ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ပါကစ္စတန်က အာဖဂန်နစ္စတန် ဆေးရုံကို ဗုံးကြဲတိုက်ခိုက်၍ လူ ၄၀၀ ကျော် သေဆုံး

Dawei Watch

March 17, 2026

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ရှိ မူးယစ်ဆေးဖြတ်ကုသရေးဆေးရုံတစ်ခုကို ပါကစ္စတန်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူပေါင်း ၄၀၀ ထက်မနည်း သေဆုံးပြီး ၂၅၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တာလီဘန်အစိုးရက ယနေ့ မတ်လ ၁၇ ရက်နေ့တွင် ပြောသည်။ ယခုဖြစ်ရပ်သည် အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်အကြား ဖြစ်ပွားနေသည့် ပဋိပက္ခ သိသိသာသာ အရှိန်မြင့်တက်လာခြင်းဖြစ်ကြောင်း Reuters သတင်းတွင် ဖော်ပြသည်။ အာဖဂန်နစ္စတန်နိုင်ငံ တာလီဘန်အစိုးရ၏ စွပ်စွဲချက်မှာ မဟုတ်မှန်ဘဲ အထင်အမြင်လွဲမှားစေရန် လုပ်ဆောင်ခြင်းသာ ဖြစ်ကြောင်း ပါကစ္စတန်အစိုးရဘက်က ဆိုသည်။ တနင်္လာနေ့ညက စစ်ဆင်ရေးအတွင်း စစ်ဘက်ဆိုင်ရာ အဆောက်အအုံများနှင့် အကြမ်းဖက်သမားများကို ထောက်ပံ့ပေးနေသည့် အခြေခံအဆောက်အအုံများကိုသာ တိတိကျကျ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပါကစ္စတန်အစိုးရက ဆိုသည်။ “တိုက်ခိုက်မှုအပြီးမှာ ထပ်ဆင့်ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တာကို မြင်တွေ့ရပါတယ်။ ဒါက အဲဒီနေရာမှာ […]

ဝင်းဝစခန်းမှထွက်ပြေးလာသော စစ်အာဏာရှင်တပ်ပိတ်မိနေသည့် ဂုံညှင်းဆိပ်ရွာကို ဗုံးဆယ်ချီကြဲပြီးလေ‌ကြောင်းပစ်ကူပေး

Dawei Watch

March 17, 2026

သရက်ချောင်းမြို့နယ်၊ ဂုံညှင်းဆိပ်ရွာကို စစ်အာဏာရှင်တပ်က မတ်လ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း စစ်ရေးသတင်းအရင်းအမြစ်အချို့နှင့် ဒေသခံအချို့က ပြောသည်။ မြိတ်-ထားဝယ်အမှတ် (၈) ပြည်ထောင်စုကားလမ်းပေါ်က ဝင်းဝစခန်းကို ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၄) ၊ တပ်မဟာ (၆) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ-NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF တပ်များက မတ်လ ၁၁ ရက်တွင် တိုက်ခိုက်သိမ်းယူခဲ့သည်။ အဆိုပါစခန်းမှ ပင်လယ်ဘက်သို့ ထွက်ပြေးလားသည့် စစ်အာဏာရှင်တပ်ဖွဲ့ဝင်များသည် ဂုံညှင်းဆိပ်ကျေးရွာနှင့် အနီးဝန်းကျင်တို့တွင် ပိတ်မိနေပြီး နှစ်ဖက်တိုက်ပွဲများ ဖြစ်နေကြောင်း စစ်ရေးသတင်းအရင်းအမြစ်အချို့နှင့် ဒေသခံအချို့က ဆိုသည်။ ထို့ကြောင့် စစ်အာဏာရှင်တပ်က လေကြောင်းဖြင့် ဆက်တိုက်ဗုံးချတိုက်ခိုက်နေကြောင်း ၎င်းတို့က ပြောဆိုသည်။ မတ်လ ၁၆ရက် ညနေ ၃နာရီခွဲခန့်တွင် […]

