ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကံပေါက်ဒေသတွင် ဓာတ်ဆီတစ်လီတာ ကျပ်တစ်သောင်းအထိ ပေးဝယ်ရ

Dawei Watch

March 20, 2026

ရေဖြူမြို့နယ်၊ ကံပေါက်ဒေသတွင် ယနေ့ မတ်လ ၂၀ ရက်၌ ဓာတ်ဆီတစ်လီတာကို ကျပ်တစ်သောင်းအထိ ပေး၍ဝယ်ယူနေရကြောင်း ဒေသခံများထံမှ သိရသည်။ ဆိုင်ပေါ်မူတည်ပြီး ဈေးနှုန်းအမျိုးမျိုး သတ်မှတ်ရောင်းချနေခြင်းဖြစ်ကာ ဓာတ်ဆီနည်းနေ၍ ဆိုင်တစ်ဆိုင်လျှင် တစ်နေ့ နှစ်နာရီခန့်သာ ရောင်းချကြောင်းသိရသည်။ “ဆီက သွားတန်းစီရတယ်။ ဆိုင်တစ်ဆိုင်မှာ သူတို့ရှိသလောက် ရောင်းပေးနေတယ်။ ရောင်းပေးတာက တစ်ဆိုင်ကို နှစ်နာရီလောက်ပဲ၊ ရောင်းပေးပြီးရင် ကုန်သွားတယ်။ မနေ့က (မတ် ၁၉) လုံးဝပြတ်သွားပြီး ဒီနေ့ ပြန်ရတော့ သောင်းဂဏန်းဈေး ရှိနေတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ကံပေါက်ဒေသအနီးရှိ ကလိန်အောင်မြို့တွင်လည်း ယင်းဈေးနှုန်းအတိုင်းပင် ဖြစ်ကြောင်း မြို့ခံများထံမှ သိရသည်။ စက်သုံးဆီဆိုင်အချို့မှာလည်း ဖြန့်ဖြူးရောင်းချရန် ဆီဝယ်ယူ၍ မရသဖြင့် ပိတ်ထားကြသည်မှာ ရက်သတ္တပတ် နှစ်ပတ်ကျော်လာပြီဖြစ်ပြီး ဓာတ်ဆီတစ်ပီပါလျှင် ကျပ်သိန်းနှစ်ဆယ်ကျော် […]

အမေရိကန်ကျူးကျော်မှုကို စိုးရိမ်၍ ဒိန်းမတ်နှင့် မဟာမိတ်များ ဂရင်းလန်းသို့ တပ်ဖွဲ့စေလွှတ်

Dawei Watch

March 20, 2026

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂရင်းလန်းကျွန်းကို သိမ်းယူရန် ကြိုးပမ်းမှုကြောင့် တင်းမာမှုများ မြင့်တက်နေချိန်တွင် အမေရိကန်၏ ကျူးကျော်သိမ်းပိုက်မှုကို စိုးရိမ်သဖြင့် ဒိန်းမတ်နှင့် ၎င်း၏ မဟာမိတ်နိုင်ငံများသည် ယခုနှစ် ဇန်နဝါရီလ အတွင်းက ဂရင်းလန်းသို့ တပ်ဖွဲ့များစေလွှတ်ချထားခဲ့ကြောင်း ဒိန်းမတ်အခြေစိုက် DR သတင်းဌာနက မတ်လ ၁၉ ရက်တွင် ဖော်ပြသည်။ ဒိန်းမတ်ပိုင် ဂရင်းလန်းကျွန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေသို့ ယင်းသို့ တပ်ဖွဲ့များ စေလွှတ်ချထားရန် ဇန်နဝါရီလ ၁၃ ရက် ရက်စွဲပါ စစ်ဆင်ရေးအမိန့်စာ တစ်စောင်ကို မြင်တွေ့ခဲ့ရကြောင်း DR သတင်းဌာနက ဖော်ပြသည်။ အဆိုပါ စစ်ဆင်ရေးအမိန့်စာတွင် ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်မာဒူရိုကို အမေရိကန်အထူးတပ်ဖွဲ့များက ဝင်ရောက် စီးနင်းဖမ်းဆီးခဲ့ပြီးနောက် ဂရင်းလန်းကျွန်းကို ကာကွယ်ရေးအတွက် စီစဉ်ဆောင်ရွက်ခဲ့သည့် ယင်းစစ်ဆင်ရေးအကြောင်း ဖော်ပြထားသည်။ “ထရမ့်က ဂရင်းလန်းကို ဝယ်ချင်တယ်လို့ […]

