ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဘုတ်ပြင်း၊ ရတနာပုံ-လေညာလမ်းပိုင်းရှိ ဥယျာဉ်ခြံများကို စစ်အာဏာရှင်တပ် ဗုံးကြဲ

Dawei Watch

March 12, 2026

ဘုတ်ပြင်းမြို့နယ် ရတနာပုံ-လေညာလမ်းပိုင်းရှိ ဒေသခံများ၏ ဥယျာဉ်ခြံများကို စစ်အာဏာရှင်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့နှင့် ဒေသခံများထံမှ သိရသည်။ မတ်လ ၁၁ ရက် နံနက် ၁၀ နာရီဝန်းကျင်တွင် စစ်အာဏာရှင်တပ်၏ ဂျက်တိုက်လေယာဉ်ဖြင့် နေရာသုံးခုကို ဗုံးသုံးလုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဒုတိယတာဝန်ခံက ဆိုသည်။ အဆိုပါလမ်းပိုင်းရှိ ၄ မိုင်နှင့် ၈ မိုင်ကြားနေရာသုံးခုကို ဗုံးကြဲခဲ့ခြင်းဖြစ်သည်။ “လာကြဲတဲ့အချိန်ထိ တိုက်ပွဲမဖြစ်ဘူးဗျ။သူတို့စစ်ကြောင်းကတန့်နေပြီ။လက်နက်ကြီးလှမ်းထုတယ် ။ပြီးမှလေယာဉ်နဲ့ လာကြဲသွားတာ။သူတို့က စစ်ကြောင်းကို ရှေ့ကိုထိုးဖောက်သွားချင်တာ မြေပြင်ကတိုးမနိုင်လို့ လေယာဉ်နဲ့ကြဲပြီးမှမြေပြင်ကတက်မယ်ဆိုတဲ့ သဘောပါ”ဟု ၎င်းက ပြောသည်။ ဗုံးကြဲသွားသည့်နေရာများက ဒေသခံများ၏ ဥယျာဉ်ခြံ နေရာများဖြစ်ပြီး ဒေသခံများ၏ ထိခိုက်မှုအခြေအနေ အသေးစိတ်ကို‌မသိရသေးကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့များလည်း ထိခိုက်မှုမရှိကြောင်း အထက်ပါဒုတာဝန်ခံက ဆိုသည်။ မတ်လ ၉ ရက်နေ့ကလည်း […]

ထိုင်းအလံတင်ကုန်တင်သင်္ဘော ဟော်မုဇ်ရေလက်ကြားတွင် ပစ်ခတ်တိုက်ခိုက်ခံရ

Dawei Watch

March 11, 2026

ထိုင်းအလံလွှင့်ထူထားသော ကုန်တင်သင်္ဘောတစ်စီးသည် ဟော်မုဇ်ရေလက်ကြားတွင် ပစ်ခတ်တိုက်ခိုက်ခံရကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။ အိုမန်နိုင်ငံအနီး ရေလက်ကြားတွင် ထိုင်းအလံတင်ထားသော Mayuree Naree သင်္ဘောသည် နှစ်ကြိမ် တိုက်ခိုက်ခံရခြင်း ဖြစ်သည်။ တိုက်ခိုက်ခံရမှုကြောင့် ကိုယ်ထည်နှင့် အင်ဂျင်အခန်း ပျက်စီး၍ မီးလောင်ခဲ့ကြောင်း ဖော်ပြသည်။ သင်္ဘောသား၂၀ ဦးကို အိုမန်ရေတပ်က ကယ်တင်ခဲ့ပြီး သုံးဦးမှာ သင်္ဘောပေါ်တွင် ကျန်ရှိခဲ့ကြောင်း ဖော်ပြသည်။ သင်္ဘောသား ၂၃ ဦးစလုံးသည် ထိုင်းနိုင်ငံသားများဖြစ်သည်။ သင်္ဘောသည် ယူအေအီးနိုင်ငံဆိပ်ကမ်းက ထွက်ခွာလာခဲ့ပြီး အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်ရှိ ဆိပ်ကမ်းသို့ ထွက်ခွာလာစဉ် ယနေ့ ထိုင်းစံတော်ချိန် ၁၁ နာရီခန့်က ပစ်ခတ်ခံရခြင်းဖြစ်သည်။ လက်ရှိတွင် အသေးစိတ်အချက်အလက်နှင့် တိုက်ခိုက်ခံရမှုကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ဆိုသည်။ ကမ္ဘာ့အရေးအပါဆုံး ရေနံတင်ပို့သည့် လမ်းကြောင်းတစ်ခုဖြစ်သည့် ဟော်မုဇ်ရေလက်ကြားကို အီရန်က […]

