စစ်အုပ်စုကို ပိုမိုတင်းကျပ်စွာ အရေးယူမည့်ဥပဒေကြမ်း ကန်အထက်လွှတ်တော်အမတ်များ တင်သွင်း
Dawei Watch
March 5, 2026မြန်မာစစ်အုပ်စုအပေါ် အမေရိကန်အစိုးရက ပိုမိုတင်းကျပ်စွာ အရေးယူဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်သည့် BRAVE Burma Act ဥပဒေကြမ်းကို ရီပတ်ဘလင်ကန်နှင့် ဒီမိုကရက်ပါတီနှစ်ရပ်စလုံးမှ အမေရိကန်အထက်လွှတ်တော်အမတ်များက မတ်လ ၄ ရက်နေ့တွင် တင်သွင်းလိုက်သည်။ ၂၀၂၂ ခုနှစ် BURMA Act ဥပဒေကို အခြေခံ၍ ရေးဆွဲထားသည့် BRAVE Burma Act (Bringing Real Accountability Via Enforcement in Burma Act) ဥပဒေမူကြမ်းသည် မြန်မာစစ်အုပ်စု၏ လုပ်ငန်းစဉ်များကို ရန်ပုံငွေထောက်ပံ့နေသည့် အဖွဲ့အစည်းများအပေါ် ပိုမိုပြင်းထန်သည့် ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ကာ မြန်မာစစ်အုပ်စု၏ ဝင်ငွေလမ်းကြောင်းကို ပိတ်ပင်တားဆီးသွားရန် ၊ ဒေသတွင်း၌ ကြီးထွားလာနေသည့် တရုတ်နှင့် ရုရှား၏ ဩဇာကြီးထွားလာမှုကိုလည်း တန်ပြန်ဆောင်ရွက်ရန် ရည်ရွယ်ကြောင်း သိရသည်။ ယင်းဥပဒေကြမ်းအရ […]


