တနင်္သာရီတိုင်းတွင် တက္ကသိုလ်ဝင်စာမေးပွဲ ခြောက်ထောင်နီးပါးဝင်ဖြေ၊ မြို့နယ်အများစု စာစစ်ဌာနတစ်ခုသာဖွင့်နိုင်
Dawei Watch
March 12, 2026၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ် ဝင်တန်းစာမေးပွဲကို တနင်္သာရီတိုင်း စာစစ်ဌာန အသီးသီးတွင် ဝင်ရောက်ဖြေဆိုသူ ခြောက်ထောင်နီးပါးရှိကြောင်း စစ်ကော်မရှင်လက်အောက်ခံ ပြန်ကြားရေးဌာန၏ မှတ်တမ်းများအရ သိရသည်။ တနင်္သာရီတိုင်းတွင် ဝင်ရောက်ဖြေဆိုရန် စာရင်းသွင်းထားသူ ၆၃၂၃ ဦးရှိပြီး လာရောက်ဖြေဆိုသူ ၅၉၉၁ ရှိကာ ပျက်ကွက်သူ ၃၃၂ ဦးရှိကြောင်း ဖော်ပြသည်။ မြိတ်မြို့နယ်တွင် စာဖြေဌာန ခုနစ်ခုရှိပြီး ဝင်ရောက်ဖြေဆိုသူ သုံးထောင့်လေးရာကျော်ဖြင့် အများဆုံး ဝင်ရောက် ဖြေဆိုခဲ့သည်။ ထားဝယ်၊ သရက်ချောင်း၊ တနင်္သာရီ၊ ဘုတ်ပြင်း၊ ကျွန်းစု၊ ပုလော မြို့နယ်တို့တွင်မူ စာစစ်ဌာနတစ်ခုစီသာဖွင့်နိုင်ပြီး မြို့ပေါ်တွင်သာ ဖွင့်နိုင်သည်။ စစ်ရေး မကြာခဏ ပြင်းထန်လေ့ရှိသည့် လောင်းလုံးမြို့နယ်တွင်မူ ယမန်နှစ်အတိုင်းပင် စာစစ်ဌာနဖွင့်လှစ်နိုင်ခြင်း မရှိပေ။ ရေဖြူမြို့နယ်တွင် စာစစ်ဌာန နှစ်ခုနှင့် ကော့သောင်းမြို့နယ်တွင် စာစစ်ဌာန […]


