ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ်တွင် ရေမြောင်းထဲ အမျိုးသားအလောင်းတွေ့

Dawei Watch

June 7, 2025

ထားဝယ်မြို့ ပေါ်တွင် ဇွန်လ ၆ ရက် နံနက်ပိုင်းက ရေမြောင်းထဲ အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိကြောင်း အလောင်းကို ဆယ်ယူရာတွင် ကူညီဆောင်ရွက်ပေးခဲ့သည့် မြို့ခံများထံမှ သိရသည်။ ကြက်စားပြင်ရပ်ကွက်၊ စောမိညိုဘုန်းကြီးကျောင်းအနီးရှိ ရေမြောင်းအတွင်း တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။ “ရထားလမ်းနဲ့ ‌လယ်ကွင်းတွေကြားက မြောင်းထဲမှတွေ့တာပါ။ အလောင်းက ပုပ်ပွနေပြီ။ ပြင်ပ ဒဏ်ရာတော့ မတွေ့ရဘူး” ဟု ၎င်းက ဆိုသည်။ သေဆုံးသူသည် ကြက်စားပြင်ရပ်ကွက် တွင်နေထိုင်သည့် အသက် ၅၀ ကျော်အရွယ်ရှိ အမျိုးသားတစ်ဦးဖြစ် ကြောင်း မြို့ခံအချို့ထံမှ သိရသည်။ အဆိုပါအမျိုးသား ပျောက်ဆုံးနေသည်မှာ ၁၀ ရက်ခန့်ရှိပြီဖြစ်ကြောင်း မြို့ခံအချို့က ပြောဆိုသည်။ ပြင်ပဒဏ်ရာမတွေ့သဖြင့် ရေနစ်သေဆုံးခြင်းဖြစ်နိုင်သည်ဟု မြို့ခံအချိုက ပြောဆိုကြသည်။ သို့သော် သေဆုံးခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍မူ သေသေချာချာ […]

ထားဝယ်တွင် သွေးလွန်တုပ်ကွေးကြောင့် ကလေးငယ်နှစ်ဦးထပ်မံသေဆုံး၊ သေဆုံးသူငါးဦးအထိရှိလာ

Dawei Watch

June 7, 2025

ထားဝယ်မြို့တွင် သွေးလွန်တုပ်ကွေးရောဂါကြောင့် ယမန့်နေ့ညတွင် ကလေးနှစ်ဦးထပ်မံသေဆုံးကြောင်း ကျန်းမာရေးဦးစီးဌာနနှင့် နီးစပ်သူများထံမှသိရသည်။ သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသည့် ကလေးနှစ်ဦးမှာ ထားဝယ်မြို့ ၊ ဒေါင်းငူရပ်ကွက်တွင် နေထိုင်သည့် အသက် ၅ နှစ်အရွယ် မိန်းကလေးတစ်ဦးနှင့် ထားဝယ်မြို့၊ မြို့သစ် ၅ လမ်းတွင် နေထိုင်သည့် လေးလသားအရွယ် ယောက်ျားလေးတို့ ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနနှင့် နီးစပ်သူများက ပြောသည်။ ကလေးငယ်နှစ်ဦးစလုံးမှာ ဇွန်လ ၆ ရက်ညတွင် ထားဝယ်ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေစဉ် သေဆုံးခဲ့ကြောင်း ကျန်းမာရေးဦးစီးဌာနနှင့်နီးစပ်သူများက ဆိုသည်။ ထားဝယ်မြို့ရှိ ပြည်သူ့ဆေးရုံနှင့် ပုဂ္ဂလိကဆေးရုံများတွင် သွေးလွန်တုပ်ကွေး‌ရောဂါဖြင့် ဆေးရုံတက်ရောက်ကုသနေသည့် ကလေးလူနာများ မြင့်တက်လျက်ရှိကြောင်း သွေးလွန်တုပ်ကွေးရောဂါဖြင့် ဆေးရုံတက်ရောက်ကုသမှုခံယူခဲ့သည့် ဒေသခံတစ်ဦးက ပြောဆိုသည်။ “သွေးလွန်တုပ်ကွေးလူနာက တစ်ခန်းလုံးအပြည့်ပဲ။ တစ်ယောက် ဆေးရုံကဆင်းရင် နောက်တစ်ယောက် တက်လာလိုက်နဲ့ ကလေးကုသဆောင်မှာ […]