ဝင်းဝစခန်းအနီးရှိ မင်းဒပ်ရွာကို တိုက်လေယာဉ်ဖြင့် နှစ်ကြိမ်ဗုံးလာကြဲ

Dawei Watch

March 11, 2026

သရက်ချောင်းမြို့နယ် မြိတ်-ထားဝယ် အမှတ်(၈) ပြည်ထောင်စုကားလမ်းရှိ မင်းဒပ်ကျေးရွာကို စစ်အာဏာရှင်တပ်က ယနေ့ မတ်လ ၁၁ ရက်တွင် တိုက်လေယာဉ်ဖြင့် နှစ်ကြိမ်လာရောက် ဗုံးကြဲတိုက်ခိုက်ကြောင်း စစ်ရေးသတင်းအရင်းအမြစ်အချို့နှင့် ဒေသခံအချို့က ပြောသည်။ ယနေ့ နံနက် ၁၁ နာရီ ၄၀ မိနစ်ခန့်တွင် မင်းဒပ်ရွာအနီးကို K8W တိုက်လေယာဉ်ဖြင့် ပေါင် ၂၅၀ ဗုံးနှစ်လုံးကြဲချ တိုက်ခိုက်ခဲ့ပြီး စက်သေနတ်ဖြင့်လည်း လှည့်ပတ်ပစ်ခတ်ကြောင်း စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ဆိုသည်။ မွန်းလွဲ ၁ နာရီ ၁၇ မိနစ်မှာလည်း မင်းဒပ်ရွာအနီးဝန်းကျင်ကိုပင် K8W တိုက်လေယာဉ်ဖြင့် ပေါင် ၂၅၀ ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ပြီး စက်သေနတ်ဖြင့်ပါ ထပ်မံပစ်ခတ်ကြောင်း ၎င်းက ပြောဆိုသည်။ “မနေ့တုန်းက တိုက်ပွဲတွေပြန်ဖြစ်တယ်ပေါ့နော်၊ ကြိုကြားပြန်ဖြစ်တယ်။ မနေ့ညတုန်းက စစ်ကောင်စီ စစ်သင်္ဘောကလည်း လက်နက်ကြီးနဲ့ […]

တနင်္သာရီတိုင်းတွင် ပုလဲမွေးပြီး စစ်အုပ်စုကို ငွေကြေးထောက်ပံ့သည့် ကနေဒါလေးဦးကို အရေးယူရန်တောင်းဆို

Dawei Watch

March 11, 2026

စစ်အုပ်စုနှင့် ပူးပေါင်းကာ တနင်္သာရီတိုင်းတွင် ပုလဲမွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေသော ကနေဒါနိုင်ငံသားလေးဦးအား အရေးယူပေးရန် Justice For Myanmar အဖွဲ့က ကနေဒါအစိုးရအား မတ်လ ၁၀ ရက်တွင် တောင်းဆိုလိုက်သည်။ ကနေဒါနိုင်ငံသား Pierre Hajjar အပါအဝင် မိသားစုဝင်လေးဦးသည် Belpearl ကုမ္ပဏီကွန်ရက်ကို ပိုင်ဆိုင်ပြီး တနင်္သာရီတိုင်းတွင် ပုလဲမွေးမြူရေးလုပ်ငန်း လုပ်ကိုင်လျက်ရှိကြောင်း အဆိုပါအဖွဲ့က ထုတ်ပြန်ထားသည်။ အကျိုးတူလုပ်ရာမှ ရရှိသော ဝင်ငွေများသည် စစ်အုပ်စုက ပြည်သူများအား လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကဲ့သို့သော ရာဇဝတ်မှုများအတွက် ဘဏ္ဍာငွေ ထောက်ပံ့ရာရောက်နေကြောင်း ဆိုသည်။ Hajjar မိသားစုနှင့် Belpearl ကုမ္ပဏီတို့သည် ကနေဒါနိုင်ငံက ဒဏ်ခတ်ပိတ်ဆို့ထားသည့် စစ်အုပ်စုအဖွဲ့အစည်းတစ်ခုနှင့် စီးပွားရေး လုပ်ကိုင်နေသည်မှာ လေးနှစ်ကျော်ကြာပြီဖြစ်ကြောင်း Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က […]

