ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တရုတ်ပြည်မကြီးတွင် လူရွယ်အမျိုးသားများကို အခကြေးငွေးပေး ပွေ့ဖက်မှု အမျိုးသမီးငယ်များကြား ရေပန်းစား

Dawei Watch

June 5, 2025

တရုတ်ပြည်မကြီးတွင် အမျိုးသမီးငယ်များအကြား စိတ်ဖိစီးမှုသက်သာစေရန် ၅၀ ယွမ် (၇ ဒေါ်လာ) ပေးကာ “man mums” ဟုခေါ်သည့် လူရွယ်အမျိုးသားများနှင့် ပွေ့ဖက်မှု မြင့်တက်နေကြောင်း South China Morning Post က သတင်း ဖော်ပြသည်။ တရုတ်ပြည်မကြီး လူမှုကွန်ရက်မီဒီယာပေါ်တွင် “Man mums” ဟုခေါ်သည့် စွဲမက်ဖွယ် လူရွယ်အမျိုးသားများကို ရှာဖွေငှားရမ်းမှုများ ရေပန်းစားလာသည်။ “Man mum” ဆိုသည့် စကားလုံးသည် ကနဦးတွင် ဂျင်ဆော့သည့် အမျိုးသားများကိုသာ ခေါ်ဝေါ်ခြင်း ဖြစ်သည်။ သို့သော် လက်ရှိအချိန်တွင် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သန်မာမှုရှိကာ စိတ်ထားနူးညံ့သိမ်မွေ့ပြီး စိတ်ရှည်သည်းခံသည့် အမျိုးသားများကို ရည်ညွှန်းခေါ်ဆိုမှု ဖြစ်လာသည်။ ဘွဲ့ယူစာတမ်းကြောင့် စိတ်ဖိစီးနေသည့် ကျောင်းသူတစ်ယောက်က လူရွယ်အမျိုးသားများကိုနှင့် ပွေ့ဖက်ချိန်ရရန် မကြာသေးမီက လူမှုကွန်ရက်မီဒီယာပေါ်တွင် […]

မွန်တွင် ဘုန်းကြီး၊ သီလရှင်များ လိုင်စင်မဲ့ယာဉ် မစီးရန်နှင့် လက်ခံမထားရန် စစ်ကောင်စီ အမိန့်ထုတ်

Dawei Watch

June 5, 2025

မွန်ပြည်နယ်အတွင်းရှိ ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းများတွင် လိုင်စင်မဲ့ယာဉ်များ လက်ခံမထားရန်၊ ရဟန်းများ၊ သီလရှင်များ လိုင်စင်မဲ့ မော်တော်ယာဉ်၊ ဆိုင်ကယ်များကို မစီးနင်းကြရန် ပြည်နယ်စစ်ကောင်စီက အမိန့်ထုတ်ထားသည်။ ပြည်နယ်စစ်ကောင်စီက ပြည်နယ်သံဃနာယကအဖွဲ့ထံသို့ ဇွန်လ ၂ ရက်က စာထုတ်ညွှန်ကြားထားခြင်းဖြစ်ပြီး ပြည်နယ် သံဃနာယကအဖွဲ့ကတစ်ဆင့် သက်ဆိုင်ရာ ရပ်/ကျေးသံဃနာယကအဖွဲ့များကို ဇွန်လ ၄ ရက် ရက်စွဲဖြင့် ထပ်ဆင့်စာထုတ် ညွှန်ကြားထားသည်။ ညွှန်ကြားစာတွင် ဘုန်းကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများတွင် လိုင်စင်မဲ့ မော်တော်ယာဉ်များ၊ ဆိုင်ကယ်များ စီးနင်းခြင်း၊ လက်ဝယ်ထားရှိခြင်း မပြုလုပ်ရန် ပါရှိသည်။ “ဘုန်းကြီးကျောင်းအများစုကလည်း လိုင်စင်မဲ့နဲ့ဘဲ သွားလာနေကြတာ။ ကျောင်းတွေမှာ ဝင်ဖမ်းတာ ဘာညာတော့ မကြားမိသေးဘူး။ ဒါပေမဲ့ လမ်းမှာ သွားလာ‌နေတဲ့ ဘုန်းကြီးကားတွေလည်း အလွတ်မပေးဘူး၊ ဖမ်းနေတယ်။ ကြည့်ရတာ အခုက […]