ထိုင်း-မြန်မာနယ်စပ်တွင် အလုံပိတ်ကားပေါ် လိုက်ပါလာသော မြန်မာ ၄၀ ဦး ဖမ်းဆီးခံရ

Dawei Watch

June 7, 2025

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် အလုံပိတ်ကားပေါ် တရားမဝင် လိုက်ပါလာသော မြန်မာနိုင်ငံသား ၄၀ ဦးကို ယနေ့ နံနက်တွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ နံနက် ၆ နာရီခန့်တွင် မြန်မာနိုင်ငံသားများ ကားဖြင့် တရားမဝင် ဝင်ရောက်လာနေကြောင်း သတင်းရရှိသဖြင့် ထိုင်းအာဏာပိုင်များက ထိုးဖားဖမ်းဒေသတွင် စစ်ဆေးရေးဂိတ်ဖွင့်လှစ်၍ စစ်ဆေးနေခြင်းဖြစ်သည်။ ယင်းအချိန် မသင်္ကာစရာ အလုံပိတ်ကားတစ်စီး ရောက်လာသဖြင့် တားဆီးစစ်ဆေးရာ ကားပေါ်တွင် မြန်မာနိုင်ငံသား ၄၀ ဦးနှင့်အတူ ထိုင်းကားသမားတစ်ဦးကို တွေ့ရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံသားများကို စစ်ဆေးစဉ် တရားဝင် ခရီးသွားခွင့် စာရွက်စာတမ်းများ မတွေ့ရကြောင်း သိရသည်။ မြန်မာနိုင်ငံသားများကို နယ်စပ်ကတစ်ဆင့် အမြန်လမ်းမကြီးအတိုင်း ခေါ်ဆောင်လာခြင်းဖြစ်ပြီး ကန်ချနဘူရီမြို့ထဲ ပို့ဆောင်ပေးရမည်ဖြစ်ကာ ပို့ဆောင်ခ ဘတ် ၄၀၀၀ ရရှိခဲ့ကြောင်း ကားသမား၏ […]

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

Dawei Watch

June 6, 2025

ကမ္ဘာတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ မေ ၃၁ ရက်မှ ဇွန် ၆ ရက်အထိ ရုရှားကို လုံးဝထောက်ခံတယ်လို့ မြောက်ကိုးရီးယားဆို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ ရုရှားနိုင်ငံ လုံခြုံရေးကောင်စီ အတွင်းရေးမှူး ဆာရ်ဂေ ရွှိုင်ဂူနဲ့ ပြုံယမ်းမှာ တွေ့ဆုံခဲ့ပြီး ရုရှားကို လုံးဝ ထောက်ခံတယ်လို့ ပြောကြားလိုက်ပါတယ်။ ဇွန် ၄ ရက်နေ့က ကျင်းပခဲ့တဲ့ ကိုရီးယားအလုပ်သမားပါတီ (WPK) ဗဟိုကော်မတီရုံးချုပ် အစည်းအဝေးမှာ ပြောကြားလိုက်တာပါ။ ကင်ဂျုံအန်းက ယူကရိန်းနဲ့ တခြား နိုင်ငံတကာကိစ္စရပ်တွေမှာ ရုရှားရဲ့ ရပ်တည်မှုအတွက် ခြွင်းချက်မရှိ ထောက်ခံတယ်ဆိုပြီး ရုရှားနဲ့တွေ့ဆုံတဲ့အချိန် ဆိုပါတယ်။ ဆွေးနွေးပွဲမှာ နှစ်နိုင်ငံရဲ့ မိတ်ဖက်ဆက်ဆံရေးကို ခိုင်မာအားကောင်းစေရေးနဲ့ ပိုမိုပူးပေါင်းဆောင်ရွက်ရေး ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ […]

လောင်းလုံးတွင် လျှပ်စစ်မီးရက်ရှည်ပြတ်နေသဖြင့် ‌ကျောင်းသူကျောင်းသားများနှင့် ဒေသခံများ အခက်ကြုံ

