တနင်္သာရီတိုင်းတွင် ကျောင်းအပ်သူတစ်သိန်းကိုးသောင်းကျော်ရှိဟုဆို
Dawei Watch
June 4, 2025တနင်္သာရီတိုင်းတွင် ကျောင်းအပ်သူ တစ်သိန်းကိုးသောင်းကျော်ရှိကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၃၄ ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း ၁၉ ကျောင်းတို့တွင် အပ်နှံထားသည့်အရေအတွက်ဖြစ်ကြောင်း အဆိုပါရုံးထံမှ သိရသည်။ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းအပ်သူ နှစ်သိန်းနှစ်သောင်းခန့်ရှိသော်လည်း ယခုပညာသင်နှစ်တွင် ဇွန်လ ၄ ရက် အထိ စာရင်းအရ ကျောင်းအပ်သူ တစ်သိန်းကိုးသောင်းစွန်းစွန်းသာရှိသဖြင့် ပြီးခဲ့သည့်နှစ်ကထက် သုံးသောင်းခန့် လျော့နည်း နေသေးသည်။ “ကျောင်းက အပ်နေကြတုန်းပဲရှိသေးတယ်။ ဇွန်လကုန်အထိ လက်ခံတယ်” ဟု တိုင်းပညာရေးမှူးရုံးက တာဝန်ရှိသူတစ်ဦးက ပြောသည်။ ကိုဗစ်ကာလနှင့် နိုင်ငံရေးအခြေအနေကြောင့် ကျောင်းနားထားသည့် ကလေးများအတွက်ကိုမူ ကျောင်းပြင်ပ ပညာရေး ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း၎င်းက ဆိုသည်။ အာဏာသိမ်းပြီးနောက် နယ်မြေမအေးချမ်းသောကြောင့် နယ်ဒေသတွင် ကျောင်းများမဖွင့်သဖြင့် မြို့ပေါ်ကို မိသားစု အလိုက်ပြောင်းရွှေ့နေထိုင်ကာ အသက် […]