ကျောင်းနားထားသည့် ကျောင်းသားများကို ကျောင်းပြင်ပပညာရေးစနစ်ဖြင့် သင်ကြားမည်ဟုဆို

Dawei Watch

June 5, 2025

အာဏာသိမ်းကာလအတွင်း သုံးနှစ်ဆက်တိုက် ကျောင်းနားထားသည့် ကျောင်းသူ၊ ကျောင်းသားများကို ကျောင်းပြင်ပ ပညာရေးစနစ်ဖြင့် သင်ကြားမည်ဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးနှင့် ထားဝယ်မြို့နယ်ပညာရေးမှူးရုံးတို့ထံမှ သိရသည်။ အသက် ၁၀နှစ်မှ ၁၄နှစ်အထိ ကျောင်းသား၊ ကျောင်းသူများကို မူလတန်းအဆင့်သတ်မှတ်ထားပြီး ၁၈ နှစ်အရွယ်အထိကိုမူ အလယ်တန်းအဆင့် သတ်မှတ်သင်ကြားမည်ဖြစ်ကြောင်း ထားဝယ်မြို့နယ်ပညာရေးမှူးရုံးက တာဝန်ရှိသူတစ်ဦးက ပြောသည်။ မူလတန်းတွင် Grade-1 မှ Grade-3 အထိကို Level 1 ဟုသတ်မှတ်ထားပြီး Grade-4 နှင့် Grade-5 တို့ကို Level 2 ဟု သတ်မှတ်ထားကြောင်း ထားဝယ်မြို့နယ်ပညာရေးမှူးရုံး (ပညာဌာန) က တာဝန်ရှိသူ အခြားတစ်ဦးက ပြောဆိုသည်။ သို့သော် အတန်းပြီးမြောက်မှု သတ်မှတ်ချက် အသေးစိတ်တို့ကိုမူ တိတိကျကျမသိရသေးကြောင်း ၎င်းက ဆိုသည်။ လက်ရှိတွင် ကျောင်းပြင်ပပညာရေးဖြင့် […]

သရက်ချောင်း မင်းဒပ်ရွာတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ် ထိတွေ့ပစ်ခတ်မှုဖြစ်

Dawei Watch

June 5, 2025

သရက်ချောင်းမြို့နယ် ထားဝယ်-မြိတ်သွားကားလမ်းရှိ မင်းဒပ်ရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ ယနေ့ ဇွန်လ ၅ ရက် နံနက် ၈ နာရီခွဲကျော်တွင် နှစ်ဖက်ထိတွေ့ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံအချို့က ပြောသည်။ မင်းဒပ်ရွာ သစ်တိုကုန်းရပ်ကွက်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် ရွာအနောက်ဘက်ပိုင်းသို့ ထွက်လာစဉ် ပြည်သူ့ကာကွယ်ရေးတပ်နှင့် နှစ်ဖက်ထိတွေ့ပစ်ခတ်မှု မိနစ် ၃၀ ခန့်ကြာ ဖြစ်ပွားကြောင်း ၎င်းတို့က ဆိုသည်။ “ရငဲ၊ ကျွဲမင်းကုန်းရွာဘက်ကို (စစ်ကောင်စီတပ်) စစ်ကြောင်းထပ်ထိုးဖို့ လမ်းပေါက်ရှာတာထင်တယ်။ မနေ့ကတည်းက သူတို့လမ်းပေါက်ရှာနေတာ သတိထားမိတယ်” ဟု မင်းဒပ်ရွာဒေသခံ အမျိုးသားတစ်ဦးက ပြောဆိုသည်။ မင်းဒပ်ရွာသို့ စစ်ကောင်စီတပ် မေလ ၂၈ရက်တွင် စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် ဒေသခံ ၂၀ ကျော်ကို ဖမ်းဆီးကာ သစ်တိုကုန်းရပ်ကွက်တွင် တပ်စွဲထားခြင်းဖြစ်သည်။ စစ်ကောင်စီတပ်သည် ယနေ့တွင် ရွာအနောက်ဘက်ပိုင်း၌ […]

