပိုမြင့်မားလေ့ရှိသည်။ သောက်သုံးရေအခက်အခဲမှာလည်း နွေရာသီတိုင်း ကြုံတွေ့ရလေ့ရှိသည်။ […]


