ကျိုက်ထိုတွင် စစ်ကောင်စီစစ်ကြောင်းနှင့် တော်လှန်ရေးတပ်တို့ကြားထိတွေ့ပစ်ခတ်မှု ရက်ဆက်ဖြစ်
Dawei Watch
November 5, 2024မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်း တပ်တို့ကြား ထိတွေ့ပစ်ခတ်တိုက်ခိုက်မှုများ ရက်ဆက်ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။ အင်အား ၂၀၀ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့သည် အောက်တိုဘာလ ၃၀ရက်နေ့ကစပြီး ပျဥ်းကတိုးကုန်း၊ မဲရုံကြီး၊ မဲရုံလေး၊ ဝင်းကလော၊ ကျောက်ဖျာကျေးရွာတို့ဘက်ကို အင်အားဖြန့်ပြီး ဝင်ရောက်လာကြောင်း ဒေသခံများက ပြောသည်။ အဆိုပါစစ်ကြောင်းနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ တို့ကြား အောက်တိုဘာလ ၃၁ ရက်နေ့ကစပြီး နေ့တိုင်းနီးပါး ထိတွေ့ပစ်ခတ်မှုများဖြစ်ပွားနေကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “စစ်ကြောင်းတွေ ဝင်လာတဲ့နေ့ကတည်းက တိုက်ပွဲဖြစ်နေတာ နေ့တိုင်းပဲ။ သူတို့ (စစ်ကောင်စီတပ်) ပြန်မထွက်ရင် တိုက်ပွဲဆက်ရှိနေမယ်။ နောက် လက်နက်ကြီးတွေနဲ့ ပစ်နေတာ ဆက်တိုက်ပဲ” ဟု ၎င်းက ပြောဆိုသည်။ စစ်ကောင်စီ စစ်ကြောင်းဝင်လာစဉ် ဖမ်းဆီးခံရသည့် ဒေသခံအချို့ရှိသလို […]


