ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

သရက်ချောင်း မြို့မရဲစခန်းကို ပစ်ခတ်တိုက်ခိုက်

Dawei Watch

March 9, 2026

သရက်ချောင်းမြို့မရဲစခန်းကို ယနေ့ နံနက်အစောပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ကြောင်း ဒေသခံအချို့က ပြောသည်။ ယနေ့မတ်လ ၉ ရက် နံနက် ၅ နာရီခွဲ၊ ၆ နာရီခန့်မှစပြီး မြို့မရဲစခန်းဘက်က လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ ကြားရပြီး နှစ်ဖက်ပစ်ခတ်မှု မိနစ် ၃၀ ခန့်ကြာ ဖြစ်ပွားခဲ့ကြောင်း မြို့ပေါ်ရပ်ကွက်နေသူ အမျိုးသားတစ်ဦးက ဆိုသည်။ “ထိခိုက်မှုအခြေအနေတွေကိုတော့ မသိဘူး။ လမ်းပေါ်မှာ လူသူမရှိသလောက်ကို ဖြစ်နေတယ်။ ကျွန်တော်တို့လည်း အိမ်ထဲက အိမ်အပြင်မထွက်ဘဲနေနေတယ်” ဟု ၎င်းက ပြောဆိုသည်။ သရက်ချောင်းမြို့မရဲစခန်း၊ သရက်ချောင်းမြို့အထက်ပိုင်းရှိ သရက်နှစ်ခွတံတားစစ်ဆေးရေးဂိတ်က လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများကို မနက် ၉ နာရီခွဲခန့်အထိ ကြားရကြောင်း ဒေသခံအချို့က ဆိုသည်။ “သရက်နှစ်ခွဘက်မှာ တိုက်ပွဲဖြစ်တာတော့ မဟုတ်ဘူး။ (စစ်အာဏာရှင်တပ်က) […]

တနင်္သာရီ ကမ်းတိုရွာကို စစ်အာဏာရှင်တပ် ဒရုန်းဖြင့်ဗုံးချ

Dawei Watch

March 9, 2026

တနင်္သာရီမြို့နယ်၊ ကမ်းတိုကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်အာဏာရှင်တပ်က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်သဖြင့် ဆန်စက်တစ်လုံး ထိခိုက်ပျက်စီးကြောင်း ဒေသခံများထံမှ သိရသည်။ မတ်လ ၈ရက် ညနေ ၃နာရီတွင် မော်တုန်းကျေးရွာအခြေစိုက် စစ်အာဏာရှင်အမှတ် ၃၀၆ အမြောက်တပ်ရင်း ဒရုန်းဖြင့် ကမ်းတိုရွာကို ဗုံးချတိုက်ခိုက်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ဆန်စက်ရုံသည် မြိတ်-တနင်္သာရီပြည်ထောင်စု လမ်းမနံဘေးတွင် တည်ရှိကြောင်း ၎င်းက ဆိုသည်။ “စက်ရုံ အမိုးပျက်စီးသွားတယ်။ အထဲက ဘာတွေ ပျက်စီးသွားလဲတော့ မသိရသေးဘူး။ တစ်ယောက်မှ ဝင်ကြည့်မရဲ ဖြစ်နေတယ်။ တိုက်ပွဲဖြစ်ပွားတာ မရှိဘူး” ဟု အထက်ပါ ဒေသခံက ပြောဆိုသည်။ ကမ်းတိုရွာတွင် ‌တော်လှန်ရေးတပ်များနှင့် စစ်အာဏာရှင်တပ်သာများ တိုက်ပွဲဖြစ်ပွားပြီးနောက် ဒေသခံများနေအိမ်တွင် မနေသည်မှာ ၂နှစ်ကျော်ပြီဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ စစ်အာဏာရှင်တပ်သည် […]