ထားဝယ်တွင် ကုန်တင်ကုန်ချလုပ်သားလေးဦး ဖမ်းဆီးစစ်မှုထမ်းစုဆောင်းခံရ

Dawei Watch

March 11, 2026

ထားဝယ်မြို့တွင် မတ်လ ၁၀ရက် နံနက်ပိုင်းက ကုန်တင်ကုန်ချအလုပ်သမား လူငယ်လေးဦးကို စစ်အာဏာရှင်တပ်က ဖမ်းဆီးပြီး အဓမ္မစစ်မှုထမ်းစုဆောင်းကြောင်း မြိုခံအချို့နှင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်အသိုင်းဝိုင်းထံမှ စုံစမ်းသိရသည်။ ထားဝယ်မြို့အခြေစိုက် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတစ်ခုက ကုန်တင်ကုန်ချအလုပ်သမားများဖြစ်ပြီး ၎င်းတို့လေးဦးကို မတ်လ ၁၀ ရက် နံနက်ပိုင်းတွင် ထားဝယ်မြစ်ကူး ကမြောကင်းတံတားတွင် စစ်အာဏာရှင်တပ်၏ စစ်မှုထမ်းစုဆောင်းရေး အဖွဲ့က ဖမ်းဆီးခဲ့ကြောင်း မြိုခံတစ်ဦးက ပြောသည်။ “လူငယ်လေးတွေချည်း လေးယောက်ပါသွားတယ်။ (ကုန်ကားဂိတ်က အလုပ်သမားတွေ) အားလုံးစိတ်ပျက်လက်ပျက် ဖြစ်နေကြတယ်” ဟု အထက်ပါမြို့ခံက ပြောဆိုသည်။ ကမြောကင်းတံတားစစ်ဆေးရေးဂိတ်တွင် ယခုသီတင်းပတ်အတွင်း စစ်မှုထမ်း စုဆောင်းခံရမှု နှစ်ကြိမ်ဖြစ်ပွားခဲ့သည်။ မတ်လ ၄ ရက် ညနေပိုင်းကလည်း ကမြောကင်းတံတားစစ်ဆေးရေးဂိတ်တွင် စစ်မှုထမ်းစုဆောင်းရေးအဖွဲ့သည် လူငယ် ငါးဦးကို ဖမ်းဆီးပြီး အဓမ္မစစ်မှုထမ်း စုဆောင်းခဲ့သေးသည်။ မြို့ပေါ်ရပ်ကွက်တို့တွင်လည်း စစ်ကော်မရှင်ခန့် […]

ထားဝယ်၊ ပေါက်တိုင်းတံတား စစ်အာဏာရှင်တပ်ဂိတ် ဒရုန်းဖြင့် ထပ်မံတိုက်ခိုက်ခံရ

Dawei Watch

March 11, 2026

ထားဝယ်မြို့အဝင် ပေါက်တိုင်းတံတား စစ်ဆေးရေးဂိတ် မတ်လ ၁၀ ရက်နေ့ ညနေပိုင်းက ဒရုန်းဖြင့် ထပ်မံတိုက်ခိုက်ခံရကြောင်း လမ်းသွားလမ်းလာများနှင့် ဒေသခံများထံမှ သိရသည်။ မတ်လ ၇ ရက်ကလည်း အဆိုပါ စစ်ဆေးရေးဂိတ်မှာ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခံခဲ့ရသဖြင့် မတ်လဆန်းအတွင်း၌ပင် ဒရုန်းဖြင့် တိုက်ခိုက်ခံရမှု နှစ်ကြိမ်ရှိပြီဖြစ်သည်။ “ညနေ ၃ နာရီထိုးခါနီးမှာ ဒရုန်းနဲ့ ဗုံးချခံရတာ။ ဂိတ်ကို တစ်နာရီလောက် ပိတ်ထားလိုက်ပြီးမှ ပြန်ဖွင့်တယ်” ဟု အဆိုပါလမ်းပိုင်းကို အသုံးပြုနေသည့် ကားသမားတစ်ဦးက ပြောသည်။ ဒရုန်းဖြင့် ဗုံးချခံရမှုကြောင့် စစ်ဆေးရေးဂိတ်အတွင်း ထိခိုက်မှု ရှိ၊ မရှိကိုမူ သီးခြားအတည်မပြုနိုင်သေးပေ။ ယင်းသို့ တိုက်ခိုက်ခံရပြီးနောက် စစ်အာဏာရှင်တပ်က ထားဝယ်မြို့နယ်၊ ရှမ္မတွင်းကျေးရွာအုပ်စုဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း ရွာသားများထံမှ သိရသည်။ “လက်နက်ကြီးနဲ့ […]

