ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မများဖြင့် ပြစ်ဒဏ်ချခံရသူများအပါအဝင် အကျဉ်းသားတစ်သောင်းကျော် လွတ်ငြိမ်းခွင့်ပြု

Dawei Watch

March 2, 2026

ယနေ့ တပေါင်းလပြည့်နေ့ (မတ်လ ၂ ရက်) တွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဥ်းသားတစ်သောင်းကျော်ကို လွတ်ငြိမ်းခွင့်ပြုကာ တရားစွဲဆိုခံထားရသူ တစ်သောင်းနှစ်ထောင်ကျော်ကိုလည်း အမှုပိတ်ကြောင်း စစ်ကော်မရှင်က ကြေညာသည်။ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မဖြစ်သည့် ၅၀ (ည) ၊ ၅၂ (က) တို့ဖြင့် စွပ်စွဲတရားစွဲဆို ထောင်ချခံထားရသူ ၇၃၃၇ ဦး နှင့် ပြစ်မှုအမျိုး အမည်မဖော်ပြထားသည့် အကျဥ်းသား ၂၈၂၅ ဦးကို လွတ်ငြိမ်းခွင့်ပြုကြောင်း စစ်အုပ်စု၏ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ကြေညာခြင်းဖြစ်သည်။ ပြစ်မှုထပ်မံကျူးလွန်ပါက ယင်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည် ဆိုသည့် ကန့်သတ်ချက်ဖြင့် လွတ်ငြိမ်းခွင့်ပြုခြင်းဖြစ်သည်။ ပြစ်မှုအမျိုးမျိုးဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသည့် နိုင်ငံခြားသား ၁၀ ဦးကိုလည်း အထက်ပါ ကန့်သတ်ချက်ဖြင့် လွတ်ငြိမ်းပြုခဲ့သည်။ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မဖြစ်သည့် ၅၀ […]

ထိုင်းက မြန်မာအပါအဝင် ပြည်ပကို လောင်စာဆီတင်ပို့မှု ရပ်ဆိုင်း

Dawei Watch

March 2, 2026

ထိုင်းနိုင်ငံက ပြည်ပနိုင်ငံများသို လောင်စာဆီတင်ပို့မှု ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးက မတ်လ ၁ ရက်နေ့က ကြေညာသည်။ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှစတင်၍ အမေရိကန်အပါအဝင် အစ္စရေး-အီရန် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရှေ့အလယ်ပိုင်းနိုင်ငံများတွင် တင်းမာနေချိန် ထိုင်းနိုင်ငံက ပြည်ပသို့ လောင်စာဆီတင်ပို့မှု ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ကြေညာလိုက်ခြင်းဖြစ်သည်။ ကမ္ဘာ့လောင်စာဆီ ၂၀ ရာခိုင်နှုန်းအထိ တင်ပို့နေသော ဟို့မက်စ်ရေလက်ကြားကို အီရန်က ပိတ်လိုက်သဖြင့် ထိုင်းနိုင်ငံက အရေးပေါ်စွမ်းအင်ချွေတာရေးအစီအစဉ်များကို အကောင်အထည်ဖော်မည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီး Auttapol Rerkpiboon က ပြောသည်။ ထို့ကြောင့် ပြည်တွင်း လောင်စာဆီများကို ထိန်းသိမ်းနိုင်ရန်အတွက် ရေနံအပါအဝင် လောင်စာဆီများကို ပြည်ပတင်ပို့မှု ရပ်ဆိုင်းထားရန် ညွှန်ကြားခဲ့ကြောင်း ဖော်ပြသည်။ ထိုင်းနိုင်ငံထဲတွင် လောင်စာဆီ ၇ ဒသမ ၆၆ ဘီလီယံလီတာအထိ သိုလှောင်ထားပြီးဖြစ်သဖြင့် ယင်းပမာဏက […]

