မြိတ်တွင် အုန်းသားခြောက် ဈေးထက်ဝက်ကျ
Dawei Watch
March 5, 2026မြိတ်မြို့တွင် အုန်းသားခြောက်ဈေး ထက်ဝက်ကျနေပြီး တစ်ပိဿာလျှင် ကျပ်တစ်သောင်းဝန်းကျင်သာ ဈေးပေါက် နေကြောင်း အုန်းသားခြောက်လုပ်နေသူများထံမှ သိရသည်။ အုန်းဆီပြုလုပ်ရာတွင် အသုံးပြုသည့် အုန်းသားခြောက် တစ်ပိဿာဈေးနှုန်းမှာ ယမန်နှစ်က ကျပ်နှစ်သောင်းဝန်းကျင် ရှိခဲ့ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ မြိတ်-ထားဝယ်လမ်းတွင် တိုက်ပွဲနှင့် စစ်ရေးတင်းမာမှုများကြောင့် သယ်ယူရခက်ခဲနေသဖြင့် အုန်းသားခြောက် ဈေးကျနေခြင်းဖြစ်ကြောင်း မြိတ်မြို့တွင် အုန်းသားခြောက်လုပ်နေသူတစ်ဦးက ဆိုသည်။ မြိတ်မြို့တွင် ၂၀၂၄ နှင့် ၂၀၂၅ ခုနှစ်က အုန်းသီးရှားပါးကာ ဝယ်ယူရခက်ခဲသည့်အတွက် အုန်းသီးတစ်လုံးလျှင် ကျပ် လေးထောင်အထိ ဈေးတက်ခဲ့ရာမှ ယခုနှစ်ဆန်းပိုင်းမှစတင်ကာ ၁၅၀၀ ကျပ်ဝန်းကျင်သာ ဈေးရှိတော့ကြောင်းအုန်းသီးကုန်သည်အချို့ထံမှ သိရသည်။ “အုန်းသီးဈေးတွေ ပြန်ကျသွားတော့ အုန်းသားခြောက်ဈေးလည်း ပြန်ကျလာတယ်ဗျ။ အရင်က လှန်းထားတဲ့ဟာတွေ ဈေးကောင်း မရတော့ဘူး။ ရန်ကုန်ကို ပို့မယ်လုပ်ထားတာ ကားလမ်းပိတ်နေတာနဲ့ ဈေးကျတာနဲ့ […]