ထားဝယ်တွင် စက်သုံးဆီတစ်လီတာ တစ်ထောင်ကျော်စျေးတက်၊ ကယ်ရီခများလည်း စျေးလိုက်တက်

Dawei Watch

March 20, 2026

ထားဝယ်မြို့တွင် ယနေ့ စက်သုံးဆီ တစ်လီတာ ကျပ်တစ်ထောင်ကျော် စျေးမြင့်တက်လာပြီး မြို့တွင်း မြို့ပြင် သယ်ယူပို့ ဆောင်ခများလည်း စျေးတက်ကြောင်း ခေါက်တိုအငှားယာဉ်လုပ်ငန်းလူသူများနှင့် နယ်ခရီးသည် ပို့ဆောင်ရေးလုပ်ငန်း လုပ်သူများက ပြောသည်။ ထားဝယ်မြို့တွင် မတ်လ ၁၉ရက်က စစ်ကော်မရှင်၏ စက်သုံးဆီရည်ညွှန်းစျေးမှာ 92 ဓာတ်ဆီတစ်လီတာ ၂၉၆၅ကျပ်၊ ဒီဇယ်ဆီ တစ်လီတာ ၃၆၉၅ ကျပ် ရှိသည်။ ယနေ့ မတ်လ ၂၀ရက်တွင် 92 ဓာတ်ဆီတစ်လီတာ ၃၇၄၅ ကျပ်နှင့် ဒီဇယ်ဆီတစ်လီတာ ၄၉၅၅ ကျပ်သို့ စျေးတက်သွား သည်။ ထို့ကြောင့် တစ်ရက်အတွင်း ဓာတ်ဆီတစ်လီတာလျှင် ၇၈၀ကျပ်နှင့် ဒီဇယ်တစ်လီတာလျှင် ၁၂၆၀ ကျပ် စျေးတက်သွားခြင်း ဖြစ်သည်။ စက်သုံးဆီစျေးတက်သဖြင့် မြို့တွင်း မြို့ပြင် ဆိုင်ကယ်ကယ်ရီခများမှာလည်း ယနေ့ […]

စက်သုံးဆီအခက်အခဲကြောင့် ခရီးသည်တင်သုံးဘီးငှားခ ဈေးတက်

Dawei Watch

March 20, 2026

စက်သုံးဆီဝယ်ယူရခက်ခဲပြီး ဈေးအဆမတန်မြင့်တက်နေသောကြောင့် ထားဝယ်ခရိုင်ရှိ ခရီးသည်တင်သုံးဘီးကား ငှားရမ်းခ ဈေးနှုန်းလည်းမြင့်တက်သွားကြောင်း ခရီးသည်အချို့က ပြောသည်။ အိန္ဒိယနိုင်ငံထုတ် သုံးဘီးကား ခရီးတစ်ခေါက်လျှင် ခရီးအကွာအဝေးအပေါ်မူတည်ပြီး ကျပ် ငါးထောင်မှ နှစ်သောင်းကြား အထိ စျေးမြင့်တက်သွားကြောင်း ၎င်းတို့က ဆိုသည်။ “ကျွန်မတို့ အရင်ငှားနေကျ အသွားအပြန်တစ်ခေါက်ကို သုံးသောင်း (ကျပ်) ပေးရတယ်။ အခု လေးသောင်းငါးထောင် (ကျပ်) ဖြစ်သွားပြီ” ဟု ထားဝယ်မြို့မှ မိုင် ၂၀ ခန့်အကွာတွင်ရှိသည့် ဒေသခံတစ်ဦးက ပြောဆိုသည်။ ထားဝယ်မြို့နှင့် မိုင် ၂၀ ခန့်အကွာ အသွားအပြန် ခရီးစဉ်တစ်ခေါက်လျှင်ပင် ယခင်ကထက် ကျပ် တစ်သောင်းငါးထောင် မြင့်တက်သွားခြင်း ဖြစ်သည်။ စက်သုံးဆီ ဝယ်ယူရခက်ခဲခြင်း၊ ဈေးကြီးခြင်းတို့ကြောင့် ယခုကဲ့သို့ ဈေးမြင့်တက်သွားရခြင်းဖြစ်ကြောင်း သုံးဘီးမောင်းသမားတစ်ဦးက ဆိုသည်။ “ကျွန်တော်တို့ […]