ကော့စမွေတွင် မြန်မာလုပ်သားတစ်ဦး ရေတံခွန်ပေါ်မှ ပြုတ်ကျသေဆုံး

Dawei Watch

March 17, 2026

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် ကော့စမွေကျွန်းတွင် မြန်မာအလုပ်သမားတစ်ဦး ရေတံခွန်ပေါ်မှနေ၍ ခြေချော်ကြပြီး သေဆုံးသွားခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ မတ်လ ၁၅ ရက်နေ့ ညနေက ကော့စမွေကျွန်း မဲနမ်းဒေသရှိ ဘန်ခူစရီရေတံခွန်တွင် အသက် ၃၇ နှစ်အရွယ် ကိုချိုမင်းဦးအမည်ရှိ မြန်မာနိုင်ငံသားတစ်ဦး ကျောက်တုံးများပေါ်က ခြေချော်ပြီး ချောက်ထဲသို့ ပြုတ်ကျသွားခဲ့ခြင်းဖြစ်သည်။ ပြုတ်ကျသေဆုံးသွားသော မြန်မာအလုပ်သမားသည် ဇနီးဖြစ်သူနှင့်အတူ ရနောင်းမြို့မှ ကော့စမွေကျွန်းသို့ ပြောင်းလာပြီး ဒူးရင်းခြံတွင် လုပ်ကိုင်နေခြင်းဖြစ်ကြောင်း ဇနီးဖြစ်သူ၏ ဖြေကြားချက်ကို သတင်းတွင်ဖော်ပြထားသည်။ အခင်းဖြစ်သောညနေက ဇနီးမောင်နှံနှစ်ဦးသည် ကလေးသုံးဦးနှင့်အတူ ရေတံခွန်သို့ လာရောက်လည်ပတ်ခဲ့ပြီး ကလေးငယ်တစ်ဦးက ရေထဲကျသွားသဖြင့် ဖခင်ဖြစ်သူက ဆင်းကယ်ခဲ့ကြောင်း၊ ကလေးကို အောင်မြင်စွာ ကယ်တင်နိုင်ခဲ့သော်လည်း ဖခင်ဖြစ်သူမှာ ကျောက်တုံးပေါ်မှ ခြေချော်သွားခဲ့ပြီး ချောက်နက်ထဲသို့ ပြုတ်ကျသေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သတင်းများအရသိရသည်။ အာဏာပိုင်နှင့် […]

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တကူရွာဘုန်းကြီးကျောင်းကို စစ်အာဏာရှင်တပ် ဒရုန်းဖြင့်တိုက်ခိုက်

Dawei Watch

March 16, 2026

တနင်္သာရီမြို့နယ်၊ တကူရွာဘုန်းကြီးကျောင်းကို ဇဝဲကျေးရွာရှိ စစ်အာဏာရှင်တပ်က ကာမီကာဇေဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ မတ်လ ၁၆ရက် မွန်းလွဲ ၁နာရီဝန်းကျင်တွင် တကူရွာဘုန်းကြီးကျောင်းကို ဇဝဲကျေးရွာအခြေစိုက် စစ်အာဏာရှင်အမှတ် ၅၅၆ ခြေမြန်တပ်ရင်းက ကာမီကာဇေဒရုန်းဖြင့် တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ဆရာတော်ကျောင်းအနောက်ကို ကျသွားတယ်” ဟု ၎င်းက ပြောဆိုသည်။ ဘုန်းကြီးကျောင်း ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုတွင် ဒရုန်းအပျက်အစီးများကို တွေ့ရပြီး လူထိခိုက်မှု မရှိကြောင်း ဒေသခံများထံမှ သိရသည်။ ကာမီကာဇေ ဒရုန်းနှစ်စီးတက်လာနေသည်ကို တွေ့မြင်နေရပြီး တစ်စီးမှာ ဘုန်းကြီးကျောင်းဝင်းအတွင်းကျရောက်ပြီး ကျန်တစ်စီးမှာမူ မည်သည့်နေရာသို့ ကျရောက်ခဲ့သည် မသိရသေးကြောင်း ဒေသခံ အခြားတစ်ဦးက ဆိုသည်။ ဒရုန်း ပထမတစ်စီး တက်လာစဉ် မြင်တွေ့သူများက အော်ဟစ်ပြောဆို သတိပေးသဖြင့် ဒေသခံများ […]

