မွန်တွင် စက်သုံးဆီ ပြင်ပေးစျေး တစ်လီတာ ကျပ်ရှစ်ထောင်ကျော်အထိ ပေးဝယ်ရ
Dawei Watch
March 13, 2026မွန်ပြည်နယ်တွင် စက်သုံးဆီ ဝယ်ယူသုံးစွဲမှု ကန့်သတ်လိုက်ပြီးနောက် ပြင်ပစျေးကွက်တွင် ဆီတစ်လီတာ ကျပ်ရှစ်ထောင်ကျော်အထိ ပေးဝယ်နေရကြောင်း သုံးစွဲသူများထံမှ သိရသည်။ မွန်တွင် မတ်လ ၇ရက်ကစပြီး ယာဉ်များကို စုံ၊ မ စနစ်ဖြင့် စက်သုံးဆီရောင်းချရန် စစ်ကော်မရှင်က ကန့်သတ်ခဲ့ကြောင်း သုံးစွဲသူ ဒေသခံများက ပြောသည်။ ယင်းအပြင် ဆိုင်ကယ်တစ်စီးလျှင် ငါးထောင်ကျပ်၊ အိုးဝေ/သုံးဘီးတစ်စီး တစ်သောင်းကျပ်၊ အိမ်စီးကား သုံးသောင်းကျပ်၊ ခရီးသည်တင်ယာဉ် တစ်သိန်းကျပ်၊ ပရီမီယံ ဒီဇယ် ကားနံပါတ်အနီ လေးသောင်းကျပ်၊ ကားနံပါတ်အနက် သုံးသောင်းကျပ်ဖိုးသာ ရောင်းချရန်လည်း ကန့်သတ်ထားကြောင်း ၎င်းတို့က ဆိုသည်။ စက်သုံးဆီ လိုသလောက် ဝယ်မရခြင်း၊ အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းဝယ်ယူရခြင်း၊ ဆီအရောင်းဆိုင်များ ဆီပြတ်လပ်ပြီး အရောင်းပိတ်ထားခြင်း စသည်တို့ကြောင့် သုံးစွဲသူများသည် ပြင်ပစျေးကွက်ကို အားထားလာရကြောင်း သုံးစွဲသူ […]


