တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ
Dawei Watch
November 30, 2024ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ နိုဝင်ဘာ ၂၃ ရက်နေ့မှ ၂၉ ရက်နေ့အထိ အစ္စရေးနှင့် ဟစ်ဘိုလာကြား အပစ်ရပ်ရေး သဘောတူချက်ကို ချိုးဖောက် အစ္စရေးနိုင်ငံနဲ့ လက်ဘနွန်နိုင်ငံက ဟစ်ဘိုလာတပ်ဖွဲ့ကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ရရှိပြီး နောက်တစ်ရက်မှာပဲ ပစ်ခတ်မှုတွေ ထပ်ရှိလာပါတယ်။ လက်ဘနွန်တောင်ပိုင်းက တာလတ်ပစ် ဒုံးကျည်တွေသိုလှောင်ထားတဲ့ စခန်း တစ်ခုကို အစ္စရေးက လေကြောင်းက ပစ်ခတ်ခဲ့တယ်လို့ အစ္စရေးဘက်က နိုဝင်ဘာ ၂၈ ရက်နေ့က ပြောကြားခဲ့တာပါ။ တောင်ပိုင်းဇုန်ထဲကို လူတွေအများကြီး ကားတွေနဲ့ ရောက်လာကြတာက သဘောတူညီချက်ကို ချိုးဖောက်မှုလို့လည်း အစ္စရေးဘက် တုံ့ပြန်ထားပါတယ်။ ဟစ်ဘိုလာဘက်ကတော့ အစ္စရေးဘက်က အပစ်အခတ် ရပ်စဲရေးကို ချိုးဖောက်တယ်လို့ အပြန်အလှန်စွပ်စွဲထားတာပါ။ တောင်ပိုင်းကို […]


