တနင်္သာရီတိုင်းရဲရုံးနှင့် စသုံးလုံးရုံးတို့ကို ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်
Dawei Watch
March 16, 2026ထားဝယ်မြို့ရှိ စစ်အာဏာရှင်တပ်လက်အောက်ခံ တနင်္သာရီတိုင်းရဲတပ်ဖွဲ့မှူးရုံးနှင့် အထူးစုံစမ်းစစ်ဆေးဦးစီးဌာန (စစစ) ရုံးကို ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဗျူဟာ (၃၃/၃၄) မဟာမိတ် ဆက်ဆံရေးတာဝန်ခံက ပြောသည်။ မတ်လ ၁၅ ရက် နံနက်က အဆိုပါရုံးနှစ်ခုကို ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခြင်းဖြစ်ပြီး တိုင်းရဲတပ်ဖွဲ့မှူးကို တိုက်ခိုက်မှုဖြစ်စဉ်တွင် ရဲအရာရှိအချို့ ထိခိုက်မှုရှိသည်ဟု သိရကြောင်း ၎င်းက ဆိုသည်။ “တိုင်းရဲရုံးဖြစ်စဉ်မှာကတော့ သူတို့ဘက်ကနေပြီးတော့ ရဲအရာရှိနှစ်ဦးပေါ့နော် ထိခိုက်မှုရှိတယ်လို့တော့ ကျွန်တော်တို့ ကြားသိရတယ်” ဟု မဟာမိတ်ဆက်ဆံရေးတာဝန်ခံက ပြောဆိုသည်။ စသုံးလုံးရုံးကို ဗုံးချတိုက်ခိုက်မှုတွင်မူ ထိခိုက်မှုအခြေအနေကို မသိရသေးကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ ထားဝယ်မြို့ခံတစ်ဦးကမူ တိုင်းရဲတပ်ဖွဲ့မှူးရုံးနှင့် မျက်နှာချင်းဆိုင်ရှိ ဟိုတယ်ထားဝယ်ဝင်းအတွင်း ဒရုန်းဗုံး ကျရောက် ပေါက်ကွဲသည်ဟု ကြားသိရကြောင်း ပြောသည်။ ပေါက်ကွဲမှုကြောင့် ဟိုတယ်ဝင်းအတွင်းရှိ ကားသုံးစီး ထိခိုက်ပြီး […]


