ကန်နှင့် အစ္စရေး၏ တိုက်ခိုက်မှုမှ အီရန် ခုခံကာကွယ်မှုကို ထောက်ခံကြောင်း တရုတ်ပြော
Dawei Watch
March 3, 2026အမေရိကန်နှင့် အစ္စရေး၏ တိုက်ခိုက်မှုများကို အီရန်က ခုခံကာကွယ်ခြင်းကို ၎င်းတို့ ထောက်ခံကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက အီရန်နိုင်ငံခြားရေးဝန်ကြီးအား မတ်လ ၂ ရက်နေ့တွင် ဖုန်းဖြင့် ဆက်သွယ်ပြောကြားလိုက်သည်။ အရှေ့အလယ်ပိုင်းဒေသတစ်ဝှမ်း စစ်မီးကူးစက်ပျံ့နှံ့နေချိန်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက အီရန်နိုင်ငံခြားရေးဝန်ကြီး အဘာ့စ် အရက်ချီအား ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။ အမေရိကန်နှင့် အစ္စရေးတို့က အီရန်နိုင်ငံအတွင်းရှိ ပစ်မှတ်ဒါဇင်ပေါင်းများစွာကို စတင်တိုက်ခိုက်ခဲ့သည့် စနေနေ့မှစ၍ အီရန်တွင် လူရာနှင့်ချီ သေဆုံးခဲ့ရသည်။ အီရန်ဘက်ကလည်း အစ္စရေးနှင့် ပင်လယ်ကွေ့နိုင်ငံများအပြင် ဆိုက်ပရပ်စ်ရှိ ဗြိတိန်စစ်အခြေစိုက်စခန်းတစ်ခုကို ဒုံးကျည်နှင့် ဒရုန်းများဖြင့် လက်တုံ့ပြန်တိုက်ခိုက်ခဲ့သည်။ တရုတ်နှင့်အီရန်အကြား ရှိရင်းစွဲ ရိုးရာချစ်ကြည်ရင်းနှီးမှုကို တန်ဖိုးထားကြောင်း၊ အီရန်၏ အချုပ်အခြာအာဏာ၊ လုံခြုံရေး၊ နယ်မြေပိုင်နက်နှင့် အမျိုးသားဂုဏ်သိက္ခာကို ကာကွယ်ခြင်းအား ၎င်းတို့ထောက်ခံကြောင်း ဝမ်ယိက အဘာ့စ် အရက်ချီအား […]