အီရန်စစ်ပွဲ တစ်လခန့် ကြာနိုင်ဟု ထရမ့်ပြော

Dawei Watch

March 2, 2026

အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲသည် တစ်လခန့် ကြာမြင့်နိုင်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က မတ်လ ၁ ရက်နေ့တွင် ပြောကြားလိုက်သည်။ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့၏ ဌာနချုပ်ကို ၎င်းတို့ ဖျက်ဆီးလိုက်ပြီဟု အမေရိကန်က ကြေညာခဲ့ပြီးနောက်တစ် သမ္မတထရမ့်က ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။ အမေရိကန်နှင့် အစ္စရေး၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် အီရန်ထိပ်သီးခေါင်းဆောင် အယာတိုလာခါမေနီ သေဆုံးခဲ့ပြီးနောက် တစ်ရက်အကြာတွင် အရှေ့အလယ်ပိုင်းဒေသနှင့် ကမ္ဘာ့စီးပွားရေးသည် ပိုမိုနက်ရှိုင်းသည့် မရေရာမှုထဲ ကျရောက်လာသည်။ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲသည် ရက်အတော်ကြာမြင့်မည်ဟု ခန့်မှန်းထားကြောင်း အမေရိကန်အရာရှိများကလည်း ဆိုသည်။ Daily Mail သတင်းစာနှင့် အင်တာဗျူးတစ်ခုတွင် သမ္မတထရမ့်က လက်ရှိအီရန်စစ်ပွဲသည် လေးပတ်ခန့် ကြာမြင့်နိုင်ကြောင်း ပြောကြားခဲ့သည်။ “ဒါမျိုးက အမြဲတမ်း လေးပတ်ကြာမယ့် လုပ်ငန်းစဉ်တစ်ခုပါပဲ။ ကျွန်တော်တို့ ခန့်မှန်းထားတာကတော့ လေးပတ်လောက် […]

ကာကွယ်ရေးဝန်ကြီးနှင့် စစ်တပ်အကြီးအကဲ သေဆုံးကြောင်း အီရန်အတည်ပြု

Dawei Watch

March 1, 2026

စနေနေ့က အမေရိကန်နှင့် အစ္စရေး၏ တိုက်ခိုက်မှုများအတွင်း အီရန်ကာကွယ်ရေးဝန်ကြီးနှင့် စစ်တပ်အကြီးအကဲတို့ နှစ်ဦးစလုံး သေဆုံးကြောင်း အီရန်အစိုးရပိုင်မီဒီယာများက အတည်ပြုဖော်ပြသည်။ ယမန်နှစ် ဇွန်လက ဖြစ်ပွားခဲ့သည့် ၁၂ ရက်ကြာ အစ္စရေး-အီရန် စစ်ပွဲအတွင်း အီရန်စစ်တပ်အကြီးအကဲ သေဆုံးသွားပြီး နောက်ပိုင်း အီရန်စစ်တပ်ကို ဦးဆောင်ခဲ့သူ ဒုတိယဗိုလ်ချုပ်ကြီး အဗ္ဗဒူရာဟင်း မူဆာဗီသည် စနေနေ့က တိုက်ခိုက်ခံရမှု အတွင်း သေဆုံးကြောင်း အီရန်သတင်းဌာန Tasnim က ဖော်ပြသည်။ အဆိုပါ တိုက်ခိုက်ခံရမှုအတွင်း အီရန်ကာကွယ်ရေးဝန်ကြီး အဇစ် နာဆာဇာဒေးလည်း သေဆုံးကြောင်း ဖော်ပြသည်။ နာဆာဇာဒေးသည် ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်မယူမီက အီရန်စစ်တပ်၏ ဒုတိယကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ စနေနေ့က တိုက်ခိုက်ခံရမှုအတွင်း အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ကို ဦးဆောင်သူ ဗိုလ်ချုပ်ကြီး မိုဟာမက် ပါခ်ပူရ်သေဆုံးမှုကို […]

ခါမေနီသေဆုံးမှုမှာ ဆေးတစ်ခွက် ဖြစ်ကြောင်း အီရန်နောက်ဆုံးရှားဘုရင်၏ သားအကြီးဆုံး ပြော