နွန်ထဘူရီတွင် စျေးရောင်းသည့် မြန်မာဇနီးမောင်နှံနှစ်ဦး ဖမ်းဆီးခံရ

Dawei Watch

March 20, 2026

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး နွန်ထဘူရီခရိုင်ရှိ မြန်မာဈေးဆိုင်ကို အာဏာပိုင်များက ဝင်ရောက်စစ်ဆေးဖမ်းဆီးခဲ့ပြီး ဈေးရောင်းနေသော မြန်မာဇနီးမောင်နှံနှစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ မတ်လ ၁၉ ရက် ညနေ ၅ နာရီခန့်က နွန်ထဘူရီခရိုင် ဘန်းယိုင်ဒေသရှိ တိုက်ခန်းတွဲတွင် မြန်မာနိုင်ငံသားများ ဈေးဆိုင် ဖွင့်လှစ်ရောင်းချနေကြောင်း သတင်းရရှိသဖြင့် ဘန်းယိုင်အုပ်ချုပ်ရေးအဖွဲ့က သွားရောက်စစ်ဆေးခဲ့ကြောင်း ဆိုသည်။ ဆိုင်ထဲတွင် အသက် ၄၀ ကျော်အရွယ် မြန်မာနိုင်ငံသား ဇနီးမောင်နှံနှစ်ဦး ဆိုင်ဖွင့်ရောင်းချနေသည်ကို စစ်ဆေး တွေ့ရှိခဲ့ ကြောင်း သတင်းတွင် ဖော်ပြသည်။ ဆိုင်ထဲတွင် မြန်မာနိုင်ငံက တိုက်ရိုက်တင်သွင်းထားသော မြန်မာစားစရာ၊ ဆန်၊ ဘီယာအရက်နှင့် ကုန်ပစ္စည်းများကိုလည်း တွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။ မြန်မာဆိုင်ကို ထိုင်းနိုင်ငံသားတစ်ဦးက ဖွင့်လှစ်ထားခြင်းဖြစ်ပြီး မြန်မာဇနီးမောင်နှံနှစ်ဦးက တစ်ရက် ၃၅၀ ဘတ်ဖြင့် […]

စစ်ကော်မရှင်တိုင်းဝန်ကြီးချုပ် ဦးမြတ်ကို တနင်္သာရီတိုင်းလွှတ်တော်ဥက္ကဋ္ဌ တာဝန်ယူ

Dawei Watch

March 20, 2026

စစ်အုပ်စု စိတ်ကြိုက်ပုံဖော်ပြီး လွှမ်းမိုးကြီးစိုးထားသည့် တနင်္သာရီတိုင်းလွှတ်တော်တွင် ဥက္ကဋ္ဌအဖြစ် ဦးမြတ်ကိုအား ရွေးချယ်လိုက်သည်။ ယနေ့ (မတ်လ ၂၀ရက်) ကျင်းပသည့် တနင်္သာရီတိုင်းလွှတ်တော်အစည်းအဝေးတွင် စစ်ကော်မရှင်ဝန်ကြီးချုပ် ဦးမြတ်ကို ကိုပင် တိုင်းလွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ စစ်ကော်မရှင် သယံဇာတရေးရာတိုင်းဝန်ကြီး တာဝန်ယူထားသူ ဦးခင်မောင်မြင့်ကို တိုင်းလွှတ်တော်ဒုဥက္ကဋ္ဌအဖြစ် ရွေးချယ်ခဲ့သည်။ စစ်အရာရှိဟောင်းဖြစ်သည့် ဦးမြတ်ကိုသည် ဦးသိန်းစိန်အစိုးရလက်ထက်ကလည်း တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် အဖြစ် လုပ်ကိုင်ခဲ့ဖူးပြီး အာဏာသိမ်းကာလ စစ်ကော်မရှင်လက်ထက်တွင်လည်း တိုင်းဝန်ကြီးချုပ်အဖြစ် ထပ်မံခန့်အပ်ခံရသည်။ အာဏာသိမ်း စစ်ခေါင်းဆောင်က ဝဏ္ဏကျော်ထင်ဘွဲ့ပေးအပ်ထားသည့် ဦးခင်မောင်မြင့်သည် စစ်တပ်လက်အောက်ခံ ရဲအရာရှိဟောင်း ဖြစ်သည်။ ဦးခင်မောင်မြင့်သည် စစ်အာဏာသိမ်းပြီးနောက်ဖွဲ့စည်းသည့် တိုင်းစစ်ကောင်စီတွင် အဖွဲ့ဝင်ဖြစ်လာပြီး တိုင်းစစ်ကောင်စီ၏ သယံဇာတရေးရာဝန်ကြီး ဖြစ်လာသည်။ စစ်အုပ်စု၏ ရွေးကောက်ပွဲကိုမူ ရေဖြူမြို့နယ် မဲဆန္ဒနယ် (FPTP မဲအများဆုံးရသူယူစနစ်) […]

တရုတ်က ထိုင်ဝမ်ကို ၂၀၂၇ တွင် ကျုးကျော်မည် မဟုတ်ဟု ကန်ထောက်လှမ်းရေးအစီရင်ခံစာဖော်ပြ

Dawei Watch

March 20, 2026

တရုတ်က ထိုင်ဝမ်ကို ၂၀၂၇ခုနှစ်တွင် ကျူးကျော်တိုက်ခိုက်ရန် လတ်တလော အစီအစဉ် မရှိသေးကြောင်း မတ်လ ၁၈ ရက်က ထုတ်ပြန်သည့် အမေရိကန်အစိုးရ၏ နှစ်ပတ်လည် ခြိမ်းခြောက်မှုဆိုင်ရာ အကဲဖြတ်အစီရင်ခံစာတွင် ဖော်ပြသည်။ သို့ရာတွင် တရုတ်က ထိုင်ဝမ်ကို စစ်အင်အားမသုံးဘဲ ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေကြောင်း ယင်းအစီရင်ခံစာက ဆိုသည်။ အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်၍ တရုတ်အစိုးရက မတ်လ ၁၉ရက်တွင် ပြင်းပြင်းထန်ထန် တုံ့ပြန်ကန့်ကွက်ခဲ့သည်။ တရုတ်က ထိုင်ဝမ်ကို ၎င်းတို့၏ ပိုင်နက်နယ်မြေအဖြစ် အခိုင်အမာပြောဆိုထားပြီး ထိုင်ဝမ်ကျွန်းကို စစ်အင်အားသုံး သိမ်းပိုက်ခြင်း မပြုပါဟု ကတိပြုထားခြင်း မရှိပေ။ မကြာသေးမီနှစ်များအတွင်း တရုတ်က ထိုင်ဝမ်အပေါ် စစ်ရေးအရ ဖိအားပေးမှုများနှင့် ထိုင်ဝမ်ကျွန်းအနီး စစ်ရေးလေ့ကျင့်မှုများကိုလည်း တိုးမြှင့်လုပ်ဆောင်လာခဲ့သည်။ တရုတ်ခေါင်းဆောင်များအနေဖြင့် ၂၀၂၇ ခုနှစ်တွင် ထိုင်ဝမ်ကို ကျူးကျော်တိုက်ခိုက်ရန် […]

စစ်အာဏာရှင်တပ် ပိတ်မိသည့် ဂုံညှင်းဆိပ်ရွာနှင့် အနီးဝန်းကျင်ကို လေယာဉ်ဖြင့်ဗုံးကြဲမှု ၁၀ ရက်အထိရှိလာ

Dawei Watch

March 20, 2026

သရက်ချောင်းမြို့နယ်၊ ဂုံညှင်းဆိပ်ရွာနှင့် အနီးဝန်းကျင်ရွာများကို စစ်အာဏာရှင်တပ် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက် နေသည်မှာ ၁၀ ရက်ခန့်ရှိလာပြီဖြစ်ကြောင်း ဒေသခံများ၊ တော်လှန်ရေးအင်အားစုများထံမှ သိရသည်။ သရက်ချောင်းမြို့နယ် အောက်ပိုင်း မြိတ်-ထားဝယ်အမှတ် (၈) ပြည်ထောင်စုကားလမ်းပေါ်က စစ်အာဏာရှင်တပ်၏ ဝင်းဝစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF ပူးပေါင်းတပ်များက မတ်လ ၁၁ ရက်တွင် သိမ်းယူနိုင်ခဲ့သည်။ ဝင်းဝစခန်းမှ ထွက်ပြေးလာသည့် စစ်အာဏာရှင်တပ်နှင့် စစ်ကူလာသည့် စစ်ကြောင်းတို့သည် ဂုံညှင်းဆိပ်ရွာနှင့် အနီးဝန်းကျင်တွင် ပိတ်မိနေပြီး ပူးပေါင်းတပ်များနှင့် နေ့စဉ်နီးပါး ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပေါ်နေသည်။ စစ်အာဏာရှင်တပ်က ဂုံညှင်းဆိပ်ရွာ၊ ဆီတောနှင့် ဆီဒတ်ကျေးရွာများကို မတ်လ ၁၁ ရက်မှ ယနေ့ ၂၀ ရက်နေ့အထိ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း ဆိုသည်။ မတ်လ ၁၉ရက် ညနေ […]