Dawei Watch

June 6, 2025

လောင်းလုံးမြို့နယ်တွင် လျှပ်စစ်မီးရက်ရှည်ပြတ်နေသည့်အတွက် ကျောင်းသူ၊ ကျောင်းသားများနှင့် ဒေသခံများ အခက်ကြုံနေကြရကြောင်း ကျောင်းသားမိဘများနှင့် ဒေသခံများထံမှ သိရသည်။ မေလ ၃၀ရက်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပြီးနောက် လောင်းလုံးမြို့ နယ်ရှိ ကျေးရွာ ၃၀ နီးပါးသည် လျှစ်စစ်မီး လုံးဝမရရှိ‌တော့ခြင်းဖြစ်သည်။ လက်ရှိတွင် ကျောင်းဖွင့်ချိန်ဖြစ်ရာ လျှပ်စစ်မီးမရသဖြင့် ကျောင်းသူ၊ ကျောင်းသားများ စာကျက်ရန် အခက်အခဲရှိကြောင်း လောင်းလုံးဒေသခံ ကျောင်းသားမိဘတစ်ဦးက ပြောသည်။ “လျှစ်စစ်နဲ့ နေတာကြာလာတော့ ဖယောင်းတိုင်မီးရောင်က လင်းကိုမလင်းတော့ သလိုခံစားရတယ်။ ကျောင်းဖွင့်ချိန် ဆိုတော့ အခု ကလေးတွေက ဖယောင်းတိုင်မီးအလင်းအားနဲ့ စာကြည့်ဖို့ လုံးဝအဆင်မပြေဘူး” ဟု ၎င်းက ဆိုသည်။ ယင်းအပြင် အဝီစိတွင်းတူးထားသည့် လောင်းလုံး ဒေသခံများမှာလည်း လျှစ်စစ်မီးမရသည့်အတွက်ကြောင့် ရေတင်ရန် အခက်အခဲရှိနေပြီး တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ထမင်းဟင်းချက်ရန် […]

အီလွန်မတ်၏ အစိုးရစာချုပ်များကို ဖျက်သိမ်းမည်ဟု ထရမ့်ခြိမ်းခြောက်

Dawei Watch

June 6, 2025

ဘီလျံနာသူဌေးအီလွန်မတ်နှင့် ချုပ်ဆိုထားသည့် အစိုးရစာချုပ်များကို ဖျက်သိမ်းသွားမည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဇွန်လ ၅ ရက်နေ့က ခြိမ်းခြောက်လိုက်သည်။ ထရမ့်အား အမေရိကန်သမ္မတရာထူးမှ ဖြုတ်ချသင့်သည်ဟု အီလွန်မတ်ကလည်း တုံ့ပြန်လိုက်သည်။ ကမ္ဘာ့အာဏာအကြီးဆုံးပုဂ္ဂိုလ်နှင့် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်အကြား မဟာမိတ်ဆက်ဆံရေးရပ်တန့် သွားခဲ့ပြီး ဆိုရှယ်မီဒီယာပေါ်တွင် ပြင်းပြင်းထန်ထန် အပြန်အလှန်တိုက်ခိုက်ကြသည့် အဆင့်သို့ ရောက်လာခဲ့ပြီ ဖြစ်သည်။ ထရမ့်က ၎င်းပိုင်ဆိုင်သည့် Truth Social လူမှုကွန်ရက်မီဒီယာပေါ်မှ တိုက်ခိုက်ကာ အီလွန်မတ်ကလည်း ၎င်းပိုင်ဆိုင်သည့် X လူမှုကွန်ရက်မီဒီယာပေါ်မှ တိုက်ခိုက်လျက် ရှိသည်။ “ကျွန်တော်တို့ အစိုးရဘတ်ဂျက်မှာ ဒေါ်လာဘီလီယံပေါင်းများစွာ အလေအလွင့်မရှိအောင် လုပ်ဖို့ အလွယ်ဆုံးနည်းကတော့ အီလွန်မတ်ရနေတဲ့ အစိုးရအမတော်ကြေးထောက်ပံ့မှုတွေနဲ့ အစိုးရစာချုပ်တွေကို အဆုံးသတ်လိုက်ဖို့ပဲ”ဟု ထရမ့်က Truth Social လူမှုကွန်ရက်ပေါ်တွင် ရေးသားခဲ့သည်။ ယင်းနောက် အစုရှယ်ယာရှင်များက အီလွန်မတ်၏ တက်စ်လာကုမ္ပဏီမှ […]