စစ်ရေးတင်းမာနေသည့် လောင်းလုံးတွင် ရက်ရှည်လျှပ်စစ်မီးပြတ်တောက်

Dawei Watch

June 5, 2025

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ရေးတင်းမာနေသည့် လောင်းလုံးမြို့နယ်တွင် မေလ ၃၀ ရက်နေ့မှစ၍ ယနေ့အထိ လျှပ်စစ်ဓာတ်အား ပြတ်တောက်နေပြီး ပုံမှန်ပြန်ပေးနိုင်မည့်အချိန်ကို ထုတ်ပြန်ခြင်းမရှိသေးပေ။ မေလ ၃၀ ရက်နေ့ မှစ၍ လောင်းလုံးမြို့ နှင့် လောင်းလုံးမြို့အနီးအနားရှိ စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေး တပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် လျှပ်စစ်ဝန်ထမ်းများ ရုံးကိုစွန့်ခွာထွက်ပြေးသွားခြင်းကြောင့် လောင်းလုံးမြို့ နယ်၌ရှိသော ကျေးရွာပေါင်း ၃၀ ထက်မနည်း လျှပ်စစ်ဓာတ်အား ပြတ်တောက်နေခြင်းဖြစ်ကြောင်း လောင်းလုံးဒေသခံအချို့က ပြောသည်။ “တိုက်ပွဲ ဖြစ်ကတည်းကပဲ မီးရုံးတာဝန်ခံတွေ မရှိကြတော့ဘူး “ဟု ထားဝယ်ခရှိင် လျှပ်စစ်ဖြန့်ဖြူးရေး လုပ်ငန်းနှင့်နီးစပ်သူတစ်ဦးက ပြောသည်။ မေလ ၃၀ ရက်နှင့် ၃၁ နေ့တို့တွင် ဖြစ်ပွားသည့် လောင်းလုံးတိုက်ပွဲ၌‌ လောင်းလုံးမြို့နယ် လဝကရုံးအနီး၌ ရှိသည့် စစ်ကောင်စီတပ်စခန်းလည်း တိုက်ခိုက်ခံရကြောင်း၊ ယင်းစစ်ကောင်စီစခန်းနှင့် […]

ချွန်ဘူရီတွင် မြန်မာအချင်းချင်း ဓါးထိုးမှုဖြစ်

Dawei Watch

June 5, 2025

ထိုင်းနိုင်ငံအရှေ့ပိုင်း ချွန်ဘူရီခရိုင်တွင် မြန်မာနိုင်ငံသားအချင်းချင်း ဓါးထိုးမှုဖြစ်ပြီး ဓါးထိုးခံရသူက ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဇွန်လ ၃ ရက်နေ့ ည ၉ နာရီခန့်က ဖန်ထောဒေသရှိ ကွေ့တီယိုဆိုင်ထဲတွင် မြန်မာအချင်းချင်း ဓါးထိုးမှုဖြစ်ခဲ့ခြင်းဖြစ်သည်။ ဓါးထိုးခံရသူသည် အသက် ၃၃ နှစ်အရွယ် ကျော်ကျော်မင်းအမည်ရှိ မြန်မာနိုင်ငံသားဖြစ်ပြီး ဝမ်းဗိုက်တွင် ဓါးထိုးသွင်း ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ ကယ်ဆယ်ရေးအဖွဲ့များ ရောက်လာသောအခါ မြန်မာနိုင်ငံသား၏ ဝမ်းဗိုက်ထဲမှ အူများ ထွက်နေသည်ကို တွေ့ရှိခဲ့ရပြီး သတိရှိနေသေးသဖြင့် အရေးပေါ်ကုသမှုပေးကာ နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။ အခင်းဖြစ်သောနေ့တွင် မြန်မာနိုင်ငံသား ၃ ဦး ကွေ့တီယိုဆိုင်ထဲ ရောက်ရှိလာပြီး အချင်းချင်း စကားပြောနေခဲ့ကြောင်း ရုတ်တရက် ရန်ဖြစ်ခဲ့ကြရာမှ ဓါးထုတ်၍ထိုးခဲ့ခြင်းဖြစ်ကြောင်း ဆိုင်ရှင်က ဖြေကြားထားသည်။ ဓါးထိုးသူအပါအဝင် မြန်မာနိုင်ငံသား […]

စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့်တော်လှန်ရေးတပ်တို့ သိန်ခွန်းရွာတွင် တိုက်ပွဲဖြစ်

Dawei Watch

June 5, 2025

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းပိုင်းရှိ တနင်္သာရီမြိူ့နယ် သိန်ခွန်းရွာတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများနှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့်ဒေသခံ အချို့ထံမှ သိရသည်။ ဇွန်လ ၄ ရက် နံနက် ၁၁ နာရီဝန်းကျင်တွင် သိန်ခွန်းရွာအရှေ့ဘက်ခြမ်းကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ တပ်သားများနှင့် တော်လှန်ရေးတပ်တို့ နှစ်နာရီခန့်အကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း အသက် ၅၂ နှစ်အရွယ် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “လွန်ခဲ့တဲ့နှစ်ရက်က (စကစ) အင်အား ၇၀ ထပ်ဖြည့်ပြီး စစ်ကြောင်းထိုးလာတယ်။ အရှေ့ကိုနည်းနည်း တက်လာပြီး ပစ်ခတ်မှုဖြစ်တယ်”ဟု အထက်ပါ တော်လှန်ရေးတပ်ဖွဲ့ဝင်က ပြောသည်။ သိန်ခွန်းရွာ၏ အရှေ့ဘက်ခြမ်း(မောတောင်ဘက်)ကို တော်လှန်ရေးတပ်များက ထိန်းချုပ်ထားပြီး သိန်ခွန်းရွာ အနောက်ဘက်ခြမ်း(ချောင်းနှစ်ပေါက်ရွာဘက်)ကို စစ်ကောင်စီတပ်က ထိန်းချုပ်ထားသည်။ တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဘက်က ထိခိုက်မှုမရှိသော်လည်း စစ်ကောင်စီဘက်က ထိခိုက်မှုကို […]

မြန်မာအပါအဝင် ၁၂ နိုင်ငံကို အမေရိကန် ဗီဇာပိတ်

Dawei Watch

June 5, 2025

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် မြန်မာအပါအဝင် နိုင်ငံပေါင်း တစ်ဒါဇင်မှ နိုင်ငံသားများကို အမေရိကန်ပြည်ထောင်စုသို့ ဝင်ရောက်ခွင့် ပိတ်ပင်သည့် အမိန့်ကို ဇွန်လ ၄ ရက်နေ့က လက်မှတ်ထိုးလိုက်သည်။ ယင်းမှာ ၎င်း၏ ပထမအကြိမ် သမ္မတသက်တမ်းအတွင်း ကျင့်သုံးခဲ့သည့် အမေရိကန်ပြည်ဝင်ခွင့် ပိတ်ပင်သည့် မူဝါဒကို ပြန်လည်အသက်သွင်းလိုက်ခြင်းပင် ဖြစ်သည်။ အမေရိကန်သို့ ရောက်ရှိပြီးနောက် ရက်ကျော်နေထိုင်သည့် မြန်မာနိုင်ငံသားများ များပြားနေမှုကြောင့် မြန်မာပြည်ကို အမေရိကန်ပြည်ဝင်ခွင့်ပိတ်သည့် နိုင်ငံစာရင်းထဲ ထည့်သွင်းလိုက်သည်ဟု အိမ်ဖြူတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယင်းဆုံးဖြတ်ချက်မှာ “အန္တရာယ်ရှိသော နိုင်ငံခြားသားများ၏ရန်မှ အမေရိကန်နိုင်ငံသားများကို ကာကွယ်ရန်” အတွက် ဖြစ်ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ထားသည်။ ဝင်ရောက်ခွင့်လုံးဝ ပိတ်ပင်ခံရသော နိုင်ငံများသည် “ဗီဇာဆိုင်ရာစိစစ်ခြင်းနှင့် ဆန်းစစ်ခြင်းဆိုင်ရာ အားနည်းချက်များ ရှိနေကြောင်း တွေ့ရှိရပြီး အမေရိကန်နိုင်ငံအတွက် လွန်စွာ အန္တရာယ်ရှိသည်ဟု […]