ထရမ့် သမ္မတဖြစ်ပြီဟု အမေရိကန်သတင်းဌာန Fox News ကြေညာ
Dawei Watch
November 6, 2024ရီပတ်ဘလင်ကန်ပါတီ သမ္မတလောင်း ဒေါ်နယ်ထရမ့်သည် ဒီမိုကရက်တစ် သမ္မတလောင်း ကမ်မလာဟဲရစ်ကို အံ့အားသင့်စရာ အနိုင်ယူ၍ အမေရိကန်ပြည်ထောင်စု၏ ၄၇ ယောက်မြောက် သမ္မတဖြစ်လာခဲ့ပြီဟု Fox News သတင်းဌာနက ကြေညာလိုက်သည်။ ယခုရွေးကောက်ပွဲအနိုင်ရလဒ်ကြောင့် သမ္မတဟောင်းဒေါ်နယ်ထရမ့်သည် လာမည့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆို၍ အိမ်ဖြူတော်တွင် လေးနှစ်သက်တမ်းကို ဒုတိယအကြိမ် ထပ်မံထမ်းဆောင်ရတော့မည် ဖြစ်သည်။ အမေရိကန်သမိုင်းတွင် သမ္မတသက်တမ်းနှစ်ကြိမ်ကို ဆက်တိုက်မဟုတ်ဘဲ အနိုင်ရခဲ့သူ နှစ်ဦးသာ ရှိခဲ့ပြီး ဒေါ်နယ်ထရမ့်က တစ်ဦးဖြစ်သည်။ ယင်းကြောင့် ဒေါ်နယ်ထရမ့်မှာ သမ္မတဂရိုဗာကလီးဗ်လန်းလက်ထက် ၁၈၉၂ ခုနှစ်နောက်ပိုင်း ဆက်တိုက်မဟုတ်သည့် သမ္မတသက်တမ်းနှစ်ကြိမ်ကို တာဝန်ထမ်းဆောင်ခွင့်ရသည့် ပထမဆုံးအမေရိကန်သမ္မတ ဖြစ်လာသည်။ ထရမ့်သည် အမေရိကန်သမ္မတအဖြစ် ၃ ကြိမ်ယှဉ်ပြိုင်ရာတွင် ၂ ကြိမ်အနိုင်ရခဲ့သူဖြစ်ပြီး […]