အယာတိုလာခါမေနီ၏သားဖြစ်သူ အီရန်ထိပ်သီးခေါင်းဆောင်ဖြစ်လာ

Dawei Watch

March 9, 2026

အစ္စရေးနှင့် အမေရိကန်တို့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသည့် အီရန်ထိပ်သီးခေါင်းဆောင် အယာတိုလာခါမေနီ၏ နေရာကို သားဖြစ်သူ မိုဂျတာဘာခါမေနီက ယနေ့ မတ်လ ၉ ရက်တွင် တရားဝင်ဆက်ခံလိုက်ပြီ ဖြစ်သည်။ အီရန်နိုင်ငံ၏ အမြင့်ဆုံးအာဏာကို သဘောထားတင်းမာသည့် ဝါဒီများက ဆက်လက်ချုပ်ကိုင်ထားဆဲဖြစ်ကြောင်း ပြသနေသည်ဟု Reuters သတင်းတွင် ဖော်ပြသည်။ မိုဂျတာဘာခါမေနီသည် အီရန်လုံခြုံရေးတပ်ဖွဲ့များနှင့် ကျယ်ပြန့်သည့် စီးပွားရေးကွန်ရက်များအတွင်း ဩဇာအာဏာရှိသူ ဖြစ်ပြီး ဖခင်ဖြစ်သူအယာတိုလာခါမေနီ၏ အရိုက်အရာကို ဆက်ခံမည့်သူအဖြစ် တင်ကြိုထင်ကြေးပေးခံထားရသူ ဖြစ်သည်။ တနင်္ဂနွေနေ့က ပြုလုပ်ခဲ့သည့် အီရန်ပညာရှင်များအဖွဲ့ (Assembly of Experts) ၏ အီရန်ထိပ်သီးခေါင်းဆောင်ရွေးချယ်ရေး မဲခွဲဆုံးဖြတ်မှုတွင် ထိပ်ဆုံးမှ ရွေးချယ်ခံရမည့်သူအဖြစ် အဓိက ထင်ကြေးပေးခံထားရသူလည်း ဖြစ်သည်။ ဘာသာရေးခေါင်းဆောင် ၈၈ ဦးဖြင့် ဖွဲ့စည်းထားသည့် အဆိုပါ ပညာရှင်များအဖွဲ့သည် […]

ထားဝယ်မြို့နယ်တွင် KNLA နှင့် KTLA ဆာကဆောတပ်မတို့ ပစ်ခတ်မှုဖြစ်

Dawei Watch

March 7, 2026

ထားဝယ်မြို့နယ်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ကော်သူးလေတပ်မတော် (KTLA) ဆာကဆောတပ်မတို့ မတ်လ ၆ရက် နံနက်တွင် နှစ်ဖက်ထိတွေ့ပစ်ခတ်မှုဖြစ်ကြောင်း KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင်နှင့် ဒေသ သတင်းအရင်းအမြစ် အချို့ထံမှ သိရသည်။ ဖောင်းတောရွာနှင့် မေတ္တာမြို့ကြားရှိ ကျောက်တွင်းရွာဘက်တွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားကြောင်း ၎င်းတို့က ဆိုသည်။ ထားဝယ်မြို့နယ် ဖောင်းတောနှင့် ပျားသားချောင်းရွာကြားတွင် KNLA တပ်ရင်း (၁၂) တပ်ဖွဲ့ဝင်များစီးလာသည့် ကားကို KTLA မှ တပ်မမှူး ဗိုလ်အယ်ခွီး (ခေါ်) ဗိုလ်ကော်လဖိုး ဦးဆောင်သည့် ဆာကဆောတပ်မက မတ်လ ၄ရက် ညနေတွင် ခြုံခိုတိုက်ခိုက်သဖြင့် KNLA တပ်ဖွဲ့ဝင် ငါးဦးဒဏ်ရာရကြောင်း KNU က ထုတ်ပြန်ထားသည်။ ထို့ကြောင့် KNU/KNLA တပ်များက နယ်မြေရှင်းလင်းရေးလုပ်ဆောင်သဖြင့် […]