အိန္ဒိယ – မြန်မာနယ်စပ်တွင် ထိတွေ့တိုက်ပွဲဖြစ်ဟုဆို

Dawei Watch

June 6, 2025

အိန္ဒိယ – မြန်မာ နယ်စပ်တစ်နေရာတွင် အိန္ဒိယလုံခြုံရေးတပ်ဖွဲ့များနှင့် အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုကြား ဇွန်လ ၅ ရက်က ထိတွေ့တိုက်ပွဲ ဖြစ်ပွားကြောင်း အိန္ဒိယအခြေစိုက်သတင်းဌာနနှစ်ခုက ဖော်ပြထားသည်။ အိန္ဒိယစစ်ဘက်အရာရှိများ၏ ပြောကြားချက်ကို ကိုးကား၍ အိန္ဒိယအခြေစိုက် Zee News နှင့် The Hindu တို့က ယနေ့ ဇွန်လ ၆ ရက်တွင် ဖော်ပြသည်။ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာမှာ စစ်ကိုင်းတိုင်းနှင့် ထိစပ်နေသည့် အိန္ဒိယနိုင်ငံ၊ အာရွန်နာချယ်ပရာဒေ့ရှ်ပြည်နယ်၊ လောင်ဒင်းခရိုင်၊ ပွန်ချောင်းမြို့နယ်ခွဲအတွင်း နယ်စပ်အနီး တောအုပ်တစ်နေရာဖြစ်ကြောင်း ဖော်ပြသည်။ အဆိုပါဧရိယာတွင် စစ်ဝတ်စုံဖြင့် အမည်မသိ လက်နက်ကိုင်များလှုပ်ရှားသွားလာနေသည့် သတင်းရသဖြင့် အိန္ဒိယ လုံခြုံရေးတပ်ဖွဲ့များက နယ်မြေရှင်းလင်းရန် ကင်းလှည့်ခဲ့ကြောင်း အိန္ဒိယစစ်တပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုသည်။ ထူထဲသည့် တောအုပ်အတွင်း လက်နက်ကိုင်များ၏ လှုပ်ရှားမှုကို တွေ့ရှိခဲ့ပြီး […]

စစ်ကောင်စီလက်ထက် မြိတ်မြို့တွင် ပိုက်ဆံတောင်းစားသူ ပိုများလာ

Dawei Watch

June 6, 2025

အာဏာသိမ်းပြီး ၄ နှစ်ကျော်လာချိန် မြိတ်မြို့ရှိ လူအသွားအလာများသည့်နေရာများနှင့် လမ်းများတွင် ငွေကြေးတောင်းရမ်းသည့် ကလေးငယ်များနှင့် အလှူခံအဖွဲ့များ ပိုများလာကြောင်း မြို့ခံများထံမှ သိရသည်။ မြိတ်ကမ်းနားလမ်းကဲ့သို့ လူအသွားအလာများသည့် နေရာများတွင် အသက် ၁၀ နှစ်ကျော်အရွယ်ကလေးငယ်များ တောင်းရမ်းမှုနှင့် အကြောင်းအမျိုးမျိုးပြကာ အလှူခံနေသည့် အဖွဲ့များ ပိုများလာကြောင်း မြို့ခံတစ်ဦးက ဆိုသည်။ အာဏာမသိမ်းမီက တောင်းရမ်းသည့်‌ကလေး တစ်ဦးစ နှစ်ဦးစ‌သာ ရှိသော်လည်း လက်ရှိအချိန်တွင် ဆယ်ချီအထိများလာကြောင်း မြို့ခံများက ပြောသည်။ “ကလေးငယ်တွေပိုဆိုးတယ်။ မပေးဘူး မရှိဘူးလို့ပြောရင် အင်္ကျီဆွဲပြီးလျှောက်လိုက်နေတယ်။ မပေးချင်လို့ ပြောတာမဟုတ်ဘူး။ တစ်ယောက်ကိုပေးလိုက်ရင် နောက်လိုက်တွေကပါလာတယ်။ လူကြားသူကြားထဲရောက်ရင် အဲလိုကိစ္စတွေ ခဏခဏကြုံရတယ်။ မြို့ခံတစ်‌ယောက်အနေနဲ့ တော်တော်ရှက်မိတယ်”ဟု ၎င်းကပြောသည်။ ထို့အပြင် လူအသွားအလာများသည့် ဈေးများ၊လှေဆိပ်များနှင့် လက်ဖက်ရည်ဆိုင်များတွင်လည်း တောင်းရမ်းနေသည့်ကလေးငယ်များ ပိုတွေ့လာရကြောင်း အထက်ပါမြို့ခံက […]