ထိုင်းဆီဆိုင်အများစု ကားတစ်စီးလျှင် ဘတ် ၅၀၀ အထိသာ ဝယ်ခွင့်ပြု

Dawei Watch

March 16, 2026

ထိုင်းနိုင်ငံရှိ ဆီဆိုင်အများစုတွင် ကားတစ်စီးလျှင် ဘတ် ၅၀၀ ဖိုးအထိသာ ဆီဝယ်ယူခွင့် ပြုနေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြနေကြသည်။ ယနေ့ မတ်လ ၁၆ ရက် နံနက်ပိုင်းမှစ၍ အယုဒ္ဓယ၊ မဲဆောက်၊ ချင်းမိုင်၊ စရာဘူရီမြို့နှင့် အခြားမြို့များရှိ PTT၊ Bang Chak ဆီဆိုင်များတွင် လေးဘီးတပ် ကိုယ်ပိုင်ကားတစ်စီးလျှင် ဘတ် ၅၀၀ ဖိုးအထိသာ ဆီဝယ်ယူခွင့် ပြုနေကြောင်း သိရသည်။ မဲဆောက်မြို့တွင် ကားများ ဆီဝယ်ယူရန် နံနက် ၄ နာရီကတည်းက ဆီဆိုင်များတွင် တန်းစီစောင့်ဆိုင်းနေကြပြီး အချို့ကားများသည် ညနေကတည်းက တန်းစီနေကြကြောင်း သိရသည်။ နံနက်ပိုင်းတွင် ဆီတန်းစီဝယ်ယူသော ကားတန်းသည် ဆီဆိုင်မှ ၃ ကီလိုမီတာ အရှည်အထိ ရှိနေကြောင်း သတင်းများတွင် ဖော်ပြနေကြသည်။ ဆီဆိုင်အများစုတွင် […]

စစ်အာဏာရှင်တပ် လက်နက်ကြီးကြောင့် လောင်းလုံးတွင် အမျိုးသားတစ်ဦးသေဆုံး

Dawei Watch

March 16, 2026

စစ်အာဏာရှင်တပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး လောင်းလုံးမြို့နယ် ခမောင်းတောင် ကျေးရွာအနီးနေထိုင်သည့် အမျိုးသားတစ်ဦးသေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။ ထားဝယ်မြစ်၏ အရှေ့ဘက်ကမ်း၌ရှိသော ဇာဟာကျေးရွာအခြေစိုက် စစ်အာဏာရှင်အမြောက်တပ်ရင်းက လက်နက်ကြီး ဖြင့် မတ်လ ၁၅ ရက် ညနေ ၄နာရီခွဲတွင် တစ်ကြိမ်၊ ညဘက်တွင် လေးကြိမ်ခန့် ခမောင်းတောင်ကျေးရွာနှင့် အနီးတဝိုက်ကို ပစ်ခတ်ခဲ့ကြောင်း ၎င်းတို့က ပြောသည်။ ညနေဘက် ပစ်ခတ်မှုတွင် ခမောင်းတောင်ကျေးရွာနှင့် ထိန်တွင်းကျေးရွာကြားတွင် လမ်းဘော ထန်းပင်များအနီး ကျရောက်ပေါက်ကွဲကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ အဆိုပါနေရာတွင် နေထိုင်သည့် အသက် ၅၀ ဝန်းကျင်အရွယ် ဦးဆီနီဂေါဟုခေါ်ကြသည့် အမျိုးသားတစ်ဦးမှာ ထန်းတက်ရန် ပြင်ဆန်နေချိန် လက်ကြီးကျည်စထိမှန်ကာ သေဆုံးခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ “သူက အုတ်ဖိုလာလုပ်ရင်းနဲ့ ထိန်တွင်းရွာကိုဝင်တဲ့ လမ်းနားမှာ […]