ထားဝယ်တွင် မော်တော်ယာဉ်များ စုံရက်၊ မရက် ခွဲခြားမောင်းနှင်ရန် စတင်လုပ်ဆောင်

Dawei Watch

March 7, 2026

ထားဝယ်မြို့တွင် စက်သုံးဆီချွေတာရန် စစ်ကောင်စီ၏ သတ်မှတ်ချက်အရ မော်တော်ယာဉ်များကို စုံရက်၊ မရက် ခွဲခြားမောင်းနှင်အသုံးပြုရန် ယနေ့ မတ်လ ၇ ရက်နေ့မှ ပညာပေးမှု စတင်ဆောင်ရွက်နေကြောင်း မြို့ခံများ၏ ပြောကြားချက်အရ သိရသည်။ လတစ်လ၏ စုံဂဏန်းကျသည့်ရက်တွင် မော်တော်ယာဉ်နံပါတ်ပြားပါ ကိန်းဂဏန်းအက္ခရာ ရှေ့ဆုံးစာလုံးက စုံဂဏန်းဖြစ်သည့်ယာဉ်များသာ မောင်းနှင်ခွင့်ရှိမည်ဖြစ်ပြီး၊ မဂဏန်းကျသည့်ရက်တွင် ရှေ့ဆုံးစာလုံး မဂဏန်းဖြစ်သည့်ယာဉ်များသာ မောင်းနှင်ခွင့်ရှိမည်ဖြစ်ကြောင်း သိရသည်။ ယနေ့တွင် ထားဝယ်မြို့အထွက် DDPC မီးပွိုင့်လမ်းဆုံ၌ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ခရီးသွားပြည်သူများကို ပညာပေးအသိပေးခြင်းများ ဆောင်ရွက်နေသည်ဟု မြို့ခံတစ်ဦးက ပြောသည်။ “ဒီနေ့ ဆိုင်ကယ်တွေ၊ ကားတွေအကုန်တားပြီး ပညာပေးကာလအဖြစ် ဆောင်ရွက်တယ်ဆိုပြီး စုံရက်၊ မရက်အကြောင်း ပြောတယ်။ အက္ခရာရှေ့က ဂဏန်းကို ကြည့်ရမယ်ဆိုပြီး ဒုရဲမှူးအဆင့်ရှိတဲ့ ယာဉ်ထိန်းရဲအရာရှိတစ်ဦးက ရှင်းပြတယ်” ဟု ယင်းမြို့ခံက […]

စစ်အာဏာရှင်တပ် ပစ်ခတ်သည့် လက်နက်ကြီးကြောင့် တောင်ပုရွာက အမျိုးသမီးတစ်ဦးဒဏ်ရာရ

Dawei Watch

March 7, 2026

မြိတ်မြို့နယ်၊ မဇောကျေးရွာအုပ်စု၊ တောင်ပုရွာတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရွာထဲကို လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ဒေသခံအမျိုးတစ်ဦး ဒဏ်ရာရသွားကြောင်း ဒေသခံများက ပြောသည်။ တောင်ပုရွာ ရွှေကြက်ယက်ဘုရားတောင်တွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်သည် မတ်လ ၆ ရက် ည ၁၀နာရီခွဲတွင် ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ငါးကြိမ် ပစ်ခတ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ လက်နက်ကြီးကျည် ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး တောင်ပုရွာသူ အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦး လက်နှင့် ပေါင်တို့တွင် ဒဏ်ရာရကြောင်း ၎င်းက ပြောဆိုသည်။ “လက်နက်ကြီး(ကျည်)က နေအိမ်တစ်ဆောင်ပေါ်ကို ကျပြီး အမျိုးသမီးတစ်ယောက် ဒဏ်ရာရသွားတယ်။ မြိတ်ဆေးရုံကို ပို့လိုက်တယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။ လက်နက်ကြီးကျည်တစ်လုံးမှာ နေအိမ်ကို ထိမှန်ခြင်းဖြစ်ပြီး […]

ထားဝယ်မြို့အဝင် ပေါက်တိုင်းတံတားစစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့်တိုက်ခိုက်