Dawei Watch

March 1, 2026

အီရန်ထိပ်သီးခေါင်းဆောင် အယာတိုလာခါမေနီသည် သွေးဆာနေသည့် အာဏာရှင်တစ်ဦးဖြစ်ပြီး ၎င်း သေဆုံးမှုမှာ သက်သာရာရစေသည့် ဆေးတစ်ခွက်ပင်ဖြစ်ကြောင်း အီရန်နောက်ဆုံးရှားဘုရင်၏ သားအကြီးဆုံးဖြစ်သူ ရက်ဇာ ပါလာဗီက ပြောကြားလိုက်သည်။ “သူ (ခါမေနီ) သေသွားပြီမို့လို့ အစ္စလာမ္မစ်သမ္မတနိုင်ငံ (အီရန်) ဟာလည်း အဆုံးသတ်သွားပါပြီ။ မကြာခင် သမိုင်းအမှိုက်ပုံထဲကို ရောက်ပါတော့မယ်” ဟု ၎င်းက X လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ရေးသားခဲ့သည်။ လက်ရှိတွင် အမေရိကန်နိုင်ငံတွင် နေထိုင်လျက်ရှိသည့် ပါလာဗီသည် ၎င်းကိုယ်၎င်း အီရန်နိုင်ငံ၏ ပကတိခေါင်းဆောင်အဖြစ် ပုံဖော်လေ့ရှိသည်။ အယာတိုလာခါမေနီ၏ အရိုက်အရာကို ဆက်ခံမည့်သူကို ခန့်အပ်ရန် ကြိုးပမ်းမှုဟူသမျှသည် ကျရှုံးမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။ “ဒါဟာ ကျွန်တော်တို့ရဲ့ ကြီးကျယ်ခမ်းနားတဲ့ အမျိုးသားအောင်ပွဲခံမှုရဲ့ အစဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီ […]

ချင်းမိုင်တွင် ‌အွန်လိုင်းငွေလိမ်မှုနှင့်ဆက်စပ်သည့်ငွေကို ဘဏ်ကထုတ်ယူရန်ကြိုးပမ်းမှုဖြင့် မြန်မာနှစ်ဦးဖမ်းဆီးခံရ

Dawei Watch

February 28, 2026

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် အွန်လိုင်းငွေလိမ်မှုနှင့်ဆက်စပ်သည့် ငွေများကို ဘဏ်တွင် လာရောက်ထုတ်ယူရန် ကြိုးပမ်းသည်ဆိုပြီး ဖမ်းဆီးခံရသူလေးဦးတွင် မြန်မာနှစ်ဦး ပါဝင်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဖေဖော်ဝါရီလ ၂၇ ရက် ညနေ ၄ နာရီခန့်က ချင်းမိုင်မြို့ရှိ ကရူထိုင်းဘဏ်တွင် ထိုင်းအမျိုးသမီးတစ်ဦးက ဘတ်ငွေ သုံးသိန်း လာရောက်ထုတ်ယူစဉ် ဘဏ်ဝန်ထမ်းက မသင်္ကာသဖြင့် ရဲတပ်ဖွဲ့ထံ သတင်းပေးတိုင်ကြားခဲ့ကြောင်း ဆိုသည်။ ဘဏ်ဝန်ထမ်းက ငွေကြေးဝင်လာသော အရင်းအမြစ်ကို မေးမြန်းရာ ငွေထုတ်ယူသူက မဖြေကြားနိုင်ခြင်း၊ ဘဏ် အကောင့်သည် ယခင်က ငွေကြေးလိမ်လည်မှုနှင့် ပတ်သက်၍ တိုင်ကြားခံရသော ဘဏ်အကောင့် ဖြစ်နေခြင်းတို့ကြောင့် တိုင်တန်းခြင်း ဖြစ်ကြောင်း ဖော်ပြသည်။ ရဲတပ်ဖွဲ့ဝင်များ စစ်ဆေးစဉ် ထိုင်းအမျိုးသမီးက ဘတ်ငွေ သုံးသိန်းသည် သူမ၏ ကိုယ်ပိုင်ငွေများ မဟုတ်ဘဲ အခြားသူများ၏ […]