ပတ္တယားတွင် မြန်မာများအပါအဝင် လူငယ်အချင်းချင်း အုပ်စုဖွဲ့ရန်ဖြစ်ပြီး ကိုးဦးဖမ်းဆီးခံရ

Dawei Watch

March 16, 2026

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် ပတ္တယားကမ်းခြေရှိ Walking Street တွင် မြန်မာနိုင်ငံသားအများစုပါဝင်သော လူငယ်အချင်းချင်း အုပ်စုဖွဲ့ ခိုက်ရန်ဖြစ်ခဲ့ပြီး ကိုးဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ မတ်လ ၁၅ ရက် ည ၁၁ နာရီခွဲခန့်က အဆိုပါလမ်းပေါ်ရှိ Siam Bayshore ဟိုတယ်ရှေ့တွင် လူငယ် ၂၀ ခန့် လက်နက်များ ကိုင်ဆောင်၍ ခိုက်ရန်ဖြစ်နေသည်ဟု ရဲတပ်ဖွဲ့က တိုင်ကြားချက်ရရှိကြောင်း ဆိုသည်။ ယင်းနေရာသည် ခရီးသွားအများစု လာလည်သည့်နေရာဖြစ်သဖြင့် ရဲတပ်ဖွဲ့က ချက်ချင်း သွားရောက်စစ်ဆေးခဲ့ရာ ရဲတပ်ဖွဲ့ရောက်ရှိချိန် လူငယ်အုပ်စုနှစ်စု လက်နက်များကိုင်ဆောင်၍ ရန်ဖြစ်နေကြကြောင်း ဖော်ပြသည်။ ရဲတပ်ဖွဲ့က ရန်ပွဲကို ချက်ချင်းနှိမ်နင်းခဲ့စဉ် လူငယ်အများစုက ရုန်းရင်းဆန်ခတ်ဖြစ်၍ ခရီးသွားများကြား ထွက်ပြေးကြပြီး ၎င်းတို့အနက် လူငယ် ကိုးဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း […]

အီရန်နှင့် ဆွေးနွေးနေကြောင်း ထရမ့်ပြော

Dawei Watch

March 16, 2026

အီရန်စစ်ပွဲ သုံးပတ်မြောက်သို့ ရောက်လာချိန်တွင် အီရန်နှင့် ဆွေးနွေးမှုများပြုလုပ်နေကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မတ်လ ၁၅ ရက်တွင် ပြောကြားလိုက်သည်။ သို့ရာတွင် အီရန်အနေဖြင့် စစ်ပွဲအဆုံးသတ်ရေးသဘောတူညီချက်ရယူရန် အဆင်သင့် မဖြစ်သေးကြောင်း ၎င်းက ဆိုသည်။ အီရန်စစ်ပွဲအဆုံးသတ်ရေး သံတမန်ရေးအရ ဆွေးနွေးမှုများ လုပ်ဆောင်နေခြင်း ရှိမရှိ သတင်းထောက်များ၏ မေးမြန်းမှုကို သမ္မတထရမ့်က “ဟုတ်ကဲ့ ၊ ကျွန်တော်တို့ သူတို့နဲ့ စကားပြောနေပါတယ်” ဟု ဖြေကြားခဲ့သည်။ သို့ရာတွင် အဆိုပါ ဆွေးနွေးမှုများ၏ အသေးစိတ်အချက်များကိုမူ ၎င်းက ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။ “သူတို့ဘက်က အဆင်သင့်ဖြစ်ပြီလို့ ကျွန်တော် မထင်ပါဘူး။ ဒါပေမဲ့ အဆင်သင့်ဖြစ်ဖို့ သူတို့ နီးစပ်နေပါပြီ” ဟု ထရမ့်က ပြောဆိုသည်။ အမေရိကန်နှင့် ဆွေးနွေးနေသည်ဆိုသည့်အချက်ကို အီရန်နိုင်ငံခြားရေးဝန်ကြီးက ငြင်းဆိုထားပြီး […]