Dawei Watch

March 7, 2026

သရက်ချောင်းမြို့နယ်ဘက်မှ ထားဝယ်မြို့သို့ ဝင်ရောက်သည့် ပေါက်တိုင်းတံတား စစ်အာဏာရှင်တပ်စစ်ဆေးရေးဂိတ် မတ်လ ၆ ရက် နံနက်ပိုင်းက ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခံရကြောင်း ဒေသခံများနှင့် လမ်းသွားလမ်းလာများထံမှ သိရသည်။ ကျောက်ရပ်ရွာဘက်ခြမ်း တံတားထိပ်ရှိ စစ်ရေးဂိတ်၏ ဘန်ကာကို ဒရုန်းဖြင့် ဗုံးချခြင်းဖြစ်ကြောင်း ဖြစ်စဥ်အနီးရှိခဲ့သည့် ယာဥ်မောင်းအမျိုးသားတစ်ဦးက ပြောသည်။ ယင်းသို့ ဗုံးချချိန် ထားဝယ်မြို့ဘက်ခြမ်း တံတားထိပ်တွင်လည်း အဖွဲ့တစ်ဖွဲ့က ဘီးခွန်ကောက်နေကြောင်း ၎င်းက ဆိုသည်။ “ဒရုန်းနဲ့ ချခံရတာက ကျောက်ရပ်ရွာဘက်က စစ်ဆေးရေးဂိတ် ဘန်ကာဘက်ကို ဗုံးသီးကျတယ်။ ပေါက်ကွဲသံ တစ်ချက်ပဲ ကြားရတယ်။ ဘီးခွန်ကောက်နေတဲ့အဖွဲ့လည်း ပြေးတာပဲ” ဟု ၎င်းက ပြောဆိုသည်။ ပေါက်ကွဲမှုဖြစ်ပြီးနောက် ပေါက်တိုင်းတံတားစစ်ဆေးရေးဂိတ်အနီးသို့ လူနာတင်ယာဥ်တစ်စီး ရောက်လာကြောင်း မျက်မြင်တွေ့ရသည့် ကျောက်ရပ်ရွာသားများ ပြောသည်။ ထိခိုက်မှု အခြေအနေကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ […]

သရက်ချောင်း တိုက်ပွဲပြင်းထန်သည့်ဒေသတွင် စားသောက်ကုန်များ ဈေးကြီးပေးရ

Dawei Watch

March 7, 2026

နှစ်ဖက်တိုက်ပွဲပြင်းထန်နေသည့် သရက်ချောင်းမြို့နယ် အောက်ပိုင်းက ဒေသခံများ စားနပ်ရိက္ခာများကို ဈေးကြီးပေး ဝယ်စားနေရကြောင်း စစ်ဘေးရှောင်ဒေသခံများက ပြောသည်။ သရက်ချောင်းမြို့နှင့် ပုလောမြို့နယ်၊ ပလောက်မြို့ကြား မြိတ်-ထားဝယ်ကားလမ်းရှိ စစ်အာဏာရှင်တပ်၏ ဝင်းဝရွာစခန်းနှင့် ဝင်းဝဘက်သို့ လာသည့် စစ်အာဏာရှင်တပ် စစ်ကြောင်းတို့ကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF ပူးပေါင်းတပ်တို့က တိုက်ခိုက်နေသည်။ စစ်အာဏာရှင်တပ်က လေယာဉ်ဖြင့် နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်နေပြီး မြေပြင်စစ်ကြောင်းထိုးသည့်အပြင် ရေတပ်စစ်သင်္ဘော ကလည်း လက်နက်ကြီးဖြင့် ပစ်ခတ်ကာ ကြည်း၊ ရေ၊ လေ ဖြင့် ပြန်လည်တိုက်ခိုက်နေသဖြင့် တိုက်ပွဲများ ပြင်းထန်နေသည်။ ထို့ကြောင့် ဝင်းဝ၊ မင်းဒပ်၊ သိမ်ကုန်း၊ ဝဲရစ်၊ စုံစင်ဖျား၊ ချောင်းဝပြင်၊ ဂုံညင်းဆိပ်၊ သဲချောင်းကြီး၊ ပြင်းဖြူသား၊ ကနက်သီရိ အပါအဝင် ကျေးရွာပေါင်း နှစ်ဆယ်ခန့်က […]