အမေရိကန်က အီရန်ကို အကြီးစားတိုက်ခိုက်မှုလုပ်ဆောင်ခဲ့ကြောင်း ထရမ့်ပြော

Dawei Watch

February 28, 2026

အမေရိကန်ပြည်ထောင်စုအနေဖြင့် အီရန်အပေါ် အကြီးစားတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက်တွင် ထုတ်ဖော်ပြောဆိုလိုက်သည်။ အီရန်စစ်တပ်နှင့် အီရန်အဏုမြူစီမံကိန်းကို ချေမှုန်း၍ အီရန်အစိုးရအပြောင်းအလဲဖြစ်ပေါ်လာရေးကို ဆောင်ရွက်မည်ဟု ထရမ့်က ကတိပြုပြောကြားစဉ် ယင်းသို့ ထုတ်ဖော်ပြောဆိုလိုက်ခြင်း ဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုများကြောင့် အီရန်မြို့တော် တီဟီရန်တွင် ကြီးမားသော ပေါက်ကွဲသံများ ထွက်ပေါ်ခဲ့ပြီး အီရန်သမ္မတအိမ်တော်နှင့် အမျိုးသားလုံခြုံရေးကောင်စီ ရုံးစိုက်ရာအရပ်မှ မီးခိုးလုံးများ ထွက်ပေါ်နေသည်ကို မြင်တွေ့ခဲ့ရသည်။ အီရန်၏ မစ်ဆိုင်းဒုံးထုတ်လုပ်ရေးကဏ္ဍကို ပြားပြားဝပ် ချေမှုန်းဖျက်ဆီး၍ အီရန်ရေတပ်ကို အပြီးအပိုင် ချေမှုန်းမည်ဖြစ်ကြောင်း သမ္မတထရမ့်က ၎င်း၏ ဗီဒီယိုမိန့်ခွန်းထဲတွင် ပြောကြားထားသည်။ စစ်ပွဲကို ရှောင်လွှဲနိုင်မည့် သဘောတူညီချက်တစ်ခုကို အမေရိကန်နှင့် ရယူရန် အီရန်ဘက်က ငြင်းဆန်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ တိုက်ခိုက်ရခြင်းဖြစ်ကြောင်း ၎င်းက […]

အစ္စရေးက အီရန်ကို စတိုက်

Dawei Watch

February 28, 2026

အစ္စရေးက အီရန်ကို ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက်တွင် မစ်ဆိုင်းဒုံးဖြင့် လက်ဦးမှုယူ တိုက်ခိုက်သည်။ အဆိုပါတိုက်ခိုက်မှုတွင် အမေရိကန်ကလည်း ပါဝင်ပတ်သက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက Al Jazeera သတင်းဌာနကို အတည်ပြုပြောကြားသည်။ အီရန် မြို့တော်ဖြစ်သော တီဟီရန်မြို့တွင် ပေါက်ကွဲသံများ အကြိမ်ကြိမ် ကြားခဲ့ရကြောင်း အဆိုပါသတင်းတွင် ဖော်ပြသည်။ အစ္စရေး၏ တိုက်ခိုက်မှုကြောင့် အီရန်တစ်နိုင်ငံလုံး၏ လေပိုင်နက်ကို နောက်ထပ်ထုတ်ပြန်ချက် ထွက်ပေါ်မလာခင်အထိ ပိတ်ထားကြောင်း အီရန်အရပ်ဘက်လေကြောင်းဦးစီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် အီရန်မြို့တော် တီဟီရန်ရှိ ဒေသအချို့တွင် မိုဘိုင်းဖုန်းဆက်သွယ်ရေးစနစ်များ ပြတ်တောက်လျက်ရှိသည်။ အီရန်ဘက်မှ လက်တုံ့ပြန်မှုကို ကာကွယ်ရန် နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာထားပြီး အစ္စရေးနိုင်ငံတဝှမ်းတွင် လေကြောင်းရန်ကာကွယ်ရေးသတိပေးစနစ် ဖွင့်ထားကြောင်း အစ္စရေးစစ်တပ်က ထုတ်ပြန်ထားသည်။ အီရန်ကို အမေရိကန်က တိုက်ခိုက်ရန်နှင့် […]