ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထိုင်းတွင် ကလေးထိန်းထံထားခဲ့သော မြန်မာလုပ်သား၏ အသက် ၂ နှစ်အရွယ်ကလေး သေဆုံး

Dawei Watch

March 3, 2026

ထိုင်းနိုင်ငံ စမွတ်ပရကန်ခရိုင် ဘန်းစောင်ထုံဒေသတွင် မြန်မာကလေးထိန်းတစ်ဦးထံ အပ်ထားခဲ့သော မြန်မာအလုပ်သမားတစ်ဦး၏ ကလေးမှာ မတော်တဆမှုကြောင့် ဦးခေါင်းထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသွားခဲ့ကြောင်း ကူညီဆောင်ရွက်ပေးနေသော WAG အဖွဲ့ထံမှ သိရသည်။ မတ်လ ၂ ရက်နေ့က မြန်မာကလေးငယ်သည် စမွတ်ပရကန်ဆေးရုံကြီးတွင် ဒဏ်ရာများကို ဆေးကုသနေရင်း သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ မြန်မာအလုပ်သမား မကြူကြူမွှေးက မြန်မာကလေးထိန်းဖြစ်သော မနီနီအေးထံတွင် အသက် ၂ နှစ်အရွယ် ကလေးငယ်ကို အပ်ခဲ့၍ အလုပ်ဆင်းလေ့ရှိကြောင်း အဖွဲ့ထံမှ သိရသည်။ ပြီးခဲ့သော ဖေဖော်ဝါရီလ ၂၄ ရက်နေ့က မြန်မာကလေးထိန်း အမျိုးသမီးသည် ကြမ်းတိုက်ပြီး၍ ရေချိုးနေချိန် အပ်နှံထားသော အသက် ၂ နှစ်အရွယ် ကလေးငယ်ကို သားသမီးဖြစ်သူများနှင့်အတူ ထားရှိခဲ့ကြောင်း WAG အဖွဲ့ကထံမှ သိရသည်။ သားသမီးများနှင့် ထားရှိချိန် ကလေးငယ်သည် […]

ပုလောတွင် တိုက်ပွဲ ၁၀ကြိမ်ထက်မနည်းဖြစ်၊ နေရာသုံးခု သိမ်းယူခဲ့ကြောင်း တော်လှန်ရေးမဟာမိတ်များထုတ်ပြန်

Dawei Watch

March 3, 2026

ပုလောမြို့နယ်သို့ စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်အာဏာရှင်တပ်ကို တိုက်ခိုက်ခဲ့သည့် တစ်လကျော်ကာလအတွင်း တိုက်ပွဲ ၁၀ ကြိမ်ထက်မနည်းဖြစ်ပွားပြီး နေရာသုံးခုကို တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုက သိမ်းယူနိုင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း (၁) က ထုတ်ပြန်သည်။ အင်အား ၁၈၀ ခန့်ပါဝင်သည့် စစ်ကြောင်းကို ပလမြို့၊ ရှပ်ပုံရွာတွင် မြိတ်ခရိုင်တပ်ရင်း (၁) ၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့က တစ်လကျော်ကြာ ခုခံတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။ တိုက်ပွဲအတွင်း စစ်အာဏာရှင်တပ်က ၁၀ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ယင်းအပြင် စစ်အာဏာရှင်တပ်တပ်သားတစ်ဦးကို ဖမ်းမိပြီး စစ်အာဏာရှင်တပ်သားတစ်ဦးမှာ လက်နက်နှင့်အတူ တော်လှန်ရေးတပ်များထံသို့ ခိုလှုံလာကြောင်း ဆိုသည်။ ခိုလှုံလာသည့် တပ်သားမှာ စစ်အာဏာရှင် အမှတ် ၁၇ […]

ထားဝယ် စက်သုံးဆီဆိုင်ကြီးများတွင် တိုးကြိတ်ဝယ်ယူ၊ ဆိုင်အချို့ အကန့်အသတ်ဖြင့်ရောင်း