တောင်ကိုရီးယားမှ အမေရိကန်စစ်လက်နက်များ ရွေ့ပြောင်းမှုကို မတားဆီးနိုင်ကြောင်း သမ္မတအီဂျယ်မြောင်း ပြော

Dawei Watch

March 11, 2026

နိုင်ငံအတွင်း ဖြန့်ကျက်ထားသည့် စစ်လက်နက်ပစ္စည်းများကို အမေရိကန်က ပြန်လည်နေရာရွှေ့ပြောင်းဖြန့်ကျက်မှုကို ၎င်းတို့ မတားဆီးနိုင်ကြောင်း တောင်ကိုရီးယားသမ္မတအီဂျယ်မြောင်းက မတ်လ ၁၀ ရက်နေ့တွင် ပြောကြားလိုက်သည်။ တောင်ကိုရီးယားမှ အမေရိကန်၏ Patriot မစ်ဆိုင်းဒုံးကာကွယ်ရေးစနစ်များကို အရှေ့အလယ်ပိုင်းသို့ ပို့ဆောင်နေကြောင်း သတင်းထွက်လာပြီးနောက် ၎င်းက ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။ တောင်ကိုရီးယားမှ အမေရိကန်၏ အဓိကစစ်အင်အားကို ပြောင်းရွှေ့နေသည်ဆိုသည့် သတင်းကြောင့် တရုတ်နှင့် မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုမှ ဟန့်တားရန် အာရှဒေသတွင်းကာကွယ်ရေးတွင် ဟာကွက် ဖြစ်လာမည်ကို စိုးရိမ်မှုများ မြင့်တက်လာသည်။ “တောင်ကိုရီးယားအခြေစိုက် အမေရိကန်တပ်ဖွဲ့တွေက အမြောက်တပ်ရင်းတွေနဲ့ လေကြောင်းရန်ကာကွယ်ရေးလက်နက်လိုမျိုး စစ်လက်နက်ပစ္စည်းအချို့ကို တောင်ကိုရီးနိုင်ငံပြင်ပကို ပို့ဆောင်နေတာနဲ့ ပတ်သက်ပြီး မကြာသေးခင်က အငြင်းပွားမှုတွေ ရှိနေပုံရပါတယ်” ဟု သမ္မတအီဂျယ်မြောင်းက အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားခဲ့သည်။ ယင်းနှင့် ပတ်သက်၍ တောင်ကိုရီးယားအစိုးရဘက်က […]

မြိတ်က ရွာနှစ်ရွာတွင် အမျိုးသားနှစ်ဦး ပစ်ခတ်ခံရပြီးသေဆုံး

Dawei Watch

March 11, 2026

မြိတ်မြို့နယ်၊ တပ်တောင်နှင့် ပလုံးရွာတို့တွင် ဒေသခံနှစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။ တပ်တောင်ရွာက အမျိုးသားတစ်ဦးသည် မတ်လ ၉ရက် နံနက်က နေအိမ်သို့ပြန်လာပြီး ဝက်စာကျွေးနေစဉ် အရပ်ဝတ်ဖြင့် လူတစ်စုက သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ တပ်တောင်ရွာကို စစ်အာဏာရှင်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာသားများသည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလမှစတင်ကာ ရွာဝန်းကျင်တွင် ပြောင်းရွေ့နေထိုင်ကြပြီး အကြောင်းကိစ္စရှိမှသာ ရွာသို့ခေတ္တ ပြန်လာလေ့ရှိကြောင်း ဒေသခံများက ဆိုသည်။ သေနတ်ဖြင့် ပစ်သတ်ခံရသည့် တပ်တောင်ရွာသားသည် အသက် ၄၀ ဝန်းကျင်ရှိပြီး မည်သည့်အကြောင်းအရင်းကြောင့် ပစ်ခတ်ခံရသည်ကိုမူ မသိရသေးကြောင်း အထက်ပါဒေသခံက ပြောဆိုသည်။ “သူ့အိမ်က ဘုန်းကြီးကျောင်းအောက်မှာ (ကျောင်းနံဘေး) နေတယ်။ အခုက အိမ်မှာဝက်စာသွားကျွေးတုန်း ပစ်သတ် ခံရတယ်။ သူပစ်သတ်ခံရပြီး ရဲတွေလာကြည့်တယ်။ […]