စစ်အာဏာရှင်တပ်က တကူကျေးရွာကို လေကြောင်းမှ ဗုံးကြဲနေ၊ သေဆုံးဒဏ်ရာရသူများရှိ
Dawei Watch
March 10, 2026တနင်္သာရီမြို့နယ်၊ တကူကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အာဏာရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသဖြင့် အရပ်သားများသေဆုံး၊ ဒဏ်ရာရမှုများရှိကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (မတ် ၁၀) နေ့လယ် ၁၂ နာရီ ၂၀ မိနစ်ခန့်တွင် စစ်အာဏာရှင်တပ်က တကူကျေးရွာ၊ အလယ်ပိုင်းရွာကို ဂျက်ဖိုက်တာ (Jet Fighter) ဖြင့် ဗုံးလေးလုံးကြဲချပြီး ပွိုင့်ဖိုက်စက်သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ ယနေ့ နေ့လယ်တစ်နာရီအထိ ရရှိသော အချက်အလက်များအရ သေဆုံးသူ ၃ ဦးအထိရှိနေပြီဟု သိရသည်။ “လေကြောင်းနဲ့ ကွမ်းတောတွေထဲ လာကြဲသွားတာ။ ထိခိုက်တဲ့သူများပြီး သေတဲ့သူက ၃ ယောက်လို့တော့ သိထားရတယ်။ တိုက်ပွဲဖြစ်ပွားတာလည်း မရှိဘူး” ဟု အထက်ပါ ဒေသခံက ပြောသည်။ သေဆုံးသူများထဲတွင် ဦးကျော်နိုင်မှာ ဦးခေါင်းတွင် […]