Dawei Watch

March 3, 2026

ထားဝယ်မြို့ပေါ် စက်သုံးဆီဆိုင်ကြီးများတွင် ယနေ့ နံနက်ပိုင်းတွင် တိုးကြိတ်ဝယ်ယူနေကြပြီး ဆိုင်အချို့ အကန့်အသတ်ဖြင့် ရောင်းချကြောင်း စက်သုံးဆီလုပ်ငန်းလုပ်သူမြို့ခံအချို့ နှင့် သုံးစွဲသူ မြို့ခံများထံမှ သိရသည်။ ထားဝယ်မြို့ပေါ်ရှိ DDPC စက်သုံးဆီအရောင်းဆိုင်၊ ရနံ့သစ် ၊ Petro Green နှင့် အခြားဆီဆိုင်ကြီးများတွင် ယနေ့ နံနက်ပိုင်းကစပြီး စက်သုံးဆီဝယ်ယူသူများ တန်းစီဝယ်ယူနေကြကြောင်း မြိုခံအချို့က ပြောသည်။ စက်သုံးဆီဆိုင်အချို့တွင် လိုသလောက် ရောင်းချပေးပြီး ဆိုင်အချို့မှာ ကျပ်ငါးထောင်နှင့် တစ်သောင်းကြားသာ အကန့်အသတ်ဖြင့် ရောင်းချပေးကြောင်း စုံစမ်းသိရသည်။ ယနေ့ နံနက်ပိုင်းတွင် စက်သုံးဆီဝယ်ယူသူ မြို့ခံအမျိုးသမီး တစ်ဦးကမူ “လိုသလောက် တော့ရတယ်။ ဆီကတော့ အရနည်းတယ်၊ စျေးတက်လို့လားတော့ မသိဘူး” ဟု ပြောဆိုသည်။ လက်ရှိ ထားဝယ်စျေးကွက်ရှိ စက်သုံးဆီဆိုင်အချို့တွင် 95 အမျိုးအစား […]

စခန်းကြီး ပါဝါရဏာဂိုဏ်းချုပ် မော်ကြီးဆရာတော် ရုပ်ကလာပ် မီးသင်္ဂြိုဟ်ပူဇော်

Dawei Watch

March 3, 2026

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်နှင့် လောင်းလုံးမြို့နယ်အတွင်းရှိ သံဃာတော်များ စုစည်းထားသည့် စခန်းကြီး သုဓမ္မာပါဝါရဏာဂိုဏ်း၏ ဆယ့်တစ်ပါးမြောက် ဂိုဏ်းချုပ် မော်ကြီးဆရာတော်၏ ရုပ်ကလာပ် မီးသင်္ဂြိုဟ်သည့် နောက်ဆုံး အန္တိမအဂ္ဂိဈာပနကို တပေါင်းလပြည့် (မတ်လ ၂ ရက်) ညက ပြုလုပ်ခဲ့သည်။ မော်ကြီးဆရာတော်သည် စခန်းကြီးသုဓမ္မာဂိုဏ်း၏ ဂိုဏ်းခွဲဖြစ်သည့် ဟိန္ဇဲ (ကံပေါက်ဒေသ) သုဓမ္မာဂိုဏ်းတွင်လည်း အကြီးအကဲဖြစ်သည်။ ရေဖြူမြို့နယ်၊ ဖောင်းတောကျေးရွာအုပ်စု၊ မော်ကြီးရွာ မော်ကြီးကျောင်းဆရာတော် ဘဒ္ဒန္တခေမာဝံသသည် သက်တော် ၉၄ နှစ်၊ သိက္ခာတော် ၇၄ ဝါ အရွယ်၌ ၂၀၂၅ ခုနှစ် ဧပြီလ ၂၅ ရက် နံနက် ၆ နာရီတွင် လူကြီးရောဂါဖြင့် ပျံလွန်တော်မူခြင်းဖြစ်သည်။ ယင်းနောက် ရုပ်ကလာပ်ကို နိဗ္ဗာန်စံကျောင်းဖြင့် ဆယ်လကြာထားရှိပြီး ယခု အန္တိမဈာပနကို […]

ထိုင်းတွင် စက်သုံးဆီဈေး စတက်၊ ဆီဆိုင်များတွင် တန်းစီဝယ်ယူနေ

Dawei Watch

March 3, 2026

ထိုင်းနိုင်ငံတွင် စက်သုံးဆီဈေးများ ယနေ့ နံနက်ပိုင်းမှစ၍ စတက်လာပြီဖြစ်ပြီး ပြည်သူများ ဆီဆိုင်များတွင် တန်းစီဝယ်ယူမှုများ ရှိလာကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယနေ့ မတ်လ ၃ ရက် နံနက် ၅ နာရီမှစ၍ Shell ကုမ္ပဏီနှင့် Caltex ကုမ္ပဏီ၏ စက်သုံးဆီဆိုင်များတွင် ဆီဈေး စတင် မြင့်တက်သွားပြီဖြစ်သည်။ ဓါတ်ဆီ 91 နှင့် 95 များကို တစ်လီတာလျှင် ၁ ဒသမ ၅ စီတိုးမြှင့်လိုက်ပြီး ဒီဇယ်များကို တစ်လီတာလျှင် ၄ ဒသမ ၂ ဘတ်စီ တိုးမြှင့်လိုက်ကြောင်း သိရသည်။ Caltex ကုမ္ပဏီ (ကြယ်တလုံး) ဆီဆိုင်ကလည်း ယနေ့နံနက် ၁၁ နာရီမှစ၍ ဓါတ်ဆီ 91 နှင့် 95 […]

ထားဝယ်နည်းပညာတက္ကသိုလ်အနီး ပစ်ခတ်မှုတွင် စစ်အာဏာရှင်တပ်သား သုံးဦးသေ

Dawei Watch

March 3, 2026

ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာအနီးရှိ ထားဝယ်နည်းပညာတက္ကသိုလ်အရှေ့တွင် နေရာယူထားသည့် စစ်အာဏာရှင်တပ်သားများကို မတ်လ ၁ ရက်နေ့ နံနက်အစောပိုင်းတွင် ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ၏ ဒူရကစစ်ကြောင်းက ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားချိန်သည် မိနစ် ၃၀ ခန့် ကြာမြင့်ကာ စစ်အာဏာရှင်တပ်သား သုံးဦးသေဆုံးပြီး သေနတ်သုံးလက်နှင့် ဆက်စပ်ပစ္စည်းများကို ဒူရကစစ်ကြောင်းက သိမ်းဆည်းရမိကြောင်း ရုပ်သံ၊ ဓာတ်ပုံမှတ်တမ်းများနှင့်တကွ သတင်းထုတ်ပြန်ထားသည်။ ဒူရကစစ်ကြောင်းက ထုတ်ပြန်ထားသည့် ရုပ်သံ၌ ပစ်ခတ်တိုက်ခိုက်မှုတွင် နည်းပညာတက္ကသိုလ် မုခ်ဦးအရှေ့၌ ရပ်နေသည့် စစ်အာဏာရှင်တပ်သားသုံးဦး ကျည်ဆန်ထိမှန်ကာ လဲကျသေဆုံးနေသည်ကို တွေ့ရသည်။ မတ်လ ၁ ရက် ပစ်ခတ်မှုဖြစ်နေစဉ်အတွင်း လမ်းပိုင်းကိုတစ်နာရီခန့် ယာယီပိတ်ခဲ့ပြီး ပြန်ဖွင့်စဉ် ဖြတ်သန်းသွားလာသည့် ခရီးသွားများ၏ ပြောပြချက်အရ နည်းပညာတက္ကသိုလ်မုခ်ဦးအရှေ့ လမ်းမပေါ်၌ သွေးများပေနေသည်ကို တွေ့ရကြောင်း ဆိုသည်။ […]

ဟော်မုဇ်ရေလက်ကြားကို ဖြတ်သည့် သင်္ဘောတိုင်းကို တိုက်ခိုက်မည်ဟု အီရန်ဆို

Dawei Watch

March 3, 2026

ကမ္ဘာ့အရေးအပါဆုံး ရေနံတင်ပို့သည့် လမ်းကြောင်းတစ်ခုဖြစ်သည့် ဟော်မုဇ်ရေလက်ကြားကို ပိတ်ထားလိုက်ပြီဖြစ်၍ ဖြတ်သန်းရန် ကြိုးပမ်းသည့် မည်သည့်သင်္ဘောကိုမဆို ပစ်ခတ်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့မှ အဆင့်မြင့်အရာရှိတစ်ဦးက မတ်လ ၂ ရက်နေ့တွင် သတိပေးပြောကြားလိုက်သည်။ ယခုသတိပေးမှုမှာ ရေနံတင်ပို့ရေးလမ်းကြောင်းကို ပိတ်လိုက်ပြီဟု စနေနေ့တွင် အီရန်ဘက်က ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း ထွက်ပေါ်လာသည့် အပြတ်သားဆုံး သတိပေးချက် ဖြစ်သည်။ “ဟော်မုဇ်ရေလက်ကြားကို ပိတ်လိုက်ပါပြီ။ ဘယ်သူပဲဖြစ်ဖြစ် ဖြတ်သန်းဖို့ ကြိုးစားမယ်ဆိုရင် တော်လှန်ရေးအစောင့်တပ်ဖွဲ့ရဲ့ သူရဲကောင်းတွေနဲ့ ပုံမှန်ရေတပ်တို့က အဲဒီသင်္ဘောတွေကို မီးတောက်လောင်သွားအောင် တိုက်ခိုက်မှာပါ” ဟု တော်လှန်ရေးအစောင့်တပ်ဖွဲ့ စစ်ဦးစီးချုပ်၏ အကြီးတန်းအကြံပေးပုဂ္ဂိုလ် အီဘရာဟမ် ဂျဘာရီက နိုင်ငံပိုင်မီဒီယာမှတစ်ဆင့် ပြောကြားခဲ့သည်။ ယင်းကြောင့် ကမ္ဘာ့ရေနံတင်ပို့မှု၏ ငါးပုံတစ်ပုံကို ရပ်တန့်သွားနိုင်ပြီး ရေနံစိမ်းဈေးနှုန်းများလည်း ရုတ်တရက် မြင့်တက်လာစေနိုင်သည့် အန္တရာယ်ရှိနေကြောင်း Reuters သတင်းတွင် ဖော်ပြသည်။ […]

မွန်တွင် နိုင်ကျဉ်းနှစ်ရာကျော်အပါအဝင် အကျဉ်းသားသုံးရာကျော် ပြန်လွတ်

Dawei Watch

March 3, 2026

မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်အသီးသီးက နိုင်ငံရေးအကျဉ်းသား နှစ်ကျော် အပါအဝင် အကျဉ်းသား၊ အကျဉ်းသူ သုံးရာကျော် ပြန်လည်လွတ်မြောက်လာကြောင်း အကျဉ်းထောင်၏ အချက်အလက်များအရ သိရသည်။ မော်လမြိုင်အကျဉ်းထောင်က ၄၅ ဦး၊ သထုံအကျဉ်းထောင်က ၉၀ ဦးကျော်၊ ကျိုက်မရောဗဟိုအကျဉ်းထောင်က ၁၅၉ ဦး၊ ဇင်းကျိုက် ကုန်ထုတ်အကျဉ်းစခန်းက ၂၃ ဦး၊ အင်းဗြောင် ကုန်ထုတ်အကျဉ်းစခန်းက ငါးဦး၊ ရင်းငြိမ် ကုန်ထုတ် အကျဉ်းစခန်းက သုံးဦး ပါဝင်သည်။ ကျိုက်မရော ဗဟိုအကျဉ်းထောင်က ပြန်လွတ်လာသည့် ၁၅၉ စလုံးသည် နိုင်ငံရေးအကျဉ်းသားဖြစ်ပြီး အမျိုးသား ၉၁ ဦး၊ အမျိုးသမီး ၆၈ ဦး ပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသားများ အကူအညီပေးနေသူတစ်ဦးက ပြောသည်။ “ကျိုက်မရောထောင်ကနေ လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲမှာ အမျိုးသမီးတွေပဲ ၆၀ ကျော် […]