သရက်ချောင်းက ကျေးရွာအချို့တွင် ဖုန်းလိုင်းပြတ်နေသဖြင့် ဒေသခံများအခက်ကြုံ
Dawei Watch
November 4, 2024သရက်ချောင်းမြို့နယ်အတွင်းရှိ ကျေးရွာအချို့ တွင် ဖုန်းဆက်သွယ်ရေးလိုင်းပြတ်တောက်နေသဖြင့် အခက်အခဲကြုံတွေ့နေရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ တီတွတ်ပြင်ရွာ၊ အိမ်ရှေ့ပြင်ရွာနှင့် ဆင်ကူးရွာတို့တွင် ဖုန်းလိုင်းပြတ်တောက်နေသည်မှာ ရက်ပေါင်း ငါးဆယ်နီးပါးရှိပြီ ဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ ယင်းကျေးရွာများအနက် အိမ်ရှေ့ပြင်ရွာတွင် ဖုန်းတာဝါတိုင်ရှိသည့် စစ်ကောင်စီ၏ မိုင်တဲအော်ပရေတာတစ်ခုသာ သုံးစွဲရ အဆင်ပြေပြီး ကျန်ဆက်သွယ်ရေးအော်ပရေတာတို့မှာ လိုင်းမိမှုအားနည်းပြီး အသုံးပြုရ အဆင်မပြေကြောင်း ဒေသခံများက ဆိုသည်။ စက်တင်ဘာလ ၁၄ရက်နေ့၌ မိုင်တဲဖုန်းလိုင်း ဆက်သွယ်ရေးပြတ်တောက်သွားပြီး ယင်းသို့ ပြတ်တောက်နေချိန် စက်တင် ဘာလ ၁၆ ရက်တွင် အိမ်ရှေ့ပြင်ရွာရှိ မိုင်တဲတာဝါတိုင်ကို တော်လှန်ရေးတပ်ဖွဲ့များက မီးရှို့ခဲ့ကြောင်း ဒေသခံ အမျိုးသမီး တစ်ဦးက ပြောဆိုသည်။ စက်တင်ဘာလ ၁၄ရက်တွင် မိုင်တဲ ဖုန်းလိုင်းပြတ်တောက်သွားသည့် အကြောင်းအရင်းကို တိတိကျကျ မသိရသေးပေ။ ထို့နောက